၂၀၀၆ မှ ၂၀၁၆ အတွင်း လူကုန်ကူးမှု ၁၃၀၀ ကျော်ရှိပြီး တရုတ်ဇနီးမယားအဖြစ်လက်ထပ်ရန် အဓမ္မစေခိုင်းမှု ၉၀၀ ကျော်ရှိ

Burmese Bride Matching ၀က်ဘ်ဆိုက်မှာ တွေ့ရတဲ့ မြန်မာ သတို့သမီး တဦး

မြန်မာနိုင်ငံ၌ ၂၀၀၆ ခုနှစ်မှ ၂၀၁၆ ခုနှစ် သြဂုတ်လကုန်အထိ ပြည်တွင်း ပြည်ပ လူကုန်ကူးမှုပေါင်း ၁၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ၉၀၀ ကျော်မှာ တရုတ်ပြည်သို့ တရုတ်ဇနီးမယားအဖြစ် လက်ထပ်ရန် အဓမ္မခိုင်းစေမှု ဖြစ်ကြောင်း နေပြည်တော်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီးမင်းနိုင်က စက်တင်ဘာ ၁၀ News Watch သို့ ပြောသည်။

''တရုတ်ပြည်ကို လူကုန်ကူးမှုတွေထဲမှာ အဓမ္မလုပ်အားခိုင်းစေမှုက ၁၀ မှု ကျော်ပဲရှိတယ်။ ကျန်တာက တရုတ်ဇနီးမယားအဖြစ် လက်ထပ်ရန် အဓမ္မခိုင်းစေမှုပါ''ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဆယ်နှစ်တာကာလ အတွင်း လူကုန်ကူးမှု ၁,၂၅၃ မှုဖြစ်ပွား ခဲ့ပြီး တရုတ် ၈၉၀ မှု၊ ပြည်တွင်း ၁၈၁ မှု၊ ထိုင်း ၁၅၄ မှု၊ မလေးရှား ၂၄ မှု၊ အင်ဒိုနီးရှား ၁ မှု၊ စင်ကာပူ ၁ မှု၊ ကာတာ ၁ မှု၊ အမေရိက ၁ မှုတို့ဖြစ်ကြောင်း ရဲမှူးကြီးမင်းနိုင်က ဆက်လက်ပြောသည်။

ထို့ပြင် ၂၀၁၆ ခုနှစ် ဇန်န၀ါရီမှ သြဂုတ်လကုန်အထိ လူကုန်ကူးမှု ၇၈ မှု ထပ်မံဖြစ်ပွားခဲ့ပြီး ၅၆ မှုမှာ တရုတ်ဇနီး မယားအဖြစ် အဓမ္မလက်ထပ်ရန်ခိုင်းစေမှုဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အမည်မဖော် လိုသူ အရာရှိကြီးတဦးက ဆိုသည်။

''တရုတ်ဇနီးမယားအဖြစ် ရောင်းချတဲ့ ဈေးကွက်က မြန်မာတင်မကဘူး အခြားအိမ်နီးချင်းနိုင်ငံတွေမှာလည်းရှိ တယ်။ ဒီနိုင်ငံအနေအထားနဲ့ဆို မြန်မာအမျိုးသမီးတဦးကို သိန်း ၂၀ ကနေ သိန်း ၅၀ အထိပေးပြီး ၀ယ်ယူမှုတွေ ရှိနေတယ်'' ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး စီမံချက်၏ ဒုတိယငါးနှစ်စီမံကိန်း နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ၂၀၁၇-၂၀၂၁ နှစ်ထိ ငါးနှစ်စီမံကိန်းကို ဆက်လက်ရေးဆွဲသွားမည်ဖြစ်ကြောင်း ရဲမှူးကြီးမင်းနိုင်က ဆိုသည်။ ထို့ပြင် ဆယ်နှစ်ကျော်ကာလအတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများအတွက် တရားစွဲဆိုရန် ခွင့်ပြုမိန့်ရထားသည့်အမှုများနှင့် အဓမ္မလက်ထပ်ခိုင်းစေမှု ၈၄၄ မှု၊ ပြည့်တန်ဆာမှု ၂၁၄ မှု၊ အဓမ္မခိုင်းစေမှု ၁၉၇ မှုနှင့် အခြားခိုင်းစေမှု ၄၁ မှုရှိကြောင်း သိရသည်။

မောင်ထက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.