လော် ( Loudspeaker )

သတင်းတခုတက်လာတယ်။ ဖော ရေးဗားစ် ဟိုတယ်မှာတည်းနေတဲ့ နယ်သာလန်နိုင်ငံသား၂ယောက်က တမာကုန်းဓမ္မာရုံထဲမယ် ဓမ္မစင်္ကြာရွတ်နေတာကို မိုက်ကြိုးတွေဖြုတ်ပစ်...

သတင်းတခုတက်လာတယ်။ ဖော ရေးဗားစ် ဟိုတယ်မှာတည်းနေတဲ့ နယ်သာလန်နိုင်ငံသား၂ယောက်က တမာကုန်းဓမ္မာရုံထဲမယ် ဓမ္မစင်္ကြာရွတ်နေတာကို မိုက်ကြိုးတွေဖြုတ်ပစ် မိုက်တွေလွှတ်ပစ်လုပ်သွားပါသတဲ့။

ဒီလိုပြသနာတွေ တချိန်မဟုတ်တချိန် တက်လာတော့မယ်ဆိုတာကို အစောပိုင်းကတည်းက ကြိုသိပါတယ်။ အဲဒီအတွက်လဲ လော်ကိစ္စ ဘာသာရေး ဆောင်ရွက်မှုကိစ္စတွေနဲ့ပတ်သက်ပြီး အဲ့သည်ကို နားလည်မှုရှိစေဖို့ ကြိုတင်လုပ်ဆောင် ထားသင့်တယ်လို့လဲ အကြံပြုဖူးပါတယ်။ ဘာသာရေးကိစ္စဆိုတော့လဲ ပြောရခက်သားလား။ ဒါပေမယ့် ခုဖြစ်တဲ့ကိစ္စက ဘာသာရေးမဟုတ်ပါဘူး။ နွိုက်စ် ပေါ်လူးရှင်းကိစ္စပါ။ ဆူညံသံတွေဟာ လူတွေရဲ့အာရုံကို ဘယ်လောက်ထိ ခြိမ်းခြောက်နောက်ကျိစေသလဲဆိုရင် ဂျပန်မှာ နားမခံသာလို့ စာမေးပွဲကာလနီးတိုင်းမှာ ကျောင်းသားတွေ ကိုယ့်ကိုယ်ကို သတ်သေရသည်အထိဖြစ်ပါတယ်။ ဗမာစကားပုံရှိပါတယ်။ ကျောပူသာခံနိုင်တယ် နားပူတော့မခံနိုင်ဘူး ဆိုတာပါ။ အခုလဲ နားပူမခံနိုင်လို့ဖြစ်ကြတဲ့ပြသနာပါ။

