မူးယစ်ဆေးဝါးရောင်းသူသုံးစွဲသူဘယ်သူ့ကိုမှ ချမ်းသာမပေးတဲ့ဖိလစ်ပိုင်သမ္မတရဲ့ မူးယစ်ဆန့်ကျင်ရေးတိုက်ပွဲ

ဟိုရှူဝါဆိုတဲ့ လူငယ်လေးဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရဲ့ ဆင်းရဲသားရပ်ကွက်က လူငယ်လေးတယောက်ပါ။ သူဟာ သူနေထိုင်တဲ့ ဒေသက ရာဇ၀တ်မှုဆန့်ကျင်ရေးအဖ...

ဟိုရှူဝါဆိုတဲ့ လူငယ်လေးဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရဲ့ ဆင်းရဲသားရပ်ကွက်က လူငယ်လေးတယောက်ပါ။ သူဟာ သူနေထိုင်တဲ့ ဒေသက ရာဇ၀တ်မှုဆန့်ကျင်ရေးအဖွဲ့တွေကိုလည်း စေတနာ့ဝန်ထမ်း ကူညီပေး နေသူဖြစ်ပါတယ်။ ကောလိပ်တက်နေတဲ့ ကျောင်းသားလေး ဟိုရှူဝါဟာ သူ့ရဲ့အစ်မနဲ့ ယောက်ဖအိမ်မှာ နေထိုင်ရတယ်။ နောက်ပိုင်း အိမ်ကကျဉ်းတဲ့အတွက် သူ့ရဲ့သူငယ်ချင်းတယောက်အိမ်မှာ သွားနေတယ်။ ဇူလိုင်လတညမှာတော့ ရဲတွေက သူ့သူငယ်ချင်းအိမ်ဝင်ရှာ ကြတယ်။ ဟိုရှူဝါနဲ့ သူ့ရဲ့သူငယ်ချင်း နှစ်ယောက်ဟာ လက်နက်စွဲပြီး တိုက်ခိုက်ဖို့ပြင်ကြတယ်လို့ ရဲက ပြောတယ်။

အိမ်နီးချင်း အိမ်တအိမ်က အသိသက်သေအမျိုးသမီးသုံးယောက်ကပြောတော့ ဟိုရှူဝါနဲ့ သူ့သူငယ်ချင်း နှစ်ယောက်ဟာ ရဲတွေရောက်လာ ချိန်မှာ အိပ်ပျော်နေကြတာပါလို့ပြောတယ်။ ဟိုရှူဝါတို့ ငှားနေတဲ့အိမ်ရဲ့ အိမ်ရှင်ဖြစ်သူကတော့ ခိုးဆိုးနှိုက်စတဲ့ ပြစ်မှုလေးတွေ ကျူးလွန်တဲ့ ဂိုဏ်းဝင်တဦးပါ။ သူကတော့ ရဲတွေဆီမှာ အဖမ်းခံပြီး လူငယ်လေး သုံးယောက်ဟာ ဘာအပြစ်မှကျူးလွန်တဲ့သူတွေ မဟုတ်ပါဘူးလို့ ရဲတွေကို တောင်းပန်ပြောပြတယ်။ ဒီဖြစ်ရပ်ကိုကြည့်နေကြတဲ့ အိမ်နီးချင်းက လူတွေကို ရဲတွေကသေနတ်နဲ့ချိန်ပြီး မောင်းထုတ်တယ်လို့ မျက်မြင်သက်သေတွေက ပြောခဲ့ပါတယ်။ အိပ်ပျော်နေတဲ့ လူငယ်သုံးယောက်ကို ရဲက ခြေထောက်နဲ့ကန်ပြီးနှိုးခဲ့တယ်။ လူငယ်လေးတွေကလည်း ရဲတွေကိုတွေ့တော့ အညံ့ခံခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီနောက် သေနတ်သံတွေကြားခဲ့ရပြီး လူငယ်သုံးယောက်စလုံး အသတ်ခံခဲ့ရတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လုံခြုံရေးကင်မရာပေါ်က မြင်ကွင်းတွေပြဖို့ ဒေသဆိုင်ရာအန်ဂျီအိုအဖွဲ့တွေက တောင်းဆိုကြတဲ့အခါမှာ ကင်မရာပျက်နေတယ်လို့ အဖြေရခဲ့ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးဥက္ကဋ္ဌကလည်း သူခရီးထွက်နေတဲ့အတွက် ရဲတွေဝင်စီးတာ မသိလိုက်ပါဘူးလို့ ပြောတယ်။ ဒါကတော့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေလက်ထက် ဖိလစ်ပိုင်နိုင်ငံရဲ့ ဘ၀အခြေအနေပဲဖြစ်ပါတယ်။

