ဟီလာရီကို နယူးယောက်တိုင်းမ်စ်နဲ့ အယ်လ် အေ တိုင်းမ်စ် သတင်းစာတွေက ထောက်ခံလိုက်ပြီ


(အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် အဖြစ် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က နေပြည်တော်လေဆိပ်ကို ဆိုက်ရောက်လာစဉ်)
Photo: AFP


သြဇာကြီးမားတဲ့ New York Times နယူးယောက် တိုင်းမ်စ် နဲ့ L A Times အယ်လ် အေ တိုင်းမ်စ် သတင်းစာအယ်ဒီတာအဖွဲ့တွေက လာမယ့် နိုဝင်ဘာ ၈ ရက်ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဟီလာရီကလင်တန်ဟာ အမေရိကန်သမ္မတဖြစ်သင့်ကြောင်း စနေနေ့ မနေ့က ထောက်ခံလိုက်ပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီဟာ နိုင်ငံရေးအတွေ့အကြုံနဲ့ လက်တွေ့ကျတဲ့ အတွေးအခေါ် ရှိသူဖြစ်ပြီး ရီပတ်ဘလီကင်ပါတီ သမ္မတလောင်း ဒေါ်နယ်လ် ထရမ့်ကတော့ ခိုင်ခိုင်မာမာ စီမံကိန်း တစ်ခုတလေမှ ချပြနိုင်သူမဟုတ်တဲ့အတွက် သူတို့ ၂ ယောက်ကို ချိန်ခွင်ထိုးဖို့ မလိုတော့ဘူးလို့ နယူးယောက်တိုင်းမ် အယ်ဒီတာအဖွဲ့ကပြောပါတယ်။

လော့စ်အိန်ဂျယ်လစ် တိုင်းမ်စ် သတင်းစာကလည်း ဒေါ်နယ် ထရမ့်ဟာ အမေရိကန်လူထုနဲ့ ကင်းကွာပြီး ရွေးချယ်ခံအုပ်ချုပ်ရေး အတွေ့အကြုံမရှိကြောင်း ဟီလာရီ ကလင်တန်ကတော့ အစိုးရအုပ်ချုပ်ရေး ယန္ဒယားနဲ့ ကျွမ်းဝင်ပြီး သမ္မတ ရာထူးအတွက် နှစ်ပေါင်းများစွာ စနစ်တကျ လေ့ကျင့်ပျိုးထောင်ခဲ့သူဖြစ်ကြောင်း ပြောပါတယ်။

တနင်္ဂနွေနေ့ညမှာ သမ္မတလောင်း ၂ ဦး ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲပြုလုပ်ဖို့ ရှိနေစဉ်အတွင်း အခုလို နာမည်ကျော် အမေရိကန် သတင်းစာ ၂ စောင်ရဲ့ ထုတ်ပြန်ချက်တွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.