လော်နဲ့ဓမ္မာရုံ ဓမ္မာရုံနဲ့လော်ဆိုတာကလဲ ရင်ချင်းဆက်အမွှာတွေလိုပါပဲ။ ဘုရားကလဲ သူ့တရားတွေကို ၇အိမ်ကြား၈အိမ်ကြား ရွတ်ဖတ်ရမယ်လို့ဘယ်သုတ္တန် အဌကထာမှာမှ ဟောထားတာ မမြင်မိပါဘူး။ ဒါပေသိ ကျနော်တို့ချတယ်။ ဓမ္မာရုံဘေးနားမှာ လူမမာရှိတယ်ဆိုရင်တောင် ဘာသာရေးကွဆိုပြီးချတယ်။ မနက်ဆွမ်းလောင်းတော့မယ်ဆို ၄နာရီလောက်ကတည်းက ထူးမခြားနားတယ်။ ပြီးကျ လင်းကြက်တွန်သံက သံသာသာ ဟန်ပါပါကြေးစည်ထုသံ ဆက်ချတယ်။ ဓမ္မာရုံဥက္ကဌ နိုးလာတာနဲ့ ဟယ်လိုတက်စီဆိုပြီး သွားကျိုးလေထွက်သံလေးနဲ့ ဆက်ချတယ်။ ဓမ္မမိတ်ရွှေ သူတော်ဇင်အပေါင်းတို့ခညာဆိုပြီး ဒါနံ ဒါနံတု သဒ္ဒာယ သီလာရက္ခံတု ဘာဝနာကစပြီး မဟာဒုတ်ဇတ်ခင်းတော့တာပဲ။ ဆွမ်းလောင်းပြီးလဲ မပြီးဘူး ငွေစာရင်းရှင်းတမ်းကို အော်ရသေးတယ်။ တဦးထဲအလှုရှင်ရှိရင်လဲ ၁၆ခါထက်မနည်းအော်ပေးရတယ်။ တခါတလေ တမျိုးလုံးတဆွေလုံးအမှုးထားရင် ပိုဆိုးသေး။ သူ့အလှုကိုပီတိမဖြစ်ပဲ သောမနသ မဖြစ်ပဲ စောက်မြင်တောင်ကပ်သေးတယ်။ နှစ်ဖက်သော မိဘများဖြစ်ကြတဲ့ ဦးတုတ် ဒေါ်ဖြူ ဦးဖိုးရင် ဒေါ်တင်လှ တို့အားအမှုးထား၍ မောင်ကြွက်နီ ခေတ္တ ကိုရီယား စန္ဒာအေးစိမ့်စိမ့် ဘာညာသာရကာကုပ္မဏီ သားမောင်ဇွဲခန့်ထက်သန် သမီးစိမ့်နီနီအေးမြမြ မိသားတစုတို့မှ ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာ။ အဲလိုတွေကြေညာရသေးတယ်။ တခါတလေကြတော့လဲ အော် ဓမ္မာရုံလူကြီးဆိုတာ ကိုယ့်အသံနဲ့ကိုယ် လူမုန်းခံရတာပါကလားလို့တွေးမိပါတယ်။ အဲလိုမနက်ခင်းအာရုံတက်တွေ အများကြီးကြုံဖူးပါတယ်။ ရိုးနေပါပြီ။ ဆူညံနှောက်ယှက်တယ်လို့လဲ မပြောချင်ပါဘူး။ အော်ဘာသာရေးပါလေ ဆိုပြီး အိပ်မရလဲ လျှော်ပေးခဲ့တာတွေများပါပြီ။ နိုင်ငံခြားသားကတော့ ဒီလိုဘယ်တွေးမလဲ ခများတို့ ပလီကနေပြီး အလ္လာလို့ရွတ်တာကို နားညည်းသလိုပေါ့။ သူတို့နားညည်းတော့ သည်းမခံနိုင်ပဲ ထလုပ်ပြီ။ ဆူညံသံကြောင့် ဂျပန်လိုနိုင်ငံမျိုးမှာ ကိုယ့်ကိုယ်ကိုသတ်သေတယ်လို့ပြောခဲ့ပါတယ်။ သူတို့ဆီမှာက ဆောက်လုပ်ရေးလုပ်ငန်းတွေ လူနေထူထပ်တာတွေ ယဉ်ထူထပ်တာတွေကြောင့် စိတ်ညစ်ညူးစရာ နှောက်ယှက်မှုတွေဖြစ်တယ်ပေါ့လေ။ အဲဒါကြောင့်ဂျပန်ကလာတဲ့ကားတွေဆို တတ်နိုင်သမျှ မီးခိုးနည်းအောင် အသံတိတ်အောင် လုပ်ထားတယ်လို့ မြင်ပါတယ်။ ကျနော်တို့ဆီကျ အဲလိုမဟုတ်ဘူး။ ယိုးဒယားကဝင်တဲ့ ဟွန်ဒါဆိုင်ကယ်ကို တရုတ်ကလာတဲ့ ပါဝါအိတ်ဇောတပ်တယ်။ ပြီးကျ တရပ်ကွက်လုံးကြားအောင် မောင်းတော့တာပဲ။ အဲတော့ကျနော်တို့က ဆူညံသံနဲ့ အသားကျနေပြီ။ နိုင်ငံခြားသားက နားမလည်ဘူး အဲဒီနိုင်ငံခြားသားတွေ ဗုဒ္ဓဘာသာဝင်တွေဖြစ်နေစေအုန်းတော့ ဆူညံသံကို သူတို့မခံနိုင်ကြဘူး။ ဘာသာရေးပွဲလမ်းသဘင် အလေ့အထနဲ့လဲ သူတို့မရင်းနှီးကြဘူး။ ကျနော်ဗုဒ္ဓဘာသာပါ။ ဓမ္မာရုံက လော်နဲ့အိပ်ကောင်းချိန်ထထအော်ရင် နားညည်းပါတယ်။ ဓမ္မာရုံကလဲ ၂၄နာင်္ရီ သူအော်ချင်တဲ့အချိန်အော်တာပဲ။ ဝိပသနာတရား အားထုတ်တော့မယ်ဆိုရင်တောင် လော်နဲ့ အိမာယ ဆိုလုပ်သေးတယ်။ တွေ့ပါလိမ့်မယ်တရားထူး။ သူကျအော်ချင်တဲ့အချိန်ထအော်ပြီး ဓမ္မာရုံနား ကလေးတွေ ဆော့ရင်တောင် ဟေ့ ဟေ့ တရားထိုင်နေတယ်လေ။ လူလိုနားမလည်ဘူးလား။ မင်းတို့ဗုဒ္ဓဘာသာမဟုတ်ဘူးလား ဘာလားညာလားက မဆီမဆိုင်ပါလိုက်သေးတယ်။ နောက်တခု ကျနော်စောက်မြင်ကပ်တာက ကီး ပြသနာ။ ဓမ္မစင်္ကြာတို့ ပရိတ်ပဌာန်းတို့ရွတ်တယ်ဆိုရင် များသောအားဖြင့်မိန်းမတွေရွတ်ကြတယ်။ စိန်ရောင်ခြည်ဘုရားပင့်ကတည်းက ရီချင်နေပြီ။ နင်တို့ပင့်ကြပုံနဲ့ ဘုရားကဒီညကြွရောကြွရပါ့မလားလို့ ရီမိတယ်။ မပြီးနိုင်ဘူး။ ဝေ့ဝိုက်နေတာ။ စရွတ်ပြီ။ ငယ်ငယ်ကစာသင်ခန်းထဲမှာ စာဆိုတဲ့အသံနဲ့။ အီးးးးသီးးးးးးပထနာ့ နာမကေးးးးးးး ။ ဟာသွားပြီ။ ဓမ္မစင်္ကြာလဲ သူတို့ပါးစပ်ထဲရောက်မှ အီကွေးတွဲလောင်ချိတ်ထားသလိုဖြစ်ကရော။ ဘုရားတရားတော်တွေကို ရွတ်ဖတ်ကြတဲ့အခါ ပီပီသသ ဌာန်ကရိုင်းကျကျရွတ်ကြဖို့သာ ဆရာတော် များက ဟောပါတယ်။ ၇အိမ်ကြား၈အိမ်ကြား လော်နဲ့အော်ကြဖို့ ဘယ်ဆရာတော်မှလဲမပြောသလို ဘုရားကလဲ မဟောခဲ့မမှာခဲ့ပါဘူး။ မမေ့မလျော့ မပေါ့ဆသော သတိတရားဖြင့်သာ အားထုတ်ကြကုန်လော့လို့ သာမှာကြားခဲ့ပါတယ်။