သမ္မတရွေးကောက်ပွဲဝင်ပြိုင်တုန်းကလည်း သူကသမ္မတဖြစ်ပြီး ခြောက်လအတွင်းမှာ ရာဇ၀တ်မှုတွေ အပြတ်ရှင်းမယ်၊ မသင်္ကာတဲ့ပြစ်မှုကျူးလွန်သူ ၁၀၀,၀၀၀ ကို သုတ်သင်ပစ်ရစေကာမူ သုတ်သင်မယ်လို့ ကြုံးဝါးခဲ့တယ်။ ရဲတွေတာဝန်ထမ်းဆောင်ချိန်မှာ လူ ၁၀၀၀ ကို သတ်ဖြတ်မိခဲ့ရင်တောင် ဒီရဲတွေကို သူအကာအကွယ်ပေးမယ်လို့ သမ္မတတာဝန် စတင်ထမ်းဆောင်တဲ့နေ့မှာ ဒူတာတေက ပြောခဲ့ပါတယ်။

သမ္မတဒူတာတေရဲ့လက်ထက်မှာ မူးယစ်ဆေးဝါးအရောင်းအ၀ယ်နဲ့ပတ်သက်လို့ သင်္ကာမကင်း ဖြစ်ခံရတဲ့လူတွေအတွက် အသက်ကိုဖက်နဲ့ထုပ်ထားရမလို ဖြစ်နေတယ်။ မေလ ၁၀ ရက်နေ့ (သမ္မတဒူတာတေ သမ္မတအဖြစ် အနိုင်ရပြီးတဲ့နောက်ပိုင်း)နဲ့ သြဂုတ်လ ၅ ရက်နေ့အတွင်းမှာ မူးယစ်ဆေးဝါးနဲ့ သင်္ကာမကင်း ဖြစ်ခံရသူပေါင်း ၉၄၃ ယောက် အသတ်ခံခဲ့ရပြီး အများစုဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့သတ်ဖြတ်မှုကိုခံခဲ့ရတာ ဖြစ်တယ်လို့ ABS.CBN ဖိလစ်ပိုင်အသံလွှင့်ဌာနတခုက ခန့်မှန်းခဲ့ပါတယ်။ တချို့လူသတ်မှုတွေကတော့ လက်သည်မပေါ်ခဲ့ပါဘူး။ အသတ်ခံရသူအများစုဟာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဖြစ်ကြပြီး မူးယစ်ဆေး ၀ါးသုံးစွဲသူတွေကိုလည်း ပစ်မှတ်ထားခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံထုတ် အင်ကွိုင်ရာသတင်းစာက ဖော်ပြခဲ့တယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ သင်္ကာမကင်းသံသယဖြစ်ခံရသူတွေဟာ ဘယ်တော့မှ တရားရုံးတင် စစ်ဆေးခံရတယ်ဆိုတာ မရှိခဲ့ဘူး။ သက်သေအထောက်အထားဆိုတာလည်း မရှိခဲ့ဘူး။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး မသင်္ကာတဲ့သူတွေရဲ့စာရင်းကို ရဲတပ်ဖွဲ့က ရပ်ကွက်နဲ့ ခရိုင်အုပ်ချုပ်ရေးအရာရှိတွေကို ပေးတယ်။ သက်ဆိုင်ရာအရာရှိတွေက ဒီစာရင်းအရ သံသယရှိတဲ့သူတွေကို အုပ်ချုပ်ရေးရုံးမှာ လာပြီးအညံ့ခံဖို့ အမိန့်ထုတ်တယ်။ ပြီးတော့သူတို့ကို ပြုပြင်ပြောင်းလဲဖို့သတိပေးတယ်။ မပြင်ရင် အဖမ်းခံရမယ်။ ဒါမှမဟုတ် အသတ်ခံရမယ်လို့ သတိပေးတယ်။ ပြုပြင်ပြောင်းပါမယ်လို့ ကတိပေးတဲ့သူတွေကိုတော့ စွန့်လွှတ်ကြောင်း တရားဝင်စာထုတ်ပေးတယ်။ ဒီလိုဝန်ခံကတိပြုခဲ့တဲ့သူပေါင်း ၁၂၅,၀၀၀ လောက်ရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း သမ္မတဒူတာတေက ဖိလစ်ပိုင်မှာ မူးယစ်ဆေးစွဲနေတဲ့လူပေါင်းသုံးသန်းကျော် လေးသန်းလောက်ရှိနေတယ်လို့ ပြောပါတယ်။

