“ သံသယကင်းတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သမိုင်းမှန်တွေဖေါ်ထုတ်ပါ ”

၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ ဆိုရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ မတရားမှု့ကိုတွန်းလှန်ခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ ကမ္ဘာသိရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးကို စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်းဦးဆောင်တဲ့ စစ်အာဏာရှင်တွေက ငြိမ်းချမ်းစွာကိုယ့်အခွင့်အရေးကိုယ်တောင်းဆိုနေတဲ့ပြည်သူတွေ ကို လက်နက်နဲ့ သွေးချောင်းစီးသတ်ဖြတ် အကြမ်းဖက်နှိမ်နင်းပြီး အလိုမတူဘဲအာဏာသိမ်းယူခဲ့တာ (၂၈) နှစ်တင်းတင်းပြည့်သွားခဲ့ပါပြီ။

အဲ့ဒီတုံးက တလကျော်ကြာမြင့်ခဲ့တဲ့လူထုဆန္ဒပြပွဲတွေကနေ ပြည်သူတွေငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြတာက တပါတီအာဏာရှင်စနစ်မလိုချင်ဘူး။ ဒီမိုကရေစီနဲ့ လူ့ ဂုဏ်သိက္ခာနဲ့ ညီတဲ့လူ့ အခွင့်အရေးရရှိဖို့ ပါဘဲ။ တကယ်တမ်းသာ တိုင်းပြည်ကိုစေတနာရှိပြီး ပြည်သူလူထုဆန္ဒကိုလေးစားခဲ့ရင် သပိတ်တပ်ပေါင်းစုက လူထုခေါင်းဆောင်တွေနဲ့ လာရောက်ညှိုနှိုင်းပြီး ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာမယ်၊ နိုင်ငံရေးကိစ္စကို နိုင်ငံရေး နည်းနဲ့ အဖြေရှာဖို့ ကျိုးပမ်းခဲ့မယ်ဆိုရင် အပြစ်မဲ့ပြည်သူတွေ ထောင်ချီသောင်းချီအသက်ဆုံးပါးခဲ့ရမှာ မဟုတ်သလို အခုလို လူသန်းပေါင်းများစွာရဲ့ ဘ၀တွေလည်း အဖျက်အဆီးခံခဲ့ရမှာ မဟုတ်ပါဘူး။

ဦးနေ၀င်း၊ ဦးစိန်လွင်တို့ လို ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းကထဲက ပြည်သူနဲ့ ကျောင်းသားတွေကို သတ်ဖြတ်ပြီး လက်ယဉ်နေခဲ့တဲ့ စစ်အာဏာရှင်တွေဟာ သူတို့ ရဲ့သွေးစွန်းနေတဲ့သမိုင်းကြောင်းတွေကို ထပ်မံဖုံးကွယ်ဖို့ မထူးဇါတ်ခင်းတဲ့နေရာမှာ တပ်မတော်ကိုအသုံးချခဲ့ကြတာပါဘဲ။ ချောက်ကမ်းပါးထဲကျဖို့  လက်တလုံးအလိုရောက်နေတာမို့ သမိုင်းပေးတာဝန်အရတပ်မတော်ကတိုင်းပြည်ကို ကယ်တင်ဖို့ လိုတယ် ဆိုတဲ့အကြောင်းပြချက်တွေ၊ မြို့တွင်းမှာ ကွန်မြူနစ်တွေရောက်နေပြီ စတဲ့ခြောက်လုံးတွေနဲ့  တပ်မတော်နဲ့ ပြည်သူတချို့ကိုနားယောင်အောင် ၀ါဒဖြန့် ခဲ့ကြပါတယ်။ တပ်မတော်ထဲမှာ တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးတဲ့ စစ်ဗိုလ်စစ်သားတွေအမြောက်အများကျန်နေပေမဲ့လည်း နီးရာဓါးကြောက်ရတာက တကြောင်း၊ အမိန့် နာခံမှု့နဲ့ လှုပ်ရှားတဲ့အဖွဲ့အစည်းဖြစ်တာမို့ သမိုင်းဆိုးကိုအတူရေးထိုး သလိုဖြစ်ခဲ့တာပါဘဲ။

အဲ့ဒီလို အကြမ်းဖက် သွေးထွက်သံယို အာဏာသိမ်းခြင်းရဲ့ အကျိုးဆက်ကတော့ အများသိကြတဲ့အတိုင်း စစ်ဗိုလ်ချုပ်လူနည်းစုအချို့နဲ့ ကျင့်ဝတ်မရှိတဲ့ဝိသမစီးပွားရေးအပေါင်းအပါအသိုင်းအ၀ိုင်းတချို့သကျိကျိတက် ချမ်းသာလို့ ပြည်သူလူထုကတော့မချိမဆန့် ဆင်းရဲပြီး တိုင်းပြည်လည်း တောပြုန်းတောင်ပြုန်း၊ သယံဇာတတွေပြုန်းပြီး ကဏ္ဍပေါင်းစုံမှာနိမ့်ကျ ကျန်ရစ်ခဲ့တော့တာဘဲမဟုတ်လား။

အခုလို စစ်အာဏာသိမ်းတာ နှစ်ပေါင်း ၂၈ နှစ်ကြာအပြီး ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ခံရတဲ့ အရပ်သားအစိုးရတက်လာချိန်မှာတောင် အဲ့ဒီတုံးက တကယ်ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေဟာ တရားဝင်မှတ်တမ်းတင်ခွင့်မရသေးပါဘူး။ ပြည်သူတွေ ဘယ်မြို့မှာ ဘယ်လောက်အသတ်ခံခဲ့ရတယ်၊ အဲ့ဒီပြည်သူ့ အလောင်းတွေကိုဘယ်နေရာမှာ ဘယ်လိုဖျောက်ဖျက်ခဲ့ကြတယ်၊ ဘယ်တပ်မ၊ ဘယ်တပ်ရင်းတွေက ဘယ်အချိန်မှာ ဘယ်လိုပစ်ခပ်သတ်ဖြတ်ခဲ့ကြတယ်၊ ပစ်မိန့် ပေးခဲ့တာ ဘယ်စစ်ခေါင်းဆောင်တွေဖြစ်တယ် စတဲ့သမိုင်းဆိုင်ရာအချက်အလက်တွေကို ပြည်သူတွေ တရားဝင်သိခွင့် မရသေးပါဘူး။ အသတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ဆွေးမျိုးတွေဟာ အခုချိန်ထိသက်ရှိထင်ရှားရှိနေပြီး သမိုင်းမှန်တွေပေါ်ထွက်လာဖို့ စောင့်မျှော်နေကြဆဲပါ။

တကယ်တော့ အခုလို ဖုံးကွယ်ဖျောက်ဖျက်ခြင်းခံရတဲ့သမိုင်းဖြစ်စဉ်တွေကို မှတ်တမ်းတင်ဖို့  တောင်းဆိုနေတာဟာ ကျူးလွန်ခဲ့သူတွေကို လက်စားချေဖို့ မဟုတ်ပါဘူး။ တချို့ ကတော့ပြောချင်ကြမယ် ပြီးခဲ့တာတွေပြီးပါစေ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုထိခိုက်နိုင်တယ် စသဖြင့်ပေါ့။ သမိုင်းမှန်တွေ ဖေါ်ထုတ်ရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မထိခိုက်အောင် ဖေါ်ထုတ်လို့ ရပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူနဲ့ တပ်မတော် နှစ်ဖက်လုံးက ယုံကြည်ကိုးစားသလို လေးစားအသိအမှတ်ပြုခြင်းခံရတဲ့ ခေါင်းဆောင်မျိုးသက်ရှိထင်ရှားရှိနေချိန်မှာ ပိုမိုလုပ်ဆောင်သင့်ပါတယ်။

တကယ်ဘဲစစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကိုတည်ဆောက်ခြင်တယ်ဆိုရင် သမိုင်းဖြစ်စဉ်တွေကို ဖုံးကွယ်လိမ်ညာလို့မရနိုင်သလို၊ သမိုင်းအဖြစ်အပျက်တွေမှတ်တမ်းပြုတဲ့အခါ မျက်နှာလိုက်ပြီး မိမိနှစ်သက်ရာသာမှတ်တမ်းတင်လို့ မရပါဘူး အကြောက်တရားနဲ့ အားနာမှု့နဲ့ လည်းမှတ်တမ်းတင်လို့လည်း မရနိုင်ပါဘူး။

မှန်ကန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အောက်ပါကုစားရေးနည်းလမ်းတွေထဲက အမှတ်စဉ် (၆) ဖြစ်တဲ့ သမိုင်းမှန်တွေဖေါ်ထုတ်ဖို့ ဆိုတာဟာ အရေးပါတဲ့လိုအပ်ချက်တရပ်ဖြစ်ပါတယ်။

(၁) ဖိနှိပ်မှု့များ၊ လူ့ အခွင့်အရေးချိုးဖေါက်မှု့များအဆုံးသတ်ရန် ဥပဒေပြုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု့ (Legislative Reform).

(၂) စစ်မှန်သောလူမျိုးစုအားလုံး ပေါင်းစည်းရေးသို့ ဦးတည်သည့် နိုင်ငံရေးစိတ်ဓါတ်ရှင်သန်စေမှု့ (Political will).

(၃) ငြိမ်းချမ်းသောလူ့ ဘောင်သို့ ဦးတည်ပြောင်းလဲရန် တရားဥပဒေပြန်လည်စိုးမိုးရေးတည်ဆောက်မှု့ (Transformative and restorative justice).

(၄) ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် လူထုလူတန်းစားအလွှာပေါင်းစုံ အရပ်ဖက်လူ့ အဖွဲ့ အစည်းများ ပူးပေါင်းပါဝင်လာစေမှု့ (Civil society engagement).

(၅) ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် လူထုသဘောထားခံယူပြီး အဆုံးဖြတ်ခံသည့်ယဉ်ကျေးမှု့ တည်ဆောက်မှု့ (Consensus building).

(၆) သမိုင်းမှန်များဖေါ်ထုတ်၍ အမှန်တရားကိုသာပြောဆိုမှု့ (Truth-telling).

(၇) နာကျင်မှု့များကုစားရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးကို အာမခံမည့် ပညာရေးစနစ်ပြဌာန်းမှု့ (Education for national healing and reconciliation).

(၈) နှစ်ရှည်လများ ဖိနှိပ်မှု့များကြောင့်ရရှိခဲ့သော နာတာရှည် အနာတရများနှင့် နစ်နာဆုံးရှုံးခဲ့ရမှု့များ၊ နာကျဉ်းခံစားခဲ့ရမှု့များအပေါ် သုတေသနပြုအဖြေရှာမှု့ (Research on trauma and grief).

(၉) နှစ်ရှည်လများ ဖိနှိပ်မှု့များကြောင့်ရရှိခဲ့သော နာတာရှည် အနာတရများနှင့် နာကျဉ်းခံစားခဲ့ရသူများအတွက် အတိုင်ပင်ခံအကြံပြုဝန်ဆောင်မှု့၊ နစ်နာဆုံးရှုံးခဲ့ရသူများရဲ့ ဘ၀ပြန်လည်ထူထောင်နိုင်ရန်ကူညီဆောင်ရွက် (Counselling for trauma and grief).

(၁၀) နာကျင်ခံစားမှု့များ ကုသရေးဆိုင်ရာ အထူးပြုနေရာဌာနများနှင့် လူထုအခြေပြု စွက်ဖက်ထိန်းညှိမှု့ (Special healing places and community intervention programmes).

(၁၁) နာကျင်ခံစားခဲ့ရမှု့များအတွက် စာနာမှု့ဖြင့် အထိမ်းအမှတ်ပြုခြင်း၊ ဘာသာရေးအခမ်းအနား ထုံးတမ်းပြုပေးမှု့ (Memorialisation and ritualization).

(၁၂) အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် နစ်နာဆုံးရှုံးခဲ့ရသူများရဲ့ ဘ၀ပြန်လည်ထူထောင်အတွက် လုံလောက်ပြည့်စုံသောရန်ပုံငွေ သတ်မှတ်သုံးစွဲမှု့ (Funding). စတာတွေဘဲဖြစ်ပါတယ်။

ရှစ်လေးလုံးလူထုအရေးတော်ပုံသမိုင်းတင်မကပါဘူး လာမဲ့စက်တင်ဘာ ၂၆ ရက်နေ့ မှာ ကျရောက်တော့မဲ့ ရွှေဝါရောင်တော်လှန်ရေး (၂၀၀၇) သမိုင်းဖြစ်စဉ်လို အခြားသောမြန်မာနိုင်ငံရဲ့သမိုင်းဖြစ်စဉ် အမြောက်အများဟာ စစ်အာဏာရှင်တွေရဲ့လက်ထက်ကနေ ဒီကနေ့ထိတိုင်အောင် ဖုံးကွယ်ဖျောက်ဖျက် ထားတာခံနေရဆဲပါ။ ဒါပေမဲ့ သမိုင်းအဖြစ်အပျက်တွေဆိုတာ ထာဝစဉ်ဖုံးကွယ်ထားလို့ မရစကောင်းပါဘူး။

သမိုင်းဆိုတာ နှောင်းလူတွေ တွေလေ့လာသင်ခန်းစာယူနိုင်ဖို့အတွက် လှပတဲ့သမိုင်းဖြစ်ဖြစ်၊ ရုပ်ဆိုး အကျည်းတန်တဲ့သမိုင်းဖြစ်ဖြစ် ဘယ်သမိုင်းကိုမဆို မခြွင်းမချန်မှတ်တမ်းထိုးယုံသာမက နောက်မျိုးဆက် တွေအတွက် ပညာရေးသင်ရိုးညွှန်းတမ်းထဲမှာပါ ထည့်သွင်းသင်ကြားကြရမှာပါ။ဒါမှသာနောင်ကို အရုပ်ဆိုး အကျည်းတန်တဲ့သမိုင်းတွေ၊လူလူချင်းဗိုလ်ကျအနိုင်ကျင့်တဲ့အလားတူသမိုင်းတွေထပ်မံမပေါ်ပေါက်လာနိုင် အောင်သင်ခန်းစာယူတားဆီးနိုင်မှာဖြစ်ပါတယ်။

ဖန်လ်မီးအိမ်ကဗျာရှင် ဆရာတင်မိုးရေးခဲ့သလိုပါဘဲ ... “ တရားဆိုတာ ညှာလည်းမညှာ၊ ညာလည်းမညာ သာစေ၊ နာစေလည်းမရှိ” ။ ဆရာအောင်သင်းကလည်း ပြောဘူးပါတယ် “သမိုင်းကြောင်းကိုပြန်ပြောတဲ့အခါ တစုံတယောက်ကိုအားနာနေရင် အနာဂါတ်ကို သစ္စာဖေါက်ရာကျတယ် ” ဒါကြောင့် သမိုင်းမှန်ကိုဖုံး သမိုင်းမှားကိုပြုံးစေခြင်းဟာ ပြည်သူကိုစော်ကားရာရောက်သလို တိုင်းပြည်အနာဂါတ်ကိုအဆိပ်ခပ်နေခြင်း ဖြစ်တာမို့ အချိန်မဆိုင်းဘဲ သမိုင်းမှန်တွေဖေါ်ထုတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
စက်တင်ဘာလ (၁၇) ရက်နေ့  ၂၀၁၆ ခုနှစ်

COMMENTS

Name

art,1,article,1288,cartoon variety,22,crime,54,culture,1,documentary,7,Entertainment,5,health,29,history,2,international,6722,interview,208,knowledge,6,Live,8,LocalNews,14618,news,2842,opinion,753,photos,202,poem,115,satires,38,song,12,speech,12,sports,131,statement,59,technic,49,translate,33,video,1061,voice,76,
ltr
item
dawnmanhon: “ သံသယကင်းတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သမိုင်းမှန်တွေဖေါ်ထုတ်ပါ ”
“ သံသယကင်းတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သမိုင်းမှန်တွေဖေါ်ထုတ်ပါ ”
https://2.bp.blogspot.com/-9TnwNdGcFZc/V91lDITPGqI/AAAAAAAAZMw/jcGygHcUfXQzMkOVJH5fjx7zVf8XrbXwACLcB/s640/q1.jpg
https://2.bp.blogspot.com/-9TnwNdGcFZc/V91lDITPGqI/AAAAAAAAZMw/jcGygHcUfXQzMkOVJH5fjx7zVf8XrbXwACLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/09/blog-post_823.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/09/blog-post_823.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy