နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးစစ်ဆေးခံပြီး အနား ယူနေ

 dassk-un-speech-620.jpg ကုလသမဂ္ဂ အထွေအထွေညီလာခံမှာ စက်တင်ဘာလ ၂၁ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Photo: UN Photo/Cia Pak

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာ မရှိဘဲ အခုချိန်မှာ အနားယူနေတယ်လို့ နိုင်ငံတော်သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာနိုင်ငံက ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ ဆေးစစ်ချက်ခံယူခဲ့တာဖြစ်ပြီး အနားယူဖို့ လိုအပ်တဲ့အတွက် နားနေတာဖြစ်တယ်လို့လည်း ဦးဇော်ဌေး က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ခရီးစဉ်မှာ အစီအစဉ်တွေများလွန်းတာကြောင့် နားချိန်နည်းပါးခဲ့ပြီး ပင်ပန်းနွမ်းနွယ်တာ၊ စားသောက်ချိန်မမှန်တဲ့အတွက် အစာအိမ် ရောင်ရမ်းတာနဲ့ ကွန်ပျုတာ အကြည့်များလို့ အရိုးကျည်းပေါင်းတက်တာတွေ ရှိနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွေကို စက်တင်ဘာ ၁၆ ရက်နေ့က စတင်သွားရောက်ခဲ့ပြီး မနေ့ညက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.