နန်စီဘွန်ဒေသက ရေ မဆေးကျောက်ရှာဖွေသူတွေ ဆန္ဒပြ


နန်စီဘွန်ဒေသက ရေမဆေးကျောက်ရှာဖွေသူတွေ စက်တင်ဘာလ ၂၆ ရက်နေ့က ခန္တီးမြို့မှာ ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Hset Paing Toe/ RFA

စစ်ကိုင်းတိုင်း ခန္တီးခရိုင် နန်စီဘွန်ဒေသက ရေမဆေးကျောက်ရှာဖွေသူတွေကို ကျောက်မျက်ဥပဒေနဲ့ လိုက်လံဖမ်းဆီးနေတာတွေ ရပ်တန့်ပေးဖို့နဲ့ တရားဝင်လုပ်ကိုင်ခွင့်ရရှိဖို့ ရေမဆေးလုပ်သား နှစ်ထောင်က ဒီကနေ့ ခန္တီးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့က နန်စီဘွန်ကျောက်မျက်မှော်တွေကနေ ခန္တီးမြို့ကျောက်မျက်ဦးစီးဌာနကို မှတ်ပုံတင်ဖို့လာတဲ့ ရေမဆေးကျောက်သမား ၇ ဦးကို ခန္တီးလှေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က) နဲ့ တရားစွဲဆိုထားတဲ့ အတွက် ဆန္ဒပြကြတာဖြစ်ပါတယ်။

ခန္တီးမြို့နဲ့ မိုင် ၃၀ ကျော်ဝေးတဲ့ နန်စီဘွန် နဲ့ မကျန်ခ ကျောက်မှော်တွေကနေ ထွက်ရှိလာတဲ့ကျောက်စိမ်းတွေကို ခန္တီးမြို့ကျောက်မျက်ရုံးမှာ ကျောက်သယ်ယူခွင့်ရရှိဖို့ အခွန် ပေးဆောင်ရတာဖြစ်ပါတယ်။ နန်စီဘွန်ဒေသမှာ အခွန်ရုံးမရှိတဲ့အတွက် ခန္တီးမြို့က ကျောက်မျက်ဦးစီးဌာနရုံးမှာ အခွန်ဆောင်ရတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ဖမ်းဆီးထားတဲ့ ရေမဆေးကျောက်သမားတွေကို ပြန်လွှတ်ပေးဖို့၊ ရေမဆေးကျောက်လုပ်သားတွေ ဖမ်းဆီးခံနေရတာကို ဖြေရှင်းပေးဖို့၊ တနိုင်တပိုင် ကျောက်မျက်လုပ်ကိုင်ခွင့်ရရှိဖို့တို့ကို တောင်းဆိုခဲ့ကြပါတယ်။

နန်စီဘွန် နဲ့ မကျန်ခ ကျောက်မှော်ဒေသတွေမှာ မှီခိုလုပ်ကိုင်နေကြတဲ့ ရေမဆေး လုပ်သား တစ်သောင်းခန့်ရှိပြီး ကုမ္ပဏီပေါင်း ၄၀ က ကျောက်စိမ်းတူးဖော်နေကြ တာဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.