" လူမှုကွန်ရက်ပေါ်က တော်လှန်ရေးတွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ဖို့ ကြိုးစားနေရတဲ့ အစိုးရတွေ "

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇ဝဝ လောက်ကတော့ ထိုင်းနိုင်ငံကို စိုးစံတဲ့ ဘုရင်ကြီးတစ်ပါးဟာ မတရားမှုပြုခံနေရသူတွေ အချိန်မရွေးလာထိုးနိုင်တဲ့ ခေါင်းလောင်းကြီး တစ်ခုကို သူ့နန်းတော်အဝင်ဝမှာ ချိတ်ဆွဲ ထားခဲ့ဖူးသတဲ့။ ကနေ့ခေတ်မှာတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်ဟာ ပြည်သူတွေအနေနဲ့ ပြောစရာရှိ တာတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ လာပြောကြပါလို့ ဖိတ်ခေါ်ထားသတဲ့။

သြဂုတ်လ စောစောပိုင်းတုန်းကတော့ ဗီယက်နမ်ဝန်ကြီးချုပ်ဟာ အစည်အဝေးတစ်ခုကိုအသွားမှာ ရပ်ထားတဲ့ ဇိမ်ခံတက္ကစီကားတွေပုံကို သူ့ facebook မှာ တင်လိုက်မိတယ်။ သူတင်ရခြင်းအကြောင်းရင်းကတော့ ဗီယက်နမ်မှာ ဟောသလို ဇိမ်ခံတက္ကစီတွေကို စင်းလုံးငှားစီးလို့ရတယ်ဆိုတာကိုပြချင်တာရယ်၊ ခရီးသွား လုပ်ငန်းတိုးတက်စေဖို့ရယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုးရိုးသားသားပဲ တင်လိုက်တာဖြစ်တယ်။ သို့ပေမယ့် အဲဒီတက္ကစီတွေဟာ လမ်းသွားလမ်းလာတွေအတွက်သာ သတ် မှတ်ထားပြီး မော်တော်ယာဉ် ဝင်ခွင့်မပြုတဲ့ နေရာမှာ ရပ်ထားတာတွေဖြစ်နေလေတော့ကာ facebook မှာ ပွဲတွေဆူကုန်တာကြောင့် ဝန်ကြီးချုပ်ကိုယ်တိုင်က ပြည်သူတွေကို တောင်းပန်လိုက်ရပါရောလား။

၂ဝ၁၄ ခုနှစ် နှောင်းပိုင်းတုန်းကလည်း အင်ဒိုနီးရှားသမ္မတ ဆူဆီလို ဘမ်းဘန်ဟာ မြို့တော်ဝန်တွေနဲ့ ပြည်နယ်အုပ် ချုပ်ရေးမှူးတွေကို ဆန္ဒမဲပေးရာမှာ ပြည် သူတွေရဲ့အခွင့်အရေးဆိုင်တဲ့ စည်းမျဉ်းဥပ ဒေတွေကို ပြန်ပြီး ပြဋ္ဌာန်းပေးခဲ့ရပါတယ်။ အဲဒီ စည်းမျဉ်းဥပဒေတွေကို လွန်ခဲ့တဲ့လကတည်းက လွှတ်တော်မှာ ပယ်ဖျက် ခဲ့ပြီးဖြစ်ပေမယ့် အွန်လိုင်း လူမှုကွန်ရက်တွေပေါ်မှာ ပြည်သူအများအပြားက ပြန်ပြီးတောင်းဆိုကြတာကြောင့်ပါပဲ။ ၂ဝ၁၂ ခုနှစ်နှောင်းပိုင်းတုန်းကလည်း အိန္ဒိယနိုင်ငံ နယူးဒေလီမှာ အမျိုးသမီးငယ်တစ်ယောက်ကို အုပ်စုနဲ့ ဝိုင်းမုဒိမ်းကျင့်ကြတဲ့ကိစ္စမှာ ပြည်သူတွေဟာ facebook နဲ့ Twitter ကနေ သူတို့ရဲ့ ပုဂ္ဂလိကဆန္ဒတွေကို ဖော်ထုတ်ရေးသားလာကြပြီး အဲဒီကနေ တစ်ဆင့်လမ်းပေါ်ထွက် ဆန္ဒပြတာတွေ ဆုတောင်းပွဲလုပ်တာတွေ ဖြစ်လာကြပါ တယ်။ အဲသလိုဖြစ်လာတာတွေကြောင့် နောက်လအနည်းငယ်ကြာတဲ့အခါ အန္ဒိယ ပါလီမန်ကနေ အဲဒီလိုမုဒိမ်းမှုတွေနဲ့ပတ်သက်လို့ လက်ရှိပြစ်ဒဏ်တွေထက်ပိုပြင်း ထန်တဲ့ တစ်သက်တစ်ကျွန်း အပြစ်ဒဏ် တွေပေးတဲ့ ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းလိုက် ရပါတော့တယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ လူမှုကွန်ရက်တွေဟာ နောက်ဆုံးမတော့ အနိုင်ရသွားပါတယ်ဆိုတဲ့ သတင်းတွေလည်း ပလူပျံအောင်ထွက် ပေါ်ခဲ့ပါတော့တယ်။

လူမှုကွန်ရက်ပေါ်က တော်လှန်ရေး တွေဟာ အသစ်အဆန်းတွေရယ်တော့ မဟုတ်ကြပေမယ့် တဖြည်းဖြည်းစုစည်းပြီး မုန်တိုင်းတစ်ခုလို ဖြစ်လာပါပြီ။ လူမှုကွန် ရက်တွေဟာ အွန်လိုင်းမှာရှိတဲ့ ဈေးဝယ် တဲ့စနစ်တွေ၊ အီးမေးလ်တွေ၊ စားသောက် ဆိုင်တွေ အဲသလိုဟာတွေနဲ့ လုံးဝကိုမတူပါဘူး။ လူမှုကွန်ရက်တွေမှာ သတင်းအ ချက်အလက်တွေဟာ အင်မတန်ပျံ့နှံ့မှု မြန်ဆန်သလို၊ ထပ်ဆင့်မှတ်ချက်တွေ ဖြည့်စွက်ချက်တွေပဲ ပေးလို့အင်မတန်လွယ်ပါတယ်။ လူမှုကွန်ရက်ကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေဟာ အားလုံးအကောင်းတွေ ချည်းပဲ မဟုတ်ပြန်ပါဘူး။ အစိုးရတွေအတွက်လည်း ထောက်ခံမှုတွေရှိသလို ခြိမ်းခြောက်မှုတွေလည်း ရှိနေပြန်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ၂ဝ၁၁ ခုနှစ်တုန်းက အင်တာနက်အသုံးပြုသူဦး ရေဟာ တိုင်းပြည်လူဦးရေရဲ့ တစ်ရာခိုင် နှုန်းထက်တောင်နည်းရာကနေကနေ့ ၂ဝ၁၆ မှာတော့ တိုင်းပြည်လူဦးရေရဲ့ ၂ဝ ရာခိုင်နှုန်းဟာ အင်တာနက်အသုံးပြုနေ ကြပါပြီ။

