လစာ ၃ သိန်းရရှိဝန်ထမ်းများအနေဖြင့် အိမ်ယာဝယ်ယူရန် အခက်အခဲရှိ

ရန်ကုန်မြို့မှာလစာ ၃ သိန်းရရှိတဲ့ဝန်ထမ်းတွေ အမှုထမ်းတွေအနေနဲ့ အိမ်ယာဝယ်ယူဖို့ အခက်အခဲတွေရှိနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့ပြစီမံကိန်း ရေးဆွဲရေးညွှန်ကြားရေးမှူး ဒေါက်တာတိုးအောင်က စက်တင်ဘာလ ၁၇ ရက်နေ့ကပြည်လမ်းရှိ IBC ခန်းမမှာပြုလုပ်တဲ့ တန်ဖိုးနည်းအိမ်ယာဆွေးနွေးပွဲမှာ ပြောပါတယ်။

လစာ ၃ သိန်းနဲ့ ၃ သိန်းအောက်ရရှိတဲ့ ၀န်ထမ်းအများစုကတော့ လက်ရှိမှာအိမ်ယာတွေ တည်ဆောက်နေပေမယ့် ၀ယ်ယူနိုင်ခြင်းမရှိသလို အိမ်ပိုင် ယာပိုင် မရှိတဲ့သူကလည်း အများစု ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်က လစာ ၄ သိန်းရရှိတဲ့သူတွေကို ၀င်ငွေအလယ်အလတ်အဆင့်လို့ သတ်မှတ်ထား ပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ကတော့ လစာ ၃ သိန်းက ၀င်ငွေအလယ်အလတ် အဆင့်မှာပဲ ရှိပါတယ်။

ရန်ကုန်တမြို့လုံးက လစာဝင်ငွေကိုကြည့်မယ်ရင် လစဉ် ၁ သိန်းခွဲ ၂ သိန်းဝန်းကျင် ရရှိသူက ၅၀ ရာခိုင်နှုန်းလောက်ရှိပြီး ၂ သိန်းအထိရရှိတာက ၇၆ ရာခိုင်နှုန်းနဲ့ ၃ သိန်းအထိရရှိတာက ၉၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။
DVB TV News

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.