iPhone 7 နှင့် iPhone 7 Plus ဖုန်းများတွင်အသုံးများလွန်းလာပါကအသံမြည်လာခြင်း ပြဿနာတွေ့ နေ

iPhone 7 နှင့် iPhone 7 Plus ဖုန်းများကို သောကြာနေ့ ကပဲ ကြိုတင်အော်ဒါမှာယူကြသူ ဖောက်သည်များလက်ဝယ် ပထမဆုံးအကြိမ် ရောက်လာခဲ့ပြီဖြစ်ပြီး တစ်ချို့ ဖုန်းသုံးစွဲသူတွေကတော့ Apple logo ရှိရာ ဖုန်းကျောဘက်မှ အသံမြည်သံထွက်လာတဲ့ ပြဿနာ ရှိနေတယ်လို့ သိရပါတယ်။ ဒီသတင်းဟာ သောကြာနေ့ တုန်းက စတင်ပြီး ထွက်လာတာပါ။ ဒါပေမယ့်လည်း 512 Pixels မှ Stephen Hackett မှ သူ့ ရဲ့ အိုင်ဖုန်းမှ အသံတဒီဒီထွက်လာတဲ့ ဗွီဒီယိုတစ်ခုကို တင်ခဲ့ပြီး အဲဒီအချိန်တုန်းက လုပ်ခဲ့တဲ့ heavy performance ကြောင့် ဖြစ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

ဒီကိစ္စကို AppleCare ကို ပို့ ပေးတဲ့အခါ Hackett ကို Apple လက်လီဆိုင်မှ အိုင်ဖုန်းအစားပြန်လဲပေး သွားမယ် ပြောပေမယ်လို့  အခုလို ဈေးကွက်ထဲ iPhone 7 မော်ဒယ်တွေ အားလုံးနီးပါးက နည်းနည်းပါးပါးပဲ ရောင်းစရာရှိထားသေးတာဖြစ်လို့ အခုလို ဖြေရှင်းတာဟာ အခိုက်အတန့် ပဲ အဆင်ပြေဖို့ ရှိမှာပါ။ သောကြာနေ့ ညက MacRumors ဖိုရမ်မှ အဖွဲ့ ဝင်တစ်ယောက် ဖြစ်တဲ့ liorgr ကတော့ iPhone 7 ဗားရှင်းအားလုံးမှာ ဒီအသံထွက်နေပြဿနာရှိမရှိ နဲ့ ဒီအသုတ်မှာ အနာအဆာပါမပါတော့ မသိရသေးပေမယ့် iPhone 7 မှာ ဒါမျိုး တွေ ကြုံနေကြတယ်လို့  အတည်ပြုခဲ့ပါတယ်။
“အခုပဲ ကျွန်တော် Apple Store ကနေ ပြန်လာခဲ့တာပါ။

ပြဿနာကဘာလဲ ဘယ်လိုလုပ်နိုင်မလဲဆိုတာ သူတို့ လည်းမသိကြပါဘူး (ဒီနေ့ မှ ဖုန်းတွေ ထွက်ရှိ လာတာကြောင့် အခုလို ဖြစ်တာလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။) ဒီတော့ ကျွန်တော့်အတွက် ဖုန်းအစားထိုး လဲလှယ်ပေးဖို့ သူတို့  အော်ဒါမှာ ပေးခဲ့ပါတယ်။

သူတို့ ဟာ ဒီကိစ္စကို အလွယ်တကူ ထုတ်ယူနိုင်ပါတယ်။ ကျွန်တော် သတိထားမိတာက ဖုန်းကို ဖွင့်လိုက် တဲ့အခါ အသံကို ဒီအတိုင်းကြားနေရပါတယ်။ ဖုန်း boot တင်နေတုန်း အပိုလုပ်ဆောင်ချက် processing တွေ လုပ်နေရတာကြောင့်လို့ ခန့် မှန်းရပါတယ်။