င်္facebook ဟာ မြန်မာနိုင်ငံမှာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ကြသတင်းအချက်အလက်မျှဝေကြတဲ့ လူမှု ကွန်ရက်တစ်ခုဖြစ်နေပါပြီ''လို့ မြန်မာနိုင်ငံ မှာ အခရာကျတဲ့ သတင်းအချက်လက်နည်းပညာဆိုင်ရာကုမ္ပဏီတွေထဲက တစ်ခု ဖြစ်တဲ့ 'ဖန်တီးရာ'က မဟာဗျူဟာဆိုင်ရာ ဦးဆောင်သူ ဆာရာအိုက ပြောပါတယ်။ facebook ကို အဲဒီလိုအသုံးပြုကြတဲ့ နှုန်းကို အသေအချာပြောဖို့ကတော့ မလွယ်လှဘူး'' လို့လည်း သူကပြောပါသေးတယ်။ မြန်မာနိုင်ငံဟာ ရုတ်ချည်းလွတ်လပ် ပွင့်လင်းလာတဲ့အခါမှာ ပြည်ပသတင်းဌာန တွေကို သတင်းရင်းမြစ်တွေရယ်လို့ အား မကိုးကြတော့ပါဘူး။ လက်ကိုင်ဖုန်းတွေကိုလည်း ဈေးပေါပေါနဲ့ဝယ်ကိုင်လာနိုင်ကြ တာကြောင့် facebook ကနေတစ်ဆင့် သတင်းမျှဝေတာဟာ တစ်ဟုန်ထိုးခေတ် စားလာပါတယ်။ ဒါပေမယ့် တစ်ဖက်ကလည်း လူမှု ကွန်ရက်ကို အသုံးပြုပြီး မဟုတ်မမှန်သတင်းလွှင့်တဲ့နှုန်းတွေက မြင့်တက်လာနေ ပြန်ပါတယ်။ အိန္ဒိယမှာ ၂ဝ၁၅ ခုနှစ်အတွင်း လေ့လာချက်စစ်တမ်းတစ်ခုအရ လူမှုကွန်ရက်ကနေ မတော်တရော်လုပ်တာတွေဟာ ၁၅၆ ရာခိုင်နှုန်းတောင် မြင့် တက်လာတယ်လို့သိရပါတယ်။

facebook APP ရဲ့အားသာမှုနဲ့ သုံးရလွယ်ကူမှု စွဲလမ်းစရာကောင်းမှုတွေ ကြောင့် မြန်မာနိုင်ငံမှာ အင်တာနက်သုံးတယ်ဆိုတာဟာ facebook သုံးတာလိုလို ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ကာ မြန်မာနိုင်ငံသားအများစုဟာ ဖုန်းကနေပဲ အင်တာနက်အသုံးများကြတာကြောင့်ပါပဲ''လို့ ကိုကိုးနတ်မီဒီယာက ဘိုင်ရွန် ပယ် ရီက ပြောပါတယ်။ ကိုကိုးနတ်မီဒီယာဟာဆိုရင် အရှေ့တောင်အာရှနိုင်ငံ ၈ နိုင်ငံနဲ့ ဟောင်ကောင်တို့မှာ သတင်းဝက်ဘ်ဆိုက်တွေ ဖွင့်ထားပြီးဖြစ်တဲ့ မီဒီယာတစ်ခုဖြစ်ပါတယ်။ ပြီးတော့ကာ facebook ဟာ မြန်မာနိုင်ငံမှာ အမုန်းစကားဖြန့်ချိတဲ့ ကိရိယာ တစ်ခုလည်းဖြစ်နေပြန်ပါတယ်။ အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်တဲ့ အမုန်းစကားတွေဟာ facebook ကနေပဲ မြန်မာနိုင်ငံမှာ ပျံ့နှံ့နေကြတာ ဖြစ်ပါတယ်။ ''အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ကစုံစမ်းဖို့လိုအပ်ပါတယ်''လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဖီလ်ရောဘတ်ဆန်က ပြောပါတယ်။

ဂိုဏ်းဂဏဆိုင်ရာ အဖွဲ့အစည်းဆိုင်ရာ အုပ်စုဖွဲ့ပြီး တုံ့ပြန်ဆန့်ကျင်ကြရာမှာလည်း facebook ဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာရှိနေပြန်ပါတယ်။ ဆန့်ကျင် ဆန္ဒပြတာတဲ့ ပို့စ်တွေ၊ အဖွဲ့အစည်းတွေကို တိုက်ခိုက်တဲ့ ပို့စ်တွေနဲ့ ပုဂ္ဂလိက လွပ်လပ်ခွင့်ကို ထိပါးနှောင့်ယှက်တဲ့ ပို့စ်တွေဟာ facebook ကနေတစ်ဆင့် လူထု ကြားကို လျင်မြန်စွာပျံ့နှံ့လို့နေပါတယ်။ သတင်းစာမျက်နှာတွေလို့ဆိုကြတဲ့ facebook စာမျက်နှာတွေမှာ သတင်းတွေနဲ့ ပုံတွေဆက်တိုက်တက်နေပေမယ့် အဲဒီ သတင်းတွေဟာ မူရင်းအင်တာနက် ဝက်ဘ်ဆိုက်နဲ့ ချိတ်ဆက်မှုရှိမနေကြတာ များပါတယ်။ မြန်မာနိုင်ငံရဲ့ လူမှုကွန်ရက်အခြေအနေနဲ့ပတ်သက်လို့ ကျွမ်းကျင်သူ ပညာရှင်တွေ သုံးသပ်ကြတာကတော့ ''အင်တာနက်ကနေ ထိုးဖောက်နှောင့် ယှက်မှုနှုန်းမြင့်မားလာနေတဲ့ အခြေအနေဟာ ပုလင်းထဲကထွက်လာတဲ့ မကောင်း ဆိုးရွားမိစ္ဆာကို ပုလင်းထဲပြန်ထည့်ဖို့ အင်မတန်ခဲယဉ်းတဲ့အခြေကို ဆိုက်လာလိမ့်မယ်''လို့ဆိုကြတာပါပဲ။

ကနေ့ကမ္ဘာသစ်ကြီးရဲ့ အစိုးရတွေဟာလည်း လေထဲမှာ ကောက်ရိုးမျှင်တွေ ကိုလိုက်ဖမ်းဆုပ်သလို ဖြစ်နေကြပါတယ်။ ပြစ်မှုကျုးလွန်တဲ့သူနဲ့ ဖမ်းဆီးနိုင်တဲ့သူ အ ရေအတွက်ကို အချိုးချလိုက်ရင် ကွာဟ ချက်အင်မတန်များနေပါတယ်။ ခက်တာ ကလည်း လူမှုကွန်ရက်အသုံးပြုသူ တစ်ဝက်နီးပါးဟာ အယုံလွယ်နေကြတာကြောင့်လည်း ပါပါတယ်။ ဗီယက်နမ်မှာဆိုရင် လူ ဦးရေ ၉၄ သန်းရှိတဲ့အနက် ၃၅ သန်းဟာ လူမှုကွန်ရက်ကရသမျှသတင်းတွေကို သံ သယကင်းစွာနဲ့ လက်ခံယုံကြည်ကြတယ်လို့ ဆိုပါတယ်။ facebook က စာမျက်နှာတွေဟာ ပရိသတ်တွေကို အထူးဆွဲဆောင်နေကြပြီး Like လုပ်ကြတာတွေ ထပ်ဆင့် Share ကြတာတွေ များသည်ထက်များအောင်လည်း ဆွဲဆောင်မှုရှိနေကြပါသေးတယ်။ လူမှုကွန်ရက်ကိုသုံးတာ အသားကျနေပြီ ဖြစ်တဲ့ အနောက်နိုင်ငံတွေမှာတော့ လူမှုကွန်ရက်ရဲ့ အကျိုးသက်ရောက်မှုတွေ လျော့နေပြီဖြစ်ပေမယ့် အရှေ့တောင်အာရှ နိုင်ငံတွေမှာတော့ လူမှုကွန်ရက်တွေဟာ သရဖူဆောင်းနေဆဲပါပဲ။ ဒါကြောင့်မို့လို့လည်း အွန်လိုင်းလူမှု ကွန်ရက်ပေါ်က တော်လှန်ရေးတွေကို အရှေ့တောင်အာရှနိုင်ငံအစိုးရတွေဟာ နိုင်နိုင်နင်းနင်း ကိုင်တွယ်ထိမ်းသိမ်းနိုင်ဖို့ ကြိုး စားနေရဆဲဖြစ်ဟန်တူပါတယ်။

ရန်မျိုးအောင်
ref: Southeast Asian governments struggle to cope with the online social revolution
Popular News Journal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.