ဝီစကီသောက်တာက အသက်ရှည်ခြင်းလျှို့ဝှက်ချက်လို့ အသက် ၁၁၀ နှစ်အရွယ် အမျိုးသမီး ပြော

 Grace Jones, ditches the whisky for the day to celebrate her 110th birdthday with a glass of champagne.   One of Britain's oldest women celebrated her 110th birthday yesterday (Fri) - and revealed the secret to her long life is a daily tot of WHISKY.  See NTI story NTIOLD.  Grace Jones, known to her friends as "Amazing Grace", is the 10th oldest person in the UK.  Yesterday she turned 110 and said her longevity is down to having had a night-cap of Famous Grouse single malt whisky every evening for the last 60 years.  Liverpudlian Mrs Jones was born on September 16, 1906 - five years after the death of Queen Victoria.  She has lived through 27 prime ministers, received seven telegrams from the Queen and survived two world wars.  The mother-of-one, who lives in Broadway, Worcs., said: "I never miss my night cap. All I have is the whisky at night.   "Whisky is very good for you.  I started having a nightly tot of it when I turned 50 so I've been having it every night for the last 60 years and I certainly have no intention of stopping now.î

ဗြိတိန်နိုင်ငံရဲ့ အသက်အရှည်ဆုံး အမျိုးသမီးတွေထဲက အမျိုးသမီးကြီးတဦးဟာ ဒီကနေ့မှာ သူမရဲ့ ၁၁၀ နှစ်မြောက်မွေးနေ့ကို ကျင်းပနေပြီး သူမရဲ့အသက်ရှည်ခြင်း လျှို့ဝှက်ချက်ကတော့ ဝီစကီသောက်တာလို့ ပြောလိုက်ပါတယ်။

သူမရဲ့မိတ်ဆွေတွေက “သိပ်ကိုအံသြစရာကောင်းတဲ့ ဂရေ့စ်လို့” အမည်ပေးထားတဲ့ ဂရေ့စ်ဂျုံးဟာ ယူကေနိုင်ငံရဲ့ ၁၀ ယောက်မြောက် အသက်အကြီးဆုံး အမျိုးသမီးတဦးပါ။

သူမက သူဒီလိုအသက်ရှည်နေတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကတည်းက ညတိုင်းသူမဟာ နာမည်ကြီး Grouse Single malt ဝီစကီတခွက် သောက်ပါသတဲ့ ဘရော့ဒ်ဝေးမှနေပြီး ကလေးတယောက်မိခင်ဖြစ်တဲ့ ဂရေ့စ်က “ကျမဘယ်တော့မှ ညဖက်မှာသောက်ဖို့ကို မပျက်ကွက်ဘူး ကျမညဖက်ကို ဝီစကီတမျိုးတည်းကိုပဲ သောက်တယ်” “ဝီစကီကရှင်တို့တွေအတွက် တကယ်ကို ကောင်းတာပါ ကျမအသက် ၅၀ ရောက်ကတည်းက ဒီလို ညဖက်တခွက် ပုံမှန်သောက်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကတည်းက ပုံမှန်သောက်ခဲ့တာပါ အခုထိလည်း ဒီလိုသောက်တာကို ရပ်ဖို့စိတ်ကူးမရှိဘူး” လို့ပြောခဲ့ပါတယ်။ ‘ကျမဆရာဝန်ကလဲပြောတယ် “ဂရေ့စ် ဝီစကီ ဆက်သောက်ပါ” “ဒါက ခင်ဗျားနှလုံးအတွက် ကောင်းတယ်” လို့ သူမက ဖြည့်ပြောခဲ့ပါတယ်။

ကျမအသက် ၆၀ တုန်းကလိုပဲ ခံစားရတုန်းပါ ကျမနေလည်း ကောင်းတယ်။ စိတ်ဓာတ်လည်း ခိုင်မာနေတာပါပဲ။ အခုတခေါက်နဲ့ဆို ကျမဘုရင်မကြီးဆီကလည်း ကတ် ၇ ကတ်ရပြီးပြီ ဒီနှစ်ကတော့ အရမ်းကိုကောင်းတဲ့ တနှစ်ပါပဲ။

အမျိုးသမီး ဦးထုတ်နဲ့အခြားကုန်ပစ္စည်း စက်ရုံပိုင်ရှင်ဟောင်းတဦးဖြစ်တဲ့ သူမဟာ သူမရဲ့အထိမ်းအမှတ်တခုဖြစ်တဲ့ ဒီမွေးနေ့ကို ဘက်လန်းဒ်ဟောထဲမှာ မိသားစုဝင်တွေ မိတ်ဆွေတွေနဲ့အတူ ကျင်းခဲ့တာပါ။ နေ့လယ်စာစားပြီးချိန်မှာတော့ ဂုဏ်ပြုတဲ့ ဝီစီတခွက်လည်း သောက်ခဲ့ပါသေးတယ်။

သူမရဲ့ အသက် ၇၈ နှစ်အရွယ် သမီးဖြစ်သူ မက်ကသီကတော့ “ကျမအမေက အင်မတန်ထူးခြားတဲ့ အမျိုးသမီးကြီးပါ သူမကဝတ်စားတတ်တယ်၊ လှတယ်၊ ညဏ်လည်းကောင်းတယ်။ ပြီးတော့ တကယ့်ကိုသန်မာဖျတ်လတ်ပြီး ခုထိလည်း အဲဒီအတိုင်းရှိနေတုန်းပါ” လို့ ပြောပါတယ်။

မစ်စက်ဂျုံးကို ဗစ်တိုးရီးယားဘုရင်မ သေဆုံးပြီး ၅ နှစ်အကြာဖြစ်တဲ့ ၁၉၀၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှာ လစ်ဗားပူးလ်မှာ မွေးဖွားခဲ့ပြီး၊ သူမဟာ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ၂၇ ဆက်ကိုလည်း မှီခဲ့ပါတယ်။

ဘုရင်မကြီးထံက စာ ၇ စောင်လည်း လက်ခံရရှိပြီး ပထမကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းကနေ အသက်ရှင်ကျန်ရစ်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။
DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.