
ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦး ကို ဇူလိုင်လ ၃၁
ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်မှာ ကျင်းပတဲ့
မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောပွဲမှာ တွေ့ရစဉ်
Photo: Kyaw Myo Min/ RFA
အဲဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ နဲ့ အစိုးရတပ်မတော်တို့ ဒီကနေ့ မိုင်းနောင်ကျေးရွာအနီးက သစ်တောကြိုးဝိုင်းကို သွားရောက်စစ်ဆေးချိန်မှာ တရားမဝင် သစ်တွေနဲ့အတူ လူတစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးက ပြောပါတယ်။
လတ်တလောမှာ မူးယစ်ဆေးဝါးတွေ၊ လက်နက်တွေ၊ သစ်ခွဲစက်တွေနဲ့အတူ တရားမဝင် သစ်ခွဲသား တန် ၃၀ နီးပါးကို ဖမ်းဆီးရမိထားပြီး လုံးတုံးကျေးရွာရဲစခန်းမှာ မူးယစ်ဆေးဝါးမှု၊ လက်နက်မှု စတဲ့ ပုဒ်မ ၃ ခု နဲ့ အမှုဖွင့်ထားပါတယ်။ အဲဒီအမှုနဲ့ဆက်နွယ်ပြီး တစ်ဦးကိုသာ ဖမ်းမိပြီး အယောက် ၂၀ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ထွက်ပြေးနေသူတွေဟာ မိုင်းနောင်၊ နန့်မွန်း၊ ခုနှစ်မိုင် စတဲ့ ကျေးရွာတွေကဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။
အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာ နယ်မြေမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး နဲ့ တရားမဝင်သစ် တွေအပါအဝင် မှောင်ခိုလုပ်ငန်း တွေကို လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
RFA
COMMENTS