အမေ့ကိုယုံကြည်တယ်

ဘင်္ဂါလီပြဿနာကိုအဖြေရှာဖို့ ကော်မရှင်ဖွဲ့တဲ့အခါ ကိုဖီအာနန်အပါအ၀င် နိုင်ငံခြားသားသုံးဦး ထည့်သွင်းခဲ့ခြင်းကို ဝေဖန်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ကြတယ်။ ရခိုင်အကြောင်း မြန်မာပြည် အကြောင်း ဘာမှရေရေရာရာမသိဘဲ ဘယ်လိုလုပ်မှာလဲ ဒို့ပြည်တွင်းရေးကို နိုင်ငံခြားသားဝင်ရောက်စွက်ဖက်ခွင့်ပြုတာတို့၊ အချုပ်အခြာအာဏာ ထိပါးတာတို့ မျိုးစုံပြောကြတယ်။ ပြောသူတွေအများစုကိုကြည့်ရင်လည်း တဖက်ပိတ်တွေဖြစ်နေတယ်။ ကော်မရှင်ဖွဲ့ပေးသူရဲ့ ပညာကိုလည်း နားမလည်၊ လာပြီးကူညီသူတွေရဲ့ စေတနာနဲ့ ဂုဏ်သိက္ခာကိုလည်း မလေးစား၊ ကိုယ်ဖြစ်ချင်တာတခုတည်းသိပြီး မျက်မမြင်ပုဏ္ဏားခြောက်ယောက်လို ထင်ရာမြင်ရာတွေ လျှောက်ပြောနေသူတွေကို အံသြမိတယ်။

ဒီလို ပြောကြေးဆို အခုငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ပုဂံဘုရားတွေကို ပြန်လည်ပြုပြင်ဖို့ နိုင်ငံခြားသားတွေကို ဘာလို့အကူအညီတောင်းရတာလဲ။ ဘာကြောင့် ကိုယ့်ပြည်တွင်းက လူတွေနဲ့မလုပ်ရတာလဲ။ အဲဒီယူနက်စကို တို့ ဘာတို့ဆိုတာ ဒီပုဂံဘုရားဘယ်သူတွေကတည်ခဲ့လဲဆိုတာတောင် သိချင်မှသိလိမ့်မယ်။ ဒီတော့ ဒီပုဂံဘုရားတွေကိုဘယ်သူတွေက ဘယ်အချိန်မှာ ဘယ်လိုတည်ခဲ့တယ်ဆိုတာသိတဲ့ ကိုယ့်ပြည်တွင်းက လူတွေနဲ့ပဲ မပြုပြင်ရတာလဲ။ ဘာကြောင့် ပြည်တွင်းရေးစစ်စစ်ကြီးကို နိုင်ငံခြားက အဖွဲ့အစည်းတွေ လူတွေကိုအားကိုးရတာလဲ။ အဖြေကရှင်းရှင်းလေးပါ။ မြန်မာတွေမတတ်လို့ပါ။ ရှေးဟောင်းအမွေအနှစ်တွေကို ဘယ်လိုထိန်းသိမ်းရတယ်။ ဘယ်လိုပြုပြင်ရတယ်ဆိုတာ သူတို့သိသလို မသိလို့ပါ။ တတ်ယောင်ကားလုပ်ပြီး ကော်ပိုက်တွေဘာတွေသုံးပြီး ပန်းရန်ဆရာတွေကို ပြင်ခိုင်းရင်လည်းရတော့ ရပါတယ်။ ဒါပေမဲ့ သမိုင်းတန်ဖိုးတွေ ရေရှည်တည့်တံ့ရေးဘက်ကကြည့်ရင် ပြင်တာမဟုတ်ဘဲ ဖျက်ဆီးနေတာပါ။ ဒီအတိုင်းပါပဲ။ မြန်မာပြည်ပြဿနာမှန်သမျှကို မြန်မာတွေပဲ ဖြေရှင်းရမယ်ဆိုတဲ့ အယူအဆက တခါတလေမှန်ပေမယ့် အမြဲတမ်းမမှန်ပါဘူး။ မြန်မာတွေဖြေရှင်းလို့ရတဲ့ကိစ္စတွေရှိသလို မြန်မာတွေမဖြေရှင်းနိုင်တဲ့ ပြဿနာဆိုတာလည်း ရှိပါတယ်။ အခုဘင်္ဂါလီပြဿနာမှာ ခေတ်အဆက်ဆက်က ပြဿနာဖြေရှင်းပုံမမှန်လို့ ကမ္ဘာ့အလယ်မှာ မြန်မာဟာ နာလည်း နာသေး၊ နံလည်းနံသေး ဖြစ်နေရတယ်။ ကိုယ့်အမှားတွေကိုတဖက်က ကောင်းကောင်း အသုံးချနေတယ်။ ဘင်္ဂါလီပြဿနာကို ဆတ်ဆတ်ထိ မခံဖြစ်လေ တဖက်က ကမ္ဘာကြီးကို လိမ်ညာဖို့ကောင်းလေလေ ဖြစ်နေတယ်။ အခုခေါင်းဆောင်က ဘင်္ဂါလီတွေရဲ့သရုပ်မှန်အစစ်ကို ကမ္ဘာကို ချပြဖို့လုပ်နေတယ်။ သူတို့ မုသားတွေကို ဖော်ထုတ်တော့မယ်။ ဒီလိုအချိန်မှာ ကိုဖီအာနန်လို ပုဂ္ဂိုလ်မျိုးဟာ မလွဲမသွေလိုအပ်တယ်။ သူတို့ပြော စကားကိုလည်း ကမ္ဘာကြီးက လက်ခံလိမ့်မယ်။ ဒီနေရာမှာသူတို့က ဘင်္ဂါလီတွေဘက်က ဘက်လိုက်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းရှိတယ်။ ဖြေစရာကတော့ တခွန်းပဲရှိတယ်။ အမေစုကဘက်လိုက်တတ်တဲ့ လူမျိုးကိုအသုံးပြုမှာ မဟုတ်ဘူး။

ဒီလောက်ကြီးမားတဲ့ ပြဿနာကို ကိုင်တွယ်ဖို့ သူလွယ်လွယ်မလုပ်ဘူး။ ဒီပြဿနာကိုကိုင်တွယ်ပုံမှားခဲ့ရင် နိုင်ငံရေးပါသေသွားနိုင် တယ်ဆိုတာ အမေစုကောင်းကောင်းသိပါတယ်။ အဖက်ဖက်က သေချာစဉ်းစားပြီးမှ အကောင်းဆုံးဆုံးဖြတ်ခဲ့တာလို့ ယုံကြည်တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဒီထက်ကောင်းတဲ့ နည်းလမ်းမရှိဘူး။ အမေစုလုပ်ရပ်တွေ မှားခဲ့ပြီ။ မြန်မာပြည်သူတွေကို နစ်နာစေခဲ့ပြီ။ သူရွေးချယ်ခဲ့တဲ့သူက သမာသမတ်မရှိဘဲ ဘင်္ဂါလီဘက်ကိုလိုက်ခဲ့ပြီဆိုတာ သက်သေပြနိုင်တဲ့နေ့ ရောက်ပြီဆိုမှ အားရပါးရဝေဖန်ကြပါ။ အခုတော့သူတို့လုပ်ရပ်တွေကိုစောင့်ကြည့်ကြပါ။ ဘာမှမလုပ်ရသေးခင် အပြစ်တွေချည်းပဲမြင်နေတာတော့ လုံးဝမသင့်တော်ဘူး။ ပြည်တွင်းငြိမ်းချမ်းရေး၊ မြစ်ဆုံစီမံကိန်း၊ ဘင်္ဂါလီပြဿနာစတဲ့ မြန်မာပြည်ရဲ့အရေးအကြီးဆုံးဧရာမပြဿနာကြီးတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်တဲ့သူဟာ မြန်မာပြည်မှာ အမေစုမှတပါး အခြားမရှိပါဘူး။ ကျွန်တော်ကတော့ အမေစုကိုထာဝရယုံကြည်တယ်။

Ton Ton
(မှတ်ချက်-News Watch ဂျာနယ် အတွဲ ၁၁ အမှတ် ၂၂ ပါ “ကြိုက်တာရေး ကြိုက်လျှင်ဖော်ပြမည်ကဏ္ဍ”၌ ရွေးချယ်ဖော်ပြခြင်းခံရသော စာစုဖြစ်သည်။)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.