အဲတော့ လော်နဲ့အော်တဲ့ မဟာဒုတ်ဇတ်တွေ ပဌာန်းသံ ပရိတ်သံဆူဆူညံညံတွေကြားရင် ကျနော်များသောအားဖြင့် နားညည်းပါတယ်။ တချို့သောကိုယ်တော်တွေ ရွတ်တာကြတော့လဲ ကုသိုလ်စိတ်ဖြစ်ရပါတယ်။ ကြည်လင်ပီသပြီး နာပျော်ဖွယ်ရှိလှပါတယ်။ တချို့ကိုယ်တော်တွေလဲ ည၁နာရီလောက်ဆိုတော့ အိပ်ချင်မှာပေါ့ အဲဒီချိန် ပဌာန်းနာကြည့် အဲ့ကိုယ်တော်ရွတ်တာ နားထဲ ၂ဝါပဲကြားတယ်။ အဲဒါ ဒီကိုတော်ရွတ်နေတာ ၂ဝါ ၂ဝါနဲ့ ၂ဝါပြီးရင် ၁နီဖြစ်ရမှာအဖေရဲ့ဆိုတော့ အဖေကကျနော့ထဆဲဖူးပါတယ်။ အဲလိုဌာန်ကရိုင်းမကျမပီသတော့ အင်မတန်လေးနက်တဲ့တရားတော်တွေတောင် ရီစရာနောက်စရာဖြစ်တဲ့ထိ ယုတ်လျော့ကျဆင်းသွားတတ်ပါတယ်။ အဲတော့ လော်နဲ့ ရွတ်ကြတာတွေလဲလျှော့ကြပါ။ အမျိုးသမီးတွေ ချွဲချွဲပြစ်ပြစ်နဲ့ရွတ်တဲ့ တရားသံကလဲ ဘာမှကြည်ညိုဖွယ်မဖြစ်ပဲ ဗုဒ္ဓဘာသာမြန်မာလူမျိုးတယောက်ရဲ့နားထဲမှာ တောင်ထော်လော်ကန့်လန့်ဖြစ်တတ်တာကြောင့် အသံလျော့ကြစေချင်ပါတယ်။ လော်နဲ့ပတ်သက်တဲ့ ဆူညံနှောက်ယှက်သံ တားဆီးလျော့ပေါ့ရေးဆိုင်ရာ ဥပဒေများလဲ အမြန်ဆုံးပြဌာန်းပေးသင့်ပါတယ်။ လော်မှမဟုတ်ပါဘူး။ ဆိုင်ကယ်ကားအိတ်ဇောသံတွေ အစရှိတဲ့ ပတ်ဝန်းကျင်နှောက်ယှက်သံတွေ လျှော့ချသင့်ပါပြီ။။ ခုညမန်းလေးမှာဖြစ်တဲ့ပြသနာကလဲ ကာချာ ရှော့ပါ။ နွိုက်စ် ပေါ်လူးရှင်းပါ။ နှစ်ဖက်လုံးက သူ့ဟာနဲ့သူအမှန်လို့ဆိုကြပေမယ့် လော်သမားမှားပါတယ်။ အဲဒီလော်သမားကို မတားဆီးနိုင် မထိန်းချုပ်နိုင်တဲ့လူများလဲ မှားပါတယ်။ ဘုန်းကြီးကျောင်း ဓမ္မာရုံ ပလီ အစရှိတဲ့နေရာတွေနဲ့လွတ်တဲ့နေရာ ဟိုတယ်ဆောက်မယ်ဆိုလဲ ဆောက်စရာနေရာမရှိသလောက်ပါပဲ။ အဲလိုဘာသာရေးအဆောက်အအုံတွေနားနီးတဲ့ ဟိုတယ်တွေမှာလဲ ဆူညံသံနဲ့ပတ်သက်လို့ လိမ္မာပါးနပ်စွာ ကြိုတင်စီမံမှုရှိရပါမယ်။ ဥပဒေတရပ်ခိုင်ခိုင်မာမာ မရှိတဲ့အခါ အခုလိုအချိန်မရှိ အချိန်ရှိ ထထအော်နေတဲ့ လော်ပြသနာများကို နားလည်မှုနဲ့သာ ဖြေရှင်းနေရပေါင်း မနည်းလှပါကြောင်း ။။။။ ။။။

#ဆူးရစ်နွယ်

COMMENTS

Name

art,1,article,1279,cartoon variety,21,crime,50,culture,1,documentary,7,Entertainment,4,health,27,history,1,international,6415,interview,206,Live,8,LocalNews,14072,news,2842,opinion,750,photos,202,poem,114,satires,38,song,12,speech,11,sports,127,statement,58,technic,42,translate,32,video,1057,voice,74,
ltr
item
dawnmanhon: လော် ( Loudspeaker )
လော် ( Loudspeaker )
https://2.bp.blogspot.com/-z-qbHM6r9Zo/V-cl0jaFb1I/AAAAAAAAZW4/-Xn0rtmPsQYIT4USZFWtYrcjDSGzFXeeACLcB/s400/q1.jpg
https://2.bp.blogspot.com/-z-qbHM6r9Zo/V-cl0jaFb1I/AAAAAAAAZW4/-Xn0rtmPsQYIT4USZFWtYrcjDSGzFXeeACLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/09/loudspeaker.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/09/loudspeaker.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy