လှိုင်သာယာ ဆာကူရာ အထည်ချုပ်စက်ရုံဝင်းရှေ့တွင် အလုပ်သမား ၁ဝဝ ခန့် ယာယီတဲများထိုး၍ ညအိပ်စောင့်ဆိုင်း ဆန္ဒထုတ်ဖော်လျက်ရှိ

ရန်ကုန် စက်တင်ဘာ ၂

လှိုင်သာယာစက်မှုဇုန်(၃) ဦးရွှေအိုးလမ်း ရှိ ဂျပန်နိုင်ငံသားMr. KyoKazu Ito ပိုင်ဆိုင်သော ဆာကူရာအထည်ချုပ် စက်ရုံတွင် ဇူလိုင် ၂၉ ရက်က အလုပ် သမား ၈ဝ မှာ နေ့လယ်ထမင်းစားချိန် အပြီးတွင် လုပ်ငန်းခွင်သို့ ပြန်လည် ဝင် ရောက်ခြင်း မရှိဘဲ ရက်မှန်ကြေး ၃ဝဝဝဝ အားတစ်လ နှစ်ကြိမ်ခွဲပေးရန်၊ ယခင် သတ်မှတ် စံနှုန်းထက်ပို၍ အလုပ်မခိုင်း ရန်တောင်းဆိုသည်မှစ၍ အလုပ်ရှင်၊ အလုပ် သမား ပြဿနာဖြစ်ပွားခဲ့ပြီး သြဂုတ် ၃၁ ရက်တွင် အလုပ်သမား ၃ဝဝ ခန့်မှာ စက်ရုံရှေ့၌ ယာယီတဲများထိုး၍ စုဝေးခဲ့ကာ အလုပ်သမား ၁ဝဝ ခန့်မှာ ညအိပ်စောင့်ဆိုင်းခဲ့သည့်အတွက် ရေဥက္ကံ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အပိုင်နယ် ထိန်းတို့မှ စောင့်ကြပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစက်ရုံတွင် အလုပ်သမား အမျိုးသမီး ၄၈၁ ဦး၊ အမျိုးသား ၅၉ ဦးရှိပြီး ယခင်သတ်မှတ်စံချိန်ထက်ပို၍ အလုပ်ခိုင်းစေခြင်းကြောင့် အလုပ်သမား ၃ဝဝ ခန့်နှင့် ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့မှ တိုင်းဒေသကြီး ခုံ သမာဓိအဖွဲ့သို့ သြဂုတ် ၈ ရက်တွင် လွှဲပြောင်းခဲ့သည်။ သြဂုတ် ၂၆ ရက်တွင် စက်ရုံမန်နေဂျာမှ ''အေးချမ်းစွာ အလုပ်လုပ်နိုင်ရန်အတွက် အလုပ်လုပ် ရန်လာသော အလုပ်သမားများသာ စက်ရုံအတွင်းဝင်ခွင့်ပေးမည်'' ဖြစ် ကြောင်း စက်ရုံရှေ့တွင် စာကပ်ခဲ့သည့် အတွက် ယခင်စံနှုန်းထက်ပို၍ ချုပ်လုပ် နိုင်မှသာ စက်ရုံအတွင်း ဝင်ရောက်ခွင့်ပြု မည်ဟူသော ပြောဆိုချက်ကြောင့် အလုပ်သမား ၁ဝဝ ခန့်မှာညအိပ်စောင့် ဆိုင်းဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၃၁ ရက်တွင် ဆာကူရာ အထည်ချုပ်စက်ရုံအလုပ်ရှင်၊ အလုပ် သမားအငြင်းပွားမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ အလုပ် သမားခေါင်းဆောင်နှင့် အလုပ်သမား ၃၁၆ ဦးအား ၅ ရက်အတွင်း မူလရာထူး၊ မူလလစာနှင့်မူလနေရာ၊ မူလလုပ်သက် အတိုင်း အလုပ်ရှင်မှအလုပ်ပြန်လည် ခန့်ထားရန်၊ အလုပ်သမား ၃၁၆ ဦးက လည်း မူလသတ်မှတ်ထားသည့် စံချိန်အတိုင်း အလုပ်ပြန်လည် လုပ် ကိုင်ကြရန်၊ စံချိန်ပြောင်းလဲသတ် မှတ်ရန်လိုပါက အလုပ်ရှင်၊ အခြေခံ အလုပ်သမားအဖွဲ့အစည်းနှင့် ညှိနှိုင်း ရေးကော် မတီတို့ အကျေအလည် ညှိနှိုင်းပြီး သဘောတူညီချက် ရယူ ဆောင်ရွက်ကြရန်နှင့် ဇူလိုင်၂၉ ရက်မှ စ၍ လုပ်ငန်းခွင်မဝင်သော ကာလများ အတွက် လုပ်ခရလိုကြောင်းတောင်း ဆိုမှုအပေါ် ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၅ ရက်ထိကာလအား သြတသမု သြစပေ သတ်မှတ်ပြီး လုပ်ခပေးရန်မလိုဘဲ စံချိန် နှုန်းသစ်ဖြင့် အလုပ်ဝင်ရန်ကြေညာ သော သြဂုတ် ၆ ရက်မှ ခုံသမာဓိ အဖွဲ့ကဆုံးဖြတ် ချက်ထုတ်ပြန်သည့် သြဂုတ် ၃၁ ရက် ထိကာလအတွက် လုပ် ခလစာပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ညအိပ်စောင့်ဆိုင်းလျက်ရှိ သည့် အလုပ်သမား ၁ဝဝ ခန့်ကို ကျေး ရွာအုပ်ချုပ်ရေးမှူး အဖွဲ့နှင့် အပိုင် နယ်ထိန်းရဲကင်းတို့မှ စောင့်ကြပ်လျက် ရှိကြောင်း သိရသည်။

သန်းထိုက်(လှိုင်သာယာ)
MOI Webportal Myanmar
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.