ထောင်များတွင်သတ်မှတ်ထားသည့်အကျဉ်းသားဦးရေ အတိုင်း ထားပေးရန်တောင်းဆို

ရန်ကုန် ၊ စက်တင်ဘာ ၂၅

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် သတ်မှတ်ထားသော အကျဉ်းသားများထက်ပိုကာ ထားမှုကြောင့် အကျဉ်းသားများ၏ကျန်းမာရေးနှင့် အခြားဆိုးကျိုးများရှိနေသည့်အတွက်ပြုပြင် ပြောင်းလဲရန်လိုအပ်ကြောင်း မြန်မာနိုင်ငံအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ စက်တင်ဘာလ ၂၅ ရက်တွင် ပြုလုပ်ခဲ့သော
မြန်မာနိုင်ငံ၏ အကျဉ်းထောင်အခြေအနေ နှင့် အကျဉ်းသားထောင်စနစ်ပြု ပြင်ပြောင်းလဲရေး အလားအလာ သတင်းစာရှင်းပွဲ၌ အထက်ပါအတိုင်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

''အဓိကဆိုရင်တော့ အင်းစိန်ထောင်ကို ကြည့်မယ်ဆိုရင် သတ်မှတ်ထားတာထက်ပိုနေတာတွေ့ ရပါတယ်။ဘာလို့လဲဆိုတော့ ၅၀၀၀ ထောင်ထားရမဲ့နေရာမှာ ၈၀၀၀ အထိထားလာတာကို တွေ့ရတယ်။အခုလိုထားခြင်းက ကျန်းမာရေး ၊ စားရေးသောက်ရေး၊ ဒါအပြင် မှုးယစ် ရမ်းကားမှုတွေပါဖြစ်လာနိုင်တယ်'' ဟု ဦးဘိုကြည်က ပြောသည်။

ထိုနည်းတူ အကျဉ်းသားများကို အသက်မွေးဝမ်းကြောင်းလုပ်ငန်း သင်ကြားပေးမှုများ၊ ကမ္မဌာန်းရှုမှတ်ပုံ၊ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေး၊ အားကစား၊ ဖျော်ဖြေရေးစသော အစီအစဉ်များကို အကျဉ်းသားများအတွက် အကျဉ်းထောင်တွင် လုပ်ဆောင်ပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

သို့မှသာ အကျဉ်းသားများ ပြစ်ဒဏ်က လွတ်မြောက်သွားသည့်အခါ လုပ်ငန်းများတွင် အဆင်သင့်ဖြစ်ကာ အသက် မွေးဝမ်းကြောင်း လုပ်ငန်းများအနေဖြင့် ဘဝကို ရှင်သန်သွားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က အကြံပြုသည်။

မြန်မာနိုင်ငံ၏ အကျဉ်းထောင်အခြေအနေ နှင့် အကျဉ်းသားထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလားအလာသတင်းစာရှင်းလင်းပွဲသို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး ဦးကိုကိုကြီး ၊မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် နှင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများတက်ရောက်ခဲ့ကြသည်။

WSK
Popular News Journal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.