ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Cameron လွှတ်တော်ကနေ နှုတ်ထွက်မည်



ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Cameron
ဗြိတိသျှဝန်ကြီးချုပ်ဟောင်း David Cameron က လွှတ်တော်အမတ် ရာထူးကနေ အနားယူတော့မယ့်အကြောင်း တနင်္လာနေ့မာ ကြေညာလိုက်တဲ့အတွက် အီးယူ ဥရောပတိုက်အတွင်း ဗြိတိန်နိုင်ငံ ဆက်လက်ပါဝင်ရေး ဇွန်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ ရှုံးနိမ့်ပြီး သီတင်းပတ်အနဲငယ်အကြာမှာ အခုလို သူ့ရဲ့ နိုင်ငံရေးလုပ်ငန်းမှာ ပါဝင်လုပ်ဆောင်မှုတွေကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

အသက် ၄၉ နှစ်အရွယ် မစ္စတာ Cameron က သူဝန်ကြီးချုပ်ရာထူးကနေ အနားယူဖို့ ပြောကြားတဲ့အချိန်တုန်းက သူ့အနေနဲ့ ကွန်ဆာဗေးတစ်ပါတီထဲမှာ ခေါင်းဆောင်နေရာမှာ မရှိတော့ပေမယ့်လည်း လွှတ်တော်ထဲမှာ ဆက်နေသွားဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့တာပါ။

ဗြိတိန်နိုင်ငံအလယ်ပိုင်း Oxfordshire မဲဆန္ဒနယ်ကို တခြားတယောက်က ကိုယ်စားပြုနိုင်ဖို့အတွက် သူ့အနေနဲ့ အဲဒီ မဲဆန္ဒနယ်ကို ကိုယ်စားပြုခြင်းကနေ အနားယူတော့မယ့်အကြောင်း ၀န်ကြီးချုပ် Theresa May ကို ပြောကြားခဲ့တယ်လို့ မစ္စတာ Cameron က ပြောပါတယ်။

လွှတ်တော်အတွင်းမှာ သူရှိနေခြင်းက အစိုးရအတွက် အနောက်အယှက်ဖြစ်လာလိမ့်မယ်လို့ သူ့အနေနဲ့ ခံစားရကြောင်း ဘီဘီစီ သတင်းဌာနကို မစ္စတာ Cameron က ပြောကြားခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.