ငလျင်ကြောင့် ပုဂံဒေသ ယူနက်စကို စာရင်းဝင်ရန် အလွန်နီးစပ်လာဟု ဆို


မြန်မာနိုင်ငံမှ ရှေးဟောင်း မြို့တော် ပုဂံသည် ယူနက်စကို၏ ကမ္ဘာ့ အမွေအနှစ်
စာရင်းဝင်ရန် အလွန်နီးစပ်သည့် အခြေအနေတွင် ရှိကြောင်း ယူနက်စကို
တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ မကြာခင်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ခဲ့သည့် ခရီးသွား လုပ်ငန်း ပြန်လည် ထွန်းကားလာမည်ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၏ အထင်ရှားဆုံး စေတီပုထိုးများ အပါအ၀င် ရှေးဟောင်း
အဆောက်အအုံ နှစ်ထောင် ကျော်ရှိသည့် ပုဂံသည် နိုင်ငံ၏ အဓိက ကမ္ဘာလှည့် ခရီးသည် ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။ ပုဂံအား ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ရန် စစ်အစိုးရ လက်ထက်တွင် ကြိုးစားခဲ့ဖူးသော်လည်း ပြုပြင်မှုများ လက်လွတ်စပယ် ပြုလုပ်ထားသဖြင့် ငြင်းပယ်ခံခဲ့ရသည်။

ပြီးခဲ့သည့် လအတွင်း လှုပတ်ခတ်ခဲ့သည့်
ငလျင်တွင် စစ်အစိုးရခေတ် ပြင်ဆင်မှု အများစု ပြိုပျက်ခဲ့သည်။ ထို့ကြောင့်
ပုဂံစေတီပုထိုးများအား မူလပုံစံအတိုင်း ပြုပြင်ထိန်းသိမ်းရန် အခွင့်အလမ်းသစ်
ရစေပြီး ပုဂံအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ရေး အခွင့်သာစေသည်ဟု ယူနက်စကို တာဝန်ရှိသူက ဆိုသည်။

ယူနက်စကို ရန်ကုန်ရုံး အကြီးအကဲ အူမာအလမ်က ပုဂံအား ၂၀၁၉ တွင် ကမ္ဘာ့ အမွေအနှစ်စာရင်းတွင် ထည့်သွင်းရန် အလွန်နီးစပ်နေသည် ဟု ပြောကြားသည်။ ယင်းက “ကျွမ်းကျင်သူတွေ ကွင်းဆင်း ဆောင်ရွက်နေ ကြပြီး ပုဂံဟာ အလွန်ကောင်းမွန်တဲ့ အခွင့်အရေး ရှိတယ်လို့ သူတို့ ယုံကြည် ထားပါတယ်” ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

အမွေအနှစ် စာရင်းဝင်ရေးအတွက် အချိန်ယူ ဆောင်ရွက် ရသည့် လျှောက်ထားမှု လုပ်ငန်းစဉ်များ ကို လာမည့်နှစ်တွင် စတင်မည်ဖြစ်ပြီး ၂၀၁၉ တွင် စာရင်းဝင် နိုင်ရန် ရည်မှန်းထားသည်။

စစ်အစိုးရခေတ်တွင် ပုဂံရှိ စေတီပုထိုးများအား ခေတ်သစ်ပစ္စည်း ကိရိယာနှင့်
နည်းပညာများ အသုံးပြုပြင်ဆင်ခဲ့သဖြင့် မူလ ဗိသုကာ ဒီဇိုင်းနှင့် ပုံသဏ္ဍာန်များ
ပြောင်းလဲခဲ့ရသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

မစ္စတာ အူမာအလမ်က “သူတို့ (စစ်အစိုးရ) ဟာ အုတ်ခဲတွေ၊ သံချောင်းတွေနဲ့ သာမန်အဆောက်အအုံ တစ်ခု ပြုပြင်သလို လုပ်ခဲ့တာက တကယ့်ကို ပြသ၁နာတစ်ခု ဖြစ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ပုဂံအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး လာမည့်နှစ်တွင် အဆိုပြုလွှာ တင်သွင်းရန် ယူနက်စကိုမှ နိုင်ငံတကာ ကျွမ်းကျင်သူများပါဝင်သည့် အဖွဲ့ တစ်ဖွဲ့က မြန်မာအစိုးရနှင့် ပူးပေါင်း ကူညီဆောင်ရွက်လျက် ရှိသည်။ ပုဂံရှိ ဦးစားပေး အဆောက်အအုံ ၄၁ ခုအား မူလအတိုင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများမှာ ၂ နှစ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။ ပျက်စီးနေသည့် အဆောက်အအုံ ၄၅၃ ခုအား ပြန်လည်ပြုပြင်ခြင်းအတွက် စုစုပေါင်း ဒေါ်လာ ၁၂ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

KHTun
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.