သမ္မတဒူတာတေဟာ သူ့ရဲ့မှုခင်းနှိမ်နင်းရေးစစ်ပွဲကို သာမန်ပြည်သူတွေကြားမှာသာမကဘူး။ သူ့ရဲ့အုပ်ချုပ် ရေးအာဏာပိုင်အသိုင်း အ၀ိုင်းအထိ တိုးချဲ့ခဲ့တယ်။ သြဂုတ်လ ၇ ရက်နေ့မှာ သမ္မတဒူတာတေက မူးယစ်ဆေး ၀ါးကိစ္စနဲ့ပတ်သက်နေတဲ့ အရာရှိ ၁၅၀ ကျော်ရဲ့စာရင်းကို လူသိရှင်ကြားထုတ်ဖော်ကြေညာခဲ့တယ်။ ဒီအထဲမှာ တရားသူကြီးတွေ၊ နိုင်ငံရေးသမားတွေနဲ့ အထက်တန်းစစ်ဘက်နဲ့ ရဲဘက်အရာရှိကြီးတွေရဲ့ နာမည်တွေ ပါဝင်ပါတယ်။ ဒီစာရင်းပါတဲ့သူတွေ ၂၄ နာရီအတွင်း အဖမ်းခံဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့လည်း သူထုတ်ပြန်ခဲ့တဲ့စာရင်းထဲမှာ ကွယ်လွန်သွားတဲ့အရာရှိတွေ၊ အငြိမ်းစားသို့မဟုတ် ထုတ်ပယ်ခံထားရတဲ့ အရာရှိတွေရဲ့နာမည်တွေလည်း ပါဝင်နေပြီး ဖိလစ်ပိုင်တရားသူကြီးချုပ်နဲ့ အခြားသောနိုင်ငံရေးသမား အချို့ရဲ့ မကျေမနပ်ကန့်ကွက်ကြတဲ့ အသံတွေထွက်ပေါ်ခဲ့တယ်။ ဒါပေမဲ့ သမ္မတကတော့ မကျေနပ်ရင် မာရှယ်လော ကြေညာလိုက်မယ်လို့ ခြိမ်းခြောက်ပြီးတုံ့ပြန်ခဲ့တယ်။ တကယ်တော့ ဖိလစ်ပိုင်သမ္မတဒူတာတေဟာ အရင်တုန်း က သမ္မတတွေလို သမားရိုးကျနိုင်ငံရေးသမားတယောက် မဟုတ်တာသေချာပါတယ်။ ''ပြောရိုးပြောစဉ်အတိုင်း ပြောဖို့ဆိုတာ ကျုပ်ပါးစပ်နဲ့ဘာမှမဆိုင်ဘူး''လို့ သမ္မတဒူတာတေက ပြောခဲ့ဖူးတယ်။ ဒါပေမဲ့လည်း အခုလို တရားရေးဘောင်ကိုကျော်ပြီး သတ်ဖြတ်သုတ်သင်မှုတွေ ဆက်လက်ဖြစ်ပွားနေရင် ဖိလစ်ပိုင်မှာ တရားဥပဒေ စိုးမိုးမှု ထိခိုက်နိုင်ပါတယ်။

ထွဋ်ဝင်းထွဋ်
Ref:The Economist
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

COMMENTS

Name

art,1,article,1280,cartoon variety,21,crime,50,culture,1,documentary,7,Entertainment,4,health,27,history,1,international,6418,interview,206,Live,8,LocalNews,14084,news,2842,opinion,750,photos,202,poem,114,satires,38,song,12,speech,12,sports,127,statement,58,technic,42,translate,32,video,1057,voice,74,
ltr
item
dawnmanhon: မူးယစ်ဆေးဝါးရောင်းသူသုံးစွဲသူဘယ်သူ့ကိုမှ ချမ်းသာမပေးတဲ့ဖိလစ်ပိုင်သမ္မတရဲ့ မူးယစ်ဆန့်ကျင်ရေးတိုက်ပွဲ
မူးယစ်ဆေးဝါးရောင်းသူသုံးစွဲသူဘယ်သူ့ကိုမှ ချမ်းသာမပေးတဲ့ဖိလစ်ပိုင်သမ္မတရဲ့ မူးယစ်ဆန့်ကျင်ရေးတိုက်ပွဲ
https://4.bp.blogspot.com/-iFXn4U0ccps/V95wEX4s9TI/AAAAAAAAZOQ/SgxKGPOsaLo67jyCS1MLoQEYQ9qhJ_dDwCLcB/s640/q1.jpg
https://4.bp.blogspot.com/-iFXn4U0ccps/V95wEX4s9TI/AAAAAAAAZOQ/SgxKGPOsaLo67jyCS1MLoQEYQ9qhJ_dDwCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/09/blog-post_780.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/09/blog-post_780.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy