ထိုးကြိတ်ခံရမှုနှင့်ပတ်သက်၍ မဖော်ထုတ်ပါက ဆန္ဒပြပွဲဦးဆောင်သူက ဖြေရှင်းရမည်ဟု ထိုးကြိတ်ခံရသည့်သတင်းထောက် ပြောကြား


မီဒီယာ အားကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူအား မဖော်ထုတ်နိုင်ပါ ဆန္ဒ ပြပွဲ ကိုဦးဆောင် ခဲ့သူက ဒိုင်ခံဖြေ ရှင်းသင့်ကြောင်း ကိုယ်ထိလက်ရောက် ကျူးလွန်ခံခဲ့ရသော သတင်းထောက်မှ စက်တင်ဘာလ ၁၂ရက်နေ့က MJN ရုံးခန်းတွင်ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စက်ဘာလ ၁၁ရက်နေ့  ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပြုလုပ်ခဲ့သော အမျိုးသားရေးထိပါးမှုများကို ကန့် ကွက်ပွဲနှင့် တရားဥပဒေစိုးမိုးရေးတောင်းဆို ဆန္ဒပြပွဲ တွင် ဆန္ဒပြသူအချို့ မှ Myanmar Press Photo Agency ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော် အား ကိုယ်ထိလက်ရောက် ကျူးလွန်ခံခဲ့ရကြောင်းသိရသည်။

“တရားခံအစစ်ကို မဖော်ထုတ်နိုင်ဘူးဆိုရင်လဲ ဆန္ဒပြပွဲမှာ ဦးဆောင်တဲ့သူရှိတယ်၊ ဦးဆောင်တဲ့သူက ဒီဆန္ဒ ပြပွဲ မှာ ဖြစ်တဲ့ ပြသာနာအားလုံးကို သူဒိုင်ခံဖြေရှင်းရမှာပါ ကိစ္စကို အမှန်ဆုံးပဲပေါ်စေချင်ပါတယ် မိသွားတယ် ဆိုရင်လဲ ကျွန်တော် ကတော့ ထောင်ကျစေချင် လို့ တော့မဟုတ်ပါဘူး ဒါပေမဲ့ နောက်ထပ် မီဒီယာ ကိုသွားပြီးခြိမ်းခြောက်လို့ မရအောင်လို့ပါ” ဟု ကိုမြတ်သူကျော်က ပြောကြားခဲ့သည်။

ဆန္ဒပြပွဲကို စက်တင်ဘာလ ၁၁ရက်နေ့  မွန်းလွဲ ၁နာရီခန့် က စတင်ခဲ့ကြောင်း၊ ဗိုလ်စိန်မှန် ဘောလုံးကွင်းမှ တာမွေမြို့ နယ် ဟစ်တိုင်အထိ ကိုဖီအာနန်နှင့် အဖွဲ့ အလိုမရှိ၊ ခိုးဝင်ဘင်ဂါလီများဖော်ထုတ်ရေး နှင့် အခြားအကြာင်းအရာများကို လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရသည်။

“ကျွန်တော် ဘေးနားမှာ အခြားသတင်းထောက်တွေလဲရှိတယ် ကျွန်တော်က သတင်းထောက်အုပ်စုရဲ့ ညာဘက် အစွန်ဆုံးမှာ ပေါ့ ဓာတ်ပုံရိုက်နေတုန်း ယောက်ကျား၊ မိန်းမ ၈ယောက်လောက်ရှိမယ် အရင်ဆုံး ကျွန်တော်ကို တွန်းတယ်၊ ဆဲဆိုတယ်၊ ပြီးတော့ ကျွန်တော့်ကို ၀ိုင်းလိုက်ပြီး အနောက်ကနေထိုးတာ ပါးတချက် ၊ ရင်ညွန့် ၊ ပြီးတော့ ဂုတ်ကို အထိုးခံရတယ် နောက်ကထိုးတဲ့ အတွက်သူတို့ မျက်နှာကို မမှတ်မိနိုင်ဘူး ကင်မရာကိုလဲဆွဲ လုတာ ဖြစ်တဲ့ အတွက်ကြောင့်လဲ ကင်မရာကို မထိခိုက်အောင် ကာကွယ်နေရတယ် နောက်ကနေလှမ်းပြီးအော်လိုက်တယ် သိမ်းကျုံးပြီးဆဲတယ် အဲ့ချိန်မှာ ရဲက ကျွန်တော်ကို ၀ိုင်းထားတဲ့ အထဲကနေ ခေါ်ထုတ်သွားပေးပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

အောင်ကောင်းမြတ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.