ခိုးကူးခွေပပျောက်ရေး လွှတ်တော်တွင် ဥပဒေပြင်နိုင်ရန်ကြိုးစားမည်ဟု ဦးဇင်ဝိုင်းပြော

ခိုးကူးခွေပပျောက်ရေးအတွက် လွှတ်တော်တွင် ဥပဒေပြင်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ရုပ်ရှင်သရုပ်ဆောင် ဦးဇင်ဝိုင်းက News Watch သို့ ပြောသည်။

စက်တင်ဘာ ၁၄ ရက်က ရုပ်ရှင်၊ သဘင်၊ ဂီတအစည်းအရုံးမှ အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော် ကျန်းမာရေး နှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲတွင် တရားမ၀င်ဆင်ဆာ မဲ့ခိုးကူးဗီဒီယိုခွေ တားဆီးရေးနှင့်ပတ်သက် ၍ အဓိကဆွေးနွေးခဲ့ပြီး အချက်သုံးချက်ဖြင့် ဆောင်ရွက်သွားမည်ဟု သိရသည်။

ပထမအချက်အနေဖြင့် ရက်တရာ စီမံချက်နဲ့ အကောင်အထည်ဖော်နှိမ်နင်းခြင်း ဒုတိယအချက်အနေဖြင့် တရားမ၀င်ဆင်ဆာမဲ့ခိုးကူးခွေများကို နှိမ်နင်းသည့်အဖွဲ့ အမြန်ဆုံးဖွဲ့စည်းခြင်းနှင့် တတိယအချက်အနေဖြင့် လက်ရှိ ၉၆ ဗီဒီယိုနှင့် ရုပ်မြင်သံကြားဥပဒေအတိုင်း ထိရောက်သည့် ပြစ်ဒဏ်ပေးနိုင်ရေးအပြင် ဥပဒေ ပြင်ဆင်ခြင်းနှင့် ထပ်မံဖြည့်စွက်ခြင်းများ ဆောင်ရွက်သွားမည်ဟုသိရသည်။

''ဗီဒီယိုလောကမှာ ခိုးကူးခွေနဲ့ပတ်သက်ပြီး ပျက်စီးသလောက်ဖြစ်နေပြီ။ ဂီတမှာဆို ခိုးကူးခွေတွေကြောင့် စီးရီးခွေအစစ်ကို မထုတ်နိုင်တော့ဘူး။ ထုတ်လုပ်သူဆိုတာလည်း မရှိတော့ဘူး။ သက်ဆိုင်ရာအဆိုရှင်များက မိမိပရိသတ်နဲ့ အဆက်အသွယ်မပြတ်အောင် အရှုံးခံထုတ်ပြီး ခိုးကူးထုတ်တာကို လက်ပိုက်ကြည့်နေရတယ်။ သဘင်ဆိုရင်လည်း ပရိသတ်နဲ့ တိုက်ရိုက်ဖျော်ဖြေရတော့ ခိုးကူးခွေရိုက်ပြီး ထုတ်တဲ့အခါ သူတို့တင်ဆက်မှုကို လူတိုင်းသိနေသလိုဖြစ်ပြီး အခက်အခဲတွေအများကြီး ဖြစ်နေတယ်''ဟု ဦးဇင်ဝိုင်းကပြောသည်။

မြန်မာနိုင်ငံ၏ ဗီဒီယိုလောကတွင် ဆယ်စုနှစ်များစွာကြာ ခိုးကူးခွေဒဏ်အားခံနေရပြီး နိုင်ငံတကာတွင် ၎င်းပြဿနာရှိသော်လည်း ထိရောက်သော ပြစ်ဒဏ်ချမှတ်လေ့ရှိကြောင်း ဥပမာ-အမေရိကန်တွင် သူတပါး၏ မူပိုင်ခွင့်အား အလွဲသုံးစားလုပ်လျှင် ထောင်ဒဏ် ၅ နှစ်နှင့်အထက် ကျခံစေပြီး အမေရိကန်ဒေါ်လာနှစ်သိန်းခွဲ ချမှတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၉၆ ဥပဒေအရ ထောင်ဒဏ်သုံးလ (သို့) ငွေဒဏ် တသိန်းသတ်မှတ်ထားပြီး ၂၀၁၆ ခုနှစ် အတွင်း၌ ထောင်ဒဏ်ကျသူတဦးတယောက်မျှမရှိခဲ့ကြောင်းနှင့် ငွေဒဏ်ဖြင့်သာပြီးခဲ့သောအမှုများရှိသော ကြောင့် ခိုးကူးထုတ်ဝေသူမျာ က သိန်းရာနှင့်ချီဝင်နေသည့်အတွက် တုန်လှုပ်မိကြောင်း ဦးဇင်ဝိုင်းကပြော ကြားသည်။

ကျော်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.