နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကုလမှာ နှစ်နိုင်ငံဆွေးနွေးမှုတွေပြုလုပ်


ဒိန်းမတ်နိုင်ငံ ၀န်ကြီးချုပ် Lars Løkke Rasmussenနှင့် မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကိုတက်ဖို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂဌာနချုပ်မှာ မက္ကဆီကိုသမ္မတ Enrique Peña Nieto ၊ ဒိန်းမတ်နိုင်ငံ ၀န်ကြီးချုပ် Lars Løkke Rasmussen ၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ ညွှန်ကြားရေးမှူးချုပ် Irina Bokova တို့နဲ့ စက်တင်ဘာလ ၁၉ ရက်၊ တနင်္လာနေ့ မနက်ပိုင်းက သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ သတင်း ထုတ်ပြန်ခြင်း မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့က ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ကျင်းပတဲံ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေအရေး နိုင်ငံတကာခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ တက်ရောက် အမှာစကား ပြောကြားဖို့ ရှိပေမယ့်လည်း မပြောဖြစ်သေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကမ္ဘာ့ ခေါင်းဆောင်တွေကို တည်ခင်း ဧည့်ခံတဲ့ နေ့လည်စာစားပွဲကို တက်ရောက်မှာ ဖြစ်ပြီး ညနေပိုင်းမှာတော့ အမေရိကန်သမ္မတ Barack Obama က ကမ္ဘာ့ခေါင်းဆောင်တွေကို တည်ခင်း ဧည့်ခံတဲ့ ညစာစားပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းမှာတော့ နယူးယောက်မြို့မှာရှိတဲ့ Asia Society Policy Institute မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ အနာဂတ်အကြောင်း မိန့်ခွန်း ပြောကြားဖို့ ရှိပါတယ်။

ဗြိတိန်နိုင်ငံကတဆင့် အမေရိကန်နိုင်ငံကို စက်တင်ဘာလ ၁၃ ရက်နေ့ နှောင်းပိုင်းမှာ ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၀ါရှင်တန် ဒီစီမြို့တော်မှာ သမ္မတ Barack Obama ၊ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နယူးယောက်မြို့ကို ခရီးဆက်သွားတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့၊ စနေနေ့ကတော့ နယူးယောက်မြို့မှာရှိတဲ့ မြန်မာအသိုင်းဝိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.