နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နယူးယောက် ရှိမြန်မာအသိုက်အ၀န်းနှင့်တွေ့ဆုံခြင်း

(၁၇-၉-၂၀၁၆ ရက်နေ့၊ နယူးယောက်မြို့)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နယူးယောက်မြို့ရှိ မြန်မာအသိုက်အ၀န်းနှင့် တွေ့ဆုံမှုကို ဒေသစံတော်ချိန် ၀၉း၀၀ နာရီတွင် 10 East, 77 St. ရှိ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍမြှင့်တင်ရေး၊ လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကဏ္ဍမြှင့်တင်ရေး တို့အား ဦးစားပေးဆောင်ရွက်နေမှု၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး အတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့အပြင် မြန်မာအသိုက်အ၀န်းအနေဖြင့်လည်း တစ်ဦးအပေါ်တစ်ဦးမေတ္တာနှင့် နေထိုင်သွားကြရန်၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအား အလေးထားပြီး မိမိနိုင်ငံအပေါ် သံယောဇဉ်ထားရှိရန်၊ မြန်မာနိုင်ငံအကျိုးအတွက် စေတနာသန့်သန့်ဖြင့် ကူညီကြပါရန် တိုက်တွန်းခဲ့ပါသည်။

ထို့အပြင် မိမိတို့အနေဖြင့် သဘာဝသယံဇာတ အရင်းအမြစ်ကို မှီခိုခြင်းထက် ပြည်သူ၊ ပြည်သားများ၏ လူသားအရင်းမြစ်ကိုမှီခို အလေးထားပါကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

သတင်းဓာတ်ပုံ- မြန်မာအဖွဲ့ရုံး၊ နယူးယောက်မြို့
Ministry of Foreign Affairs Myanmar
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.