မြင်းရိုင်းကောင်ရေ လေးသောင်းခွဲကို သုတ်သင်ဖယ်ရှားရန် အမေရိကန်အစိုးရ ဆုံးဖြတ်


ကျွဲ၊ နွားတိရစ္ဆာန်မွေးမြူရေးခြံများ တည်ဆောက်ရန်အတွက် အမေရိကန်ပြည်ထောင်စုတွင် မြင်းရိုင်း အကောင်ရေ ၄၅၀၀၀ ကို သုတ်သင်ပစ်မည်ဖြစ်ကြောင်း အမေရိကန်မြေယာစီမံခန့်ခွဲရေး ဗျူရို BLM ၏ အမျိုးသားမြင်းရိုင်းနှင့် မြည်းငယ်များအကြံပေးဘုတ်အဖွဲ့က ဆုံးဖြတ်ချက်ချခဲ့သည်။ တိရစ္ဆာန်မွေးမြူရေးခြံကြီး များ တည်ဆောက်ရန်အတွက် ယခုကဲ့သို့ မြင်းရိုင်းများ သုတ်သင်ခြင်းသည် အမေရိကန်သမိုင်းတွင် အကြီးမား ဆုံး မြင်းသုတ်သင်ရှင်းလင်းပွဲဖြစ်ပြီး အခွန်ထမ်းပြည်သူများကလည်း ကုန်ကျစရိတ်ကို ပေးဆောင်ကြရတော့ မည်။ ယင်းမြင်းရိုင်းများသည် အစိုးရက ဦးပိုင်လုပ်ကိုင်လျက်ရှိသော စားကျက်မြေများတွင် ထိန်းသိမ်းထားရှိ သော မြင်းများဖြစ်သည်။

''လက်ရှိ စားကျက်မြေပေါ်မှာရှိတဲ့ မြင်းရိုင်း ၄၅၀၀၀ ကို ဖျက်ဆီးပစ်ဖို့ BLM ရဲ့ ဆုံးဖြတ်ချက်ဟာ သူတို့အပေါ် စောင့်ရှောက်ထားတဲ့တာဝန်ကို လုံးဝစွန့်လွှတ်လိုက်တဲ့သဘောပါပဲ။ BLM ဟာ ဒီလိုသတ်ဖြတ်ပစ် မယ့်အစား အကြင်နာနဲ့ မျိုးပွားမှုထိန်းချုပ်ရေးကိစ္စကို လျစ်လျူရှုခဲ့တယ်''ဟု အမေရိကန်ပြည်ထောင်စု၏ ကြင်နာသက်ညှာပေးမှုအဖွဲ့အစည်းတခုမှ စီနီယာဒုတိယဥက္ကဋ္ဌ မစ္စဟိုလီဟာဇတ်က ပြောကြားဝေဖန်ခဲ့သည်။

အဆိုပါ မြင်းရိုင်းများကို BLM အဖွဲ့ပိုင် မြင်းဇောင်းများတွင် ထိန်းသိမ်းထားသည်။ သို့သော်လည်း မြင်းကောင် ရေမှာ အဆမတန်တိုးပွားနေသည့် ပြဿနာကြုံတွေ့နေရ၍ BLM က ၎င်းတို့ကို ညင်သာစွာ ဇီဝိန်ချုပ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ တောရိုင်းများအတွင်း မြင်းရိုင်းကောင်ရေ ၅၀၀၀၀ နီးပါးခန့်ရှိပြီး မြင်းရိုင်းအသေးစား ၂၇၀,၀၀၀ ကို ၁၉၇၁ ခုနှစ်ကတည်းကပင် ဖယ်ရှားခဲ့ပြီးဖြစ်သည်။ ဤကဲ့သို့ မြင်းရိုင်းများကို အစုလိုက်၊ အပြုံလိုက်သုတ်သင်မှုမပြုလုပ်ရန် အမေရိကန်လူမှုအဖွဲ့အစည်းများက တောင်းဆိုထားကြသည်။ သို့သော်လည်း အဆိုပါမြင်းရိုင်းများကို BLM က ရှင်းလင်းသုတ်သင်ရန် အဖွဲ့ကဆုံးဖြတ်ပြီး လက်တွေ့ သုတ်သင်မှုပြုလုပ်သည်။ သို့မဟုတ် မည်ကဲ့သို့ သုတ်သင်သည်ဆိုသည့်ကိစ္စများကိုမူ ရှင်းလင်းစွာ မသိရ သေးချေ။

Ref;The Telegraph
ထွဋ်ဝင်းထွဋ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.