တရုတ်မှ ၀ယ်လိုအားကြောင့် မြန်မာဆင်များကို အစွယ်အတွက်သာမက အရေပြားအတွက်ပါ သတ်ဖြတ်မှု ပိုများလာ


မြန်မာနိုင်ငံမှ ဆင်များမှာ ဆိုးဝါးသော ခြိမ်းခြောက်မှုသစ် ဖြစ်သည့် အရေခွံခွာသူ ဆင်မုဆိုးများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ မြန်မာနိုင်ငံ၏ တောနက်ပိုင်းတွင် ဆင်မုဆိုးများက သတ်ဖြတ်ကာ အရေခွံခွာယူထားခြင်း ခံရသည့် ဆင်သေများကို တွေ့ရှိနေရသည်။

ဆင်သားရေများအား တရုတ်နိုင်ငံတွင် ၀ယ်လိုအား မြင့်တက်နေပြီး တိုင်းရင်းဆေးနှင့် ရတနာပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုကြသည်။ ဗြိတိန်အခြေစိုက် အန်ဂျီအိုတစ်ခုဖြစ်သည့် Elephant Family က ပြုလုပ်ခဲ့သည့် လျှို့ဝှက်စုံစမ်းမှုများအရ မြန်မာနိုင်ငံ၌ ဆင်သားရေ ရောင်းဝယ်မှု မြင့်တက်လာနေကြောင်း တွေ့ရှိခဲ့ပြီး အဖွဲ့က ထိုအခြေအနေများကို ဓာတ်ပုံရိုက်ယူ ဖော်ပြခဲ့သည်။

မြန်မာအစိုးရ၏ စာရင်းများအရ ၂၀၁၃ မှ ၂၀၁၅ အတွင်း ဆင်များ တရားမ၀င် သတ်ဖြတ်ခံရမှု ၂၅ ရာခိုင်နှုန်းခန့် တိုးလာသည်ဟု ဆိုသည်။ မကြာမီက တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဆင်သားရေ ၄၂၀ ကီလိုဂရမ်ခန့် ဖမ်းဆီးရမိခဲ့သည်။ ဆင်သားရေအား တစ်ကီလိုဂရမ်လျှင် ၇၆ ဒေါ်လာခန့်ဖြင့် ရောင်းဝယ်ကြသည်ဟု ဆိုသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဆင်အကောင် ၅၀ ခန့် သတ်ဖြတ် အရေခွံခွာယူခြင်း ခံခဲ့ရသည်ဟု သတင်းရင်းမြစ်အချို့က ဆိုသည်။

အာရှဆင်ကျွမ်းကျင်သူ ဒေါက်တာခိုင်ဦးမာက “ဒီရောင်းဝယ်မှုအပေါ် အလွန်ပဲ စိုးရိမ်မိပါတယ်။ ဒါက ပုံစံသစ် တစ်ခုပါ။ ဖြတ်တောက်ပြီး အခြောက်ခံထားတဲ့ ဆင်သားရေတွေ တွေ့ရမှု များလာနေပါတယ်” ဟု ပြောကြားခဲ့သည်။

KHTun
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.