ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံသို့ တက်ရောက်လာကြ သူများ အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံညီလာခံ ဖွင့်ပွဲ အခမ်းအနားနှင့် ညီလာခံ ဆွေးနွေးပွဲများသို့ တက်ရောက်လာကြသူများအား ဂုဏ်ပြုတည်ခင်း ဧည့်ခံသည့် ညစာစားပွဲကို ယနေ့ ညပိုင်း တွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC – 2) တွင် ကျင်းပသည်။

ညစာစားပွဲမစတင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က ညစာ စားပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။

ညစာစားပွဲသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်း ဒေသကြီး၊ ပြည်နယ် ၀န်ကြီးချုပ် များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ များ၊ တိုင်းရင်းသား ရေးရာ ၀န်ကြီးများ၊ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်သားအစုအဖွဲ့မှ ကိုယ်စားလှယ် များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ် များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ် များ၊ ပါဝင်သင့်ပါဝင် ထိုက်သူအစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စား လှယ် များ၊ နိုင်ငံခြား သံရုံးများမှ သံတမန်များ၊ ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စား လှယ် များ၊ ပြည်တွင်း၊ ပြည်ပ မှ အစိုးရ မဟုတ် သောအဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ညစာစားပွဲတွင် ရှမ်းပြည်နယ် မိုင်းလားဒေသ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့နှင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များက အကများ၊ တေးသံသာ များဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
MOI Webportal Myanmar
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.