
Donald Trump နဲ့ ဇနီးသည် Melania Trump (Credit: Reuters) |
၁၉၉၀ ပြည့်နှစ်တွေတုန်းက Melania ဟာ ပြည့်တန်ဆာအဖြစ် လုပ်ခဲ့တယ်လို့ Daily Mail Online နဲ့ Webster G. Tarpley ဆိုတဲ့ ဘလော်ဂါတို့က ရေးသားတဲ့အအပေါ် တရားစွဲလိုက်တာ ဖြစ်ပါတယ်။
Melania ဟာ Donald Trump ကသာ သမ္မတ ဖြစ်လာရင် သမ္မတကတော် ဖြစ်လာမှာ ဖြစ်လို့ ဒီလို အရေးအသားတွေဟာ နာမည်ပျက်စေတဲ့အတွက် တရားစွဲဆိုရတာ ဖြစ်တယ်လို့ Melania ရဲ့ ရှေ့နေတွေက ပြောပါတယ်။
တရားစွဲဆိုမှုကို ခံရတဲ့ Daily Mail ကတော့ အဲဒီ သတင်းကို ပြန်ရုပ်သိမ်းလိုက်သလို အဲဒီလို ရေးသားမိတဲ့အပေါ် နောင်တရမိတယ်လို့လည်း တုန့်ပြန်လိုက်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
COMMENTS