ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ပြည်နယ်လွှ့တ်တော်က အသိအမှတ်မပြုကြောင်း အဆို အနိုင်ရ

စံမောင်သန်း
နိရဉ္စရာ၊ စက်တင်ဘာ ၁၄

ယနေ့ ကျင်းပနေသော ရခိုင်ပြည်နယ် အရေးပေါ် လွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်အား ရခိုင်ပြည်နယ် လွှတ်တော်မှ အသိအမှတ်မပြုကြောင်း အဆိုကို ကန့်ကွက်သူ မရှိ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောက နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက ဖွဲ့စည်းသော ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်သည် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများ၏ သဘောထား၊ နိုင်ငံသားများ၏ သဘောထားကို ရယူခြင်း မရှိဘဲ ဖွဲ့စည်းထားသော ကော်မရှင် ဖြစ်သဖြင့် ရခိုင်ပြည်နယ် လွှတ်တော် အနေဖြင့် အသိအမှတ် မပြုသင့်ကြောင်း အဆိုကို စက်တင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော်တွင် တင်သွင်းခဲ့သည်။

၎င်းအဆိုအား ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော်တွင် ဆက်လက် ဆွေးနွေးရာ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး၊ ပြည်ခိုင်ဖြိုးပါတီမှ ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မင်းဦးတို့မှ အဆိုအား ထောက်ခံဆွေးနွေး ခဲ့ကြသည်။

ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌမှ အဆိုအား ထောက်ခံဆွေးနွေးသူသာ ရှိပြီး ကန့်ကွက် ဆွေးနွေးမည့်သူ မရှိသဖြင့် စစ်တွေမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇော တင်သွင်းသော အဆိုအား လွှတ်တော်က အတည်ပြုမည်ဖြစ်ကြောင်း ကြေညာရာ ကန့်ကွက်သူ မရှိသဖြင့် အတည်ပြုကြောင်း ကြေညာခဲ့သည်။

ဦးကျော်ဇောဦး တင်သွင်းသော အဆိုနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသလို ရခိုင်ပြည်နယ် အစိုးရအဖွဲ့အားလည်း လွှတ်တော် ဥက္ကဋ္ဌမှ ယခု အဆိုအား အတည်ပြုတော့မည် ဖြစ်ရာ တစ်စုံတစ်ရာ မှတ်ချက်ချ ပြောကြားလိုပါသလားဟု မေးမြန်းရာ တစ်စုံတစ်ဦးမှ ၀င်ရောက် ပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း အဆိုကို ထောက်ခံ ဆွေးနွေးခဲ့သူ ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကျော်ထွီးက နိရဉ္စရာသို့ ပြောကြားသည်။

ယနေ့ ရခိုင်ပြည်နယ် လွှတ်တော်တွင် ယခင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပြုကော်မရှင်အား ရခိုင်ပြည်နယ် လွှတ်တော်က အသိအမှတ် မပြုကြောင်း အဆို အနိုင်ရရှိသွားသည့် အပေါ် NLD ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဦးမင်းအောင်အား ဆက်သွယ်မေးမြန်းရာ အစည်းအဝေးထဲသို့ ရောက်ရှိနေကြောင်း ပြောဆိုပြီး ဖြေဆိုခဲ့ခြင်း မရှိပါ။

ကော်မရှင်အား ပြန်လည် ပြင်ဆင် ဖွဲ့စည်းသင့်ကြောင်း ပြည်သူ့ လွှတ်တော်တွင် တင်သွင်းခဲ့သော အဆို ရှုံးနိမ့်ခဲ့ပြီး ရခိုင် ပြည်နယ်လွှတ်တော်တွင် တက်သွင်းသော အဆိုမှာ အနိုင်ရရှိထားသဖြင့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်နှင့် ပတ်သက်ပြီး တရားဥပဒေကြောင်းအရ အထူးစိတ်ဝင်စားဖွယ်ရာ အခြေအနေ တစ်ရပ်သို့ ရောက်ရှိလာကြောင်း ဥပဒေကျွမ်းကျင်သူများက ပြောကြားသည်။

RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.