သြစီမှာ အကြမ်းဖက်မှုလုပ်ဖို့ IS တိုက်တွန်း


ၾသစေၾတးလ် ဖယ္ဒရယ္ရဲ (Credit: AAP) 
IS ​အစ္စလာမ်မစ်ရဲ့ ​ဝါဒ ​ဖြန့်ချီရေး ​မဂ္ဂဇင်းမှာ ​သြစတြေးလျနိုင်ငံ ​ဆစ်ဒနီမြို့နဲ့ ​မဲလ်ဘုန်းမြို့တွေမှာ ​တိုက်ခိုက်မှုတွေ ​လုပ်ကြဖို့ ​တိုက်တွန်းထားပါတယ်။

အဲဒီလို ​တိုက်တွန်းမှုကို ​ဗစ်တိုးရီးယား ​ပြည်နယ် ​ဝန်ကြီးချုပ် ​Daniel ​Andrews ​နဲ့ ​ပြည်နယ်ရဲအရာရှိကတော့ ​သိပ်ပြီး ​မစိုးရိမ်ကြပေမယ့် ​သြစတြေးလျ ​ဝန်ကြီးချုပ်ကတော့ ​ဒီကိစ္စကို ​အလေးအနက် ​ထားရမယ်လို့ ​ပြောပါတယ်။

လာအိုနိုင်ငံမှာ ​ရောက်ရှိနေတဲ့ ​ဝန်ကြီးချုပ် ​Malcolm ​Turnbull ​က ​IS ​က ​ဆစ်ဒနီနဲ့ ​မဲလ်ဘုန်းမြို့တွေမှာ ​တိုက်ခိုက်မှု ​လုပ်ဖို့ ​ပြောဆိုထားတာဟာ ​အကြံတွေ ​ကုန်လာလို့ ​ဖြစ်တယ်လို့ ​ပြောဆိုလိုက်ပါတယ်။

အခုဆိုရင် ​ဆီးရီးယားနဲ့ ​အီရတ်မှာ ​IS ​တွေ ​ပိုပြီး ​ထိုးစစ်ဆင်ခံနေရပြီး ​သိမ်းပိုက်ထားတဲ့ ​နယ်မြေတချို့ ​လက်လွတ်ဆုံးရှုံးရတဲ့အတွက် ​အဲဒီလို ​ရှုံးနိမ့်မှုကို ​တုန့်ပြန်တဲ့အနေနဲ့ ​ပြည်ပနိုင်ငံတွေမှာ ​အကြမ်းဖက်မှုတွေ ​ပိုလုပ်နိုင်တယ်လို့ ​ဝန်ကြီးချုပ်က ​သတိပေးလိုက်ပါတယ်။

IS ​ရဲ့ ​လုပ်နိုင်ရည်ကတော့ ​သူတို့ ​ပြောသလောက် ​မလုပ်နိုင်ပေမယ့် ​သတိကြီးကြီးတော့ ​ထားရမယ်လို့ ​ပြောပါတယ်။

IS ​မဂ္ဂဇင်းမှာ ​သြစတြေးလျကို ​ခြိမ်းခြောက်ထားပေမယ့် ​သြစတြေးလျ ​အစိုးရကတော့ ​အကြမ်းဖက် ​တပ်လှန့်မှု ​အဆင့်ကို ​ဖြစ်နိုင်ခြေ ​ရှိတယ် ​ဆိုတဲ့ ​အဆင့်မှာပဲ ​သတ်မှတ်ထားဆဲ ​ဖြစ်ပါတယ်။

သြစတြေးလျ ​နိုင်ငံမှာ ​အကြမ်းဖက်မှုအတွက် ​သတိထားကြသလို ​အာဆီယံ ​အစည်းအဝေးနဲ့ ​အရှေ့အာရှ ​ညီလာခံ ​ကျင်းပနေတဲ့ ​လာအိုနိုင်ငံမှာလည်း ​ကမ္ဘာ့ခေါင်းဆောင်တွေအတွက် ​လုံခြုံရေးတွေ ​အထပ်ထပ် ​ချမှတ်ထားတယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.