မြန်မာနိုင်ငံအပေါ် ထားရှိသော ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်း ဖယ်ရှားပေးတော့မည်



စစ်ဘက်အုပ်စိုးသည့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ခဲ့ခြင်းအတွက် ထိုက်တန်စွာတုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံ အပေါ် ထားရှိသော စီးပွားရေးပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးရန် ပြင်ဆင် ထားပြီး ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ထုတ်ပြန်ကြေညာလိုက်သည်။

ထိုထုတ်ပြန်ကြေညာချက်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် တွေ့ဆုံဆွေးနွေးပြီးနောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

"ဒီကနေ့မှာတော့ ကျွန်တော်တို့နိုင်ငံက မြန်မာနိုင်ငံအပေါ် ထားရှိခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်" ဟု အိုဘားမားက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အောင်မြင်သည့် လူမှုရေး၊ နိုင်ငံရေးအပြောင်းအလဲများကြောင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။

"မြန်မာပြည်သူတွေအတွက် ထိုက်တန်တဲ့ ဆုလာဒ်အနေနဲ့ စီးပွားရေးလုပ်ငန်းဆောင် ရွက်မှု နည်းလမ်းအသစ်ကို မြင်တွေ့နိုင်ဖို့အတွက် ဒါဟာ လုပ်ဆောင်ပေးရမယ့် လုပ်ရပ်အမှန် ဖြစ်ပါတယ်" ဟု ၄င်းက ပြောကြားခဲ့သည်။

မည်သည့်အချိန်တွင် ဆန်ရှင် ရုပ်သိမ်း ဖယ်ရှားပေးမလဲ ဟု သတင်းထောက် တစ်ဦးက မေးမြန်းရာတွင် "မကြာခင်ပါပဲ" ဟု အိုဘားမားက ပြန်လည် ဖြေကြားခဲ့သည်။

[နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ဖြူတော်ခရီးသည် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်း ဖယ်ရှားပေးမည့် သတင်းကောင်းကို မြန်မာပြည်သူများအတွက် ဆောင်ကြဉ်းနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း ဖြည့်စွက် ဖော်ပြအပ်ပါသည်။]

ဆန်ရှင်အကြောင်း ရှင်းလင်းချက် ။
-------------------------------------------
အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံအပေါ် ထားရှိသော ပိတ်ဆို့အရေးယူမှုများမှာ ဥပဒေ (၅)ခု၊ သမ္မတအုပ်ချုပ်ရေးအမိန့် (၆)ခုတို့ဖြင့် ဆောင်ရွက်ထားခြင်း ဖြစ်သည်။

ဥပဒေများကို ဖယ်ဖျက်နိုင်ရန် ကွန်ဂရက်မှ ကွန်ဂရက်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပြီး သမ္မတအုပ်ချုပ်ရေးအမိန့်များမှာလည်း ထိုဥပဒေများနှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် ဆန်ရှင်ဖယ်ရှားရေးအတွက် အချိန်အနည်းယူရန် လိုအပ်ခြင်းကြောင့် "မကြာခင်" ဟု သမ္မတအိုဘားမားက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဥပဒေ (၅)ခုမှာ အောက်ပါအတိုင်း ဖြစ်သည်-

(၁) Burma Freedom and Democracy Act of 2003, PL 108-61 (50 U.S.C. § 1701 note)(as originally enacted, without subsequent amendments, including by the JADE Act)

(၂) International Emergency Economic Powers Act (IEEPA), 50 U.S.C. §§ 1701-1706

(၃) National Emergencies Act (NEA), 50 U.S.C. §§ 1601-1651

(၄) Section 570 of the Foreign Operations, Export Financing, and Related Programs Appropriations Act, 1997, PL 104-208, §§ 570

(၅) Tom Lantos Block Burmese Jade (Junta's Anti-Democratic Efforts) Act Of 2008, PL 110-286 (50 U.S.C. § 1701 note)

သမ္မတအုပ်ချုပ်ရေးအမိန့် (၆)ခုမှာ အောက်ပါအတိုင်း ဖြစ်သည်-

(၁) 13651 - Prohibiting Certain Imports of Burmese Jadeite and Rubies (Effective Date - August 7, 2013)

(၂) 13619 Executive Order Blocking Property of Persons Threatening the Peace, Security, or Stability Of Burma (Effective Date - July 11, 2012)

(၃) 13464 Blocking Property And Prohibiting Certain Transactions Related To Burma (Effective Date - May 1, 2008)

(၄) 13448 Blocking Property and Prohibiting Certain Transactions Related to Burma (Effective Date - October 19, 2007)

(၅) 13310 Blocking Property of the Government of Burma and Prohibiting Certain Transactions (Effective Date - July 29, 2003)

(၆) 13047 Prohibiting New Investment in Burma (Effective Date - May 21, 1997)
--------------------------------------------------------
Obama to lift sanctions on Myanmar

September 14, 2016 - 01:00 PM EDT

President Obama announced Wednesday he’s prepared to lift economic sanctions on Myanmar, rewarding the former military dictatorship for its move toward democracy.

The president made the announcement after meeting with the country’s de facto leader, Aung San Suu Kyi, in the Oval Office.

Obama said he is “now prepared to lift sanctions that we have imposed,” pointing to a “remarkable social and political transformation” in Myanmar.

“It is the right thing to do to ensure that the people of Burma see rewards for a new way of doing business,” he said, sitting beside Suu Kyi. The military junta in Myanmar changed the country's name from Burma in 1989.

Asked by a reporter when sanctions will be lifted, Obama replied, “soon.”

The White House announced Wednesday it restored trade benefits for the country that were suspended under President George H.W. Bush.

The administration relaxed bank sanctions on Myanmar in May.

This report was updated at 1:17 p.m.

Myanmar State Counsellor Office
https://www.facebook.com/state.counsellor


Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.