စိတ်ပျက်စရာတစ်ခုက ဒီလိုကိစ္စမျိုးအတွက် လဲပေးဖို့ stock ထဲမှာလည်း နည်းနည်းပဲ ရှိထားပြိး တစ်ဖက်က ကြည့်ရင် ဖုန်းပျက်တာထက် ပိုပြီးဖြစ်တတ်တဲ့ ဖြစ်နေကျကိစ္စတစ်ခု လိုပါပဲ။ ဒါဟာ အပြစ်အနာအဆာပါတဲ့ batch တစ်ခုလား ဒါမှမဟုတ် တစ်ခုခုလားပဲ။ ဒီတော့ ပြန်လဲပေးတာကို စောင့်ရမှာ ဖြစ်ပြီး အစားလဲပေးတဲ့ ဖုန်းကို ရပြီဆိုတဲ့အခါ အဲဒီပြဿနာ ပြေလည်ပြီး ဖြစ်သွားမှာပါ။”

သူ့ ရဲ့ tweet ကြောင့် iPhone 7 သုံးစွဲသူတွေလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး Hackett ဖြစ်ခဲ့တာကို ထောက်ခံအတည်ပြုတဲ့သူတွေ များများလာပါတယ်။ MacRumors ဖိုရမ်တွေမှာ iPhone 7 နှင့် iPhone 7 Plus နောက်ကျောကနေ အသံတဒီဒီထွက်နေကြောင်း ဖော်ပြချက်တွေဟာ ပြီးခဲ့တဲ့ သောကြာနေ့  နေ့ လည်ကစပြီး ဖြစ်ခဲ့တာပါ။ သီးသန့် အနေနဲ့ ဖိုရမ်အဖွဲ့ ဝင် maxlind ကတော့ သူ့ ရဲ့ 128GB iPhone 7 Plus ကို အားမသွင်းဘဲ သို့ မဟုတ် iCloud backup ကနေ restore ပြန်မဆည်ဘဲ သူ့ လုပ်နိုင်စွမ်းအောက် လျှော့ပြီးလုပ်တော့လည်း အသံထွက်လာတာကို သတိပြုမိပါတယ်။

“ကျွန်တော့်ရဲ့ iPhone 7 Plus အသစ် (128GB, Black) ကနေ ထူးထူးဆန်းဆန်း အသံထွက်လာတာပါ။ အက်ပဲလ်တံဆိပ်လိုဂိုပါ နောက်ကျောဘက်ကို နားကပ်ကပ်တော့ အသံထွက်တဲ့ နေရာက ဘက်ထရီတို့ processor တို့ လို တစ်ခုခု အလုပ်လုပ်နေတဲ့ အသံကြားရပါတယ်။
မဟုတ်သေးပါဘူး ကျွန်တော်လည်း အားမသွင်းထားပါဘူး။ပထမတော့ ကြည့်ရတာ iCloud restore လုပ်နေစဉ် ဖုန်းမှာ အလုပ်အလွန်လုပ်နေရတာကြောင့်လို့ ထင်မိတာပါ ဒါပေမယ့်လည်း အသံက ထွက်နေတုန်း ပါပဲ။”

Apple Store ကနေ iPhone 7 Plus အစားပြန်ရလိုက်တဲ့ Redditor လည်း iPhone သစ်မှာ အလားတူအသံမြည်တဲ့ ပြဿနာမျိုးဖြစ်လာတာကို ချက်ချင်းပဲ သတိပြုမိခဲ့ပါတယ်။ ဒီတော့ ဒီပြဿနာဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ A10 chips တွေကြောင့် iPhone 7 နှင့် iPhone 7 Plus မော်ဒယ်တွေ အမြောက်အများ မှာ သက်ရောက်မှု ရှိနိုင်ခြေရှိမှာပါ။ chip ပေါ်မှာ တကယ်လှုပ်ရှားတဲ့ အစိတ်အပိုင်းတွေ မရှိတာကြောင့် အသံထွက်လာတာက ဘာ့ကြောင့်လဲ မရှင်းလင်းပါဘူး။

The Verge မှ ညွှန်ပြခဲ့သလို ဆူညံသံထွက်ရာ အရင်းမူလဟာ အားလုံးသဘောတူထားတာက coil noise လို့ သိရတဲ့ အဖြစ်ကြောင့် ဖြစ်ဖို့ ရှိပါတယ်။

“ပြဿနာက သိပ်ကြီးတာတော့ မဟုတ်ပါဘူး။ Apple ဟာ ဒီကိစ္စနဲ့ ပတ်သတ်လို့ တော့ မှတ်ချက် မပြုပေးပါဘူး ဒီတော့ အကြောင်းရင်းနဲ့ အနေအထားကို မသိရလို့ အသေအချာမပြောနိုင်ပါဘူး။ နောက်တစ်ခုက ဒါဟာ သုံးစွဲသူတွေအများကြီးပေါ် သက်ရောက်မှုရှိနေတဲ့ ပုံတော့ မပေါ်ပါဘူး။

web ပေါ်မှာ အားလုံးယူဆထားတာက ကောင်းမွန်စွာမဆင်မိလို့  အီလက်ထရောနစ်အစိတ်အပိုင်းတစ်ခုခု ၊ စွမ်းရည်မြင့် processor တစ်ခုကနေ အသံထွက်တဲ့ပုံမျိုး coil noise/coil whine ကနေ အသံထွက်လာတာ လို့ ယူဆထားကြပါတယ်။ chip ပြားကို တကယ့် heavy load အောက်လုပ်တဲ့အခါ အခန့် မသင့်ရင် ဖြစ်တတ်ပြီး ဖုန်းအလုပ်လုပ်တဲ့ load ဆွဲအားအောက်လျှော့လုပ်ပြီး နီးနီးလေးက ကပ်ပြီးနားထောင်ကြည့်ရင် အသံထွက်လာတာကို ကြားနိုင်မှာပါ။ နမူနာအားဖြင့် Galaxy S7 Edge ကို တိတ်ဆိတ်တဲ့အခန်းထဲမှာ နား နားကပ်ပြီး နားထောင်ကြည့်ရင် အသံထွက်တာမျိုးကြားနိုင်တာပါပဲ။”

သီတင်းတစ်ပတ်ကျော်တော့ ဒီပြဿနာဟာ သိပ်နာမည်မထွက်ပေမယ့် တစ်ချို့ ဝက်ဘ်ဆိုက်တွေက ဒီကိစ္စကို ထပ်ကျော့ပြီး ပြန်တင်ပြဖို့ ကြိုးစားပေမယ့် အရာမရောက်ပါဘူး။ စွမ်းရည်တိုင်းတာတဲ့ benchmark software တစ်ခုဖြစ်တဲ့ 3D Mark Ice Storm Extreme ကို သုံးပြီး ၄.၇ လက်မအရွယ် iPhone 7 မှာ အသံလုံးဝ မကြားရဘူးလို့  Engadget မှ နိဂုံးချုပ်ထားပါတယ်။ သုံးစွဲသူအများက ပြောကြသလို အသံထွက်ရတဲ့ ကိစ္စဟာ နဂိုပါ ဒီဇိုင်းကြောင့်အစား ထုတ်လုပ်မှုပြဿနာတစ်ခုကြောင့် ဖြစ်ဖို့ ရှိပါတယ်။ Apple မှ ပြဿနာကို မဖြေရှင်းပေး မချင်း သုံးစွဲသူတစ်ချို့ တွေအနေနဲ့ အသံထွက်တဲ့ ပြဿနာကြုံဖို့ ရှိပြီး အစားထိုးလဲပေးတာဟာ လည်း အလားတူအသံထွက်သည့်ပြဿနာ ဖြစ်နိုင်ခြေရှိနိုင်ပါတယ်။

Wai Lin Aung (Myanmar Mobile App)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.