တိုက်ပွဲသတင်းယူရင်းကျည်သင့်ခဲ့သူ မြန်မာ့ဂုဏ်ရည်ဆုရှင် သတင်းထောက်လဖိုင်နော်မိန်းကွယ်လွန်

တပ်မတော်နှင့် ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းရယူရင်း တပ်မတော်ဘက်မှ ပစ်ခတ်သည့် ကျည်ဆံထိမှန်ခဲ့သူနှင့် ၂၀၁၂ ခုနစ် မြန်မာ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းမှာ စက်တင်ဘာလ ၂၃ ည ၁၀ နာရီက မိုင်ဂျာယန်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

လဖိုင်နော်မိန်းမှာ ၂၀၁၂ ခုနစ် ဇန်န၀ါရီလက တိုက်ပွဲသတင်းရယူရင်း ကျောရိုးတွင် ကျည်ဆံထိမှန်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲပြင်းထန်သည့်အတွက် ချက်ခြင်း ဆေးရုံမသွားနိုင်ခဲ့ကာ ကတုတ်ကျင်းတွင် အချိန်အတန်ကြာနေခဲ့ရပါသည်။ ဆေးရုံရောက်ချိန်တွင် ကျည်ဆံမှာ သူ၏ အာရုံကြောစနစ်ကို ပျက်စီးစေခဲ့သည့်အတွက် ခန္ဓာကိုယ်အနေဖြင့် လှုပ်ရှားနိုင်မှု မရှိတော့ပဲ၂၀၁၂ ခုနစ်မှစ၍ ၂၀၁၆ ခုနစ်အထိ အိပ်ယာထဲတွင်သာ နေနေခဲ့ရသည်ဟု ကချင်တိုင်းရင်းသား သတင်းထောက်ဟောင်း တစ်ဦးဖြစ်သူ လဖိုင်ဇမ်းမြတ်က ပြောသည်။

' ၀မ်းနည်းစရာကောင်းပါတယ်။ ဆရာကြီးက Kachin Land News သတင်းဌာန တည်ထောင်သူတွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်တယ်။ မီဒီယာတွေ သိပ်မလွတ်လပ်သေးခင်ကာလကတည်းက တိုက်ပွဲသတင်းတွေ တင်ဆက်နေခဲ့သူဖြစ်တယ်။ ' ဟု လဖိုင်ဇမ်းမြတ်က ပြောသည်။

လဖိုင်နော်မိန်းမှာ မြန်မာပြည်သူများအကြားထင်ရှားသူ မဟုတ်သော်လည်း သူ၏ စွန့်စွန့်စားစား ပဋိပက္ခနှင့် တိုက်ပွဲများအကြား သတင်းရယူတင်ဆက်မှုများကြောင့် Citizen of Burma Award ၂၀၁၂ ကို ပြည်သူများ၏ မဲပေးရွေးချယ်မှုဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

လဖိုင်နော်မိန်းမှာ ၂၀၁၁ ခုနစ်အတွင်းက ကချင်ရွာသားများကို တပ်မတော်မှ သတ်ဖြတ်မှု၊ အိမ်များဖြိုဖျက်ခံရမှု သတင်းများနှင့် ပတ်သက်ပြီး ဗီဒီယိုဖြင့် မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့သူလည်း ဖြစ်သည်ဟု အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်း၏ One Year Of Kachin War ဆောင်းပါးတွင် ထည့်သွင်းဖော်ပြခြင်း ခံထားရသူလည်းဖြစ်သည်။
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.