NCA လက်မှတ်ထိုးရန် ကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များ နောက်ညီလာခံမတိုင်မီ လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိ

နောင်လာမည့် ခြောက်လအကြာတွင် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယ အကြိမ်အစည်းဝေးမကျင်း ပမီ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
သဘောတူစာချုပ် (NCA )ကို လက်မှတ်မထိုးထားရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးလာနိုင် သည်ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အတွင်းရေးမှူးခူးဦးရယ် က ပြောကြားလိုက်သည်။

စက်တင်ဘာလ(၂)ရက်တွင် ကျင်းပသည့်၂၁ ရာစုပင်လုံပထမအစည်းအဝေးသို့ တက် ရောက်လာစဉ် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်း
သားလက်နက်ကိုင်များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသား
လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)ကိုယ်စား ၄င်းက ပြောကြား
လိုက်ခြင်းဖြစ်သည်။

“ ခြောက်လအတွင်းမှာ ငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့ အခြေအနေက အဲသလို တွန်းပို့တယ်ဆို လို့ရှိရင်တော့ ဖြစ်နိုင်ပါတယ်။ အဲလိုအခင်းအကျင်းမျိုး ခင်းကျင်း
ပေးနိုင်တယ် ဆိုရင် ကျွန်တော်တို့ ဖြစ် နိုင်ပါတယ် ” ဟု ၄င်း ကပြောသည်။

အစိုးရသစ်လက်ထက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံ ပထမအကြိမ်အစည်းအဝေးကို သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက်အထိ နေပြည် တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ(MICC-II)တွင် ကျင်းပလျှက်ရှိသည်။

အဆိုပါ ညီလာ ခံ၏ ဒုတိယ အကြိမ် အစည်းအဝေးကို နောင်ခြောက်လအကြာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ပြန်လည်ကျင်းပမည်ဖြစ်သည်။

NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အစိုးရ၊ တပ်မ တော်တို့နှင့် ညှိနှိုင်းဆွေးနွေးမှုများရှိနေသေးကြောင်း၊ UNFC အဖွဲ့အနေဖြင့်လည်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်ရေးကို အစဉ်တစ်စိုက်တောင်းဆိုနေခြင်းဖြစ်၎င်းကပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ် မြောက် ရေးအဖွဲ့ချုပ် (PNLO) နာယကဦးခွန်ဥက္ကာက NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့် ဒုတိယ အကြိမ်ကျင်းပမည့် ၂၁ ရာစုပင်လုံအကြိမ်အစည်းအဝေးမတိုင်မီ လက်မှတ်မရေး ထိုးနိုင်ပါက ညီလာခံ သို့ လေ့လာသူအဖြစ်နှင့်သာ တက်ရောက်ရမည်ဖြစ်ကြောင်း၊ လက်မှတ်ရေး ထိုးပြီးမှ သာရှေ့ဆက် လုပ်ဆောင်မည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ထဲထဲဝင်ဝင် ပါဝင်ခွင့်ရှိမည်ဖြစ် ကြောင်း ပြောသည်။

“(ယခုကျင်းပလျှက်ရှိသည့်)ညီလာခံအပြီးမှာ (နိုင်ငံရေးမူဘောင် )frame work နဲ့ ကိုက်ညီတဲ့ ကိစ္စတွေကို လုပ်သွားမှာဖြစ်လို့ NCAကိုလက်မှတ်ထိုးဖို့ပါ။ ဒီအစီစဉ်တစ်ခုလုံးက NCA ကြောင့်ဖြစ် လာတာဆိုတော့ ဘယ်အချိန် ဘယ်အခါမှာပဲ ပါပါ NCAအတိုင်း လုပ်မယ်။ NCA ကိုကျော်ပြီးတော့ ဒီ process(ဖြစ်စဉ်) ထဲ ဝင်လာတာမဖြစ်သင့်ဘူး လမ်းကြောင်းလွဲနေတယ်။
ဒါကြောင့် လက်မှတ်ထိုးပါ ဝင်ဖို့လိုတယ် “ ဟု ၄င်းက ပြောသည်။

NCA လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ AA (ရခိုင့် တပ်မတော်) ၊TNLA(တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)
၊MNDAA (မြန်မာအမျိုး သား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်)၊
KIA(ကချင်လွတ်မြောက်ရေးတပ်မတော်) ၊ SSPP(ရှမ်းပြည်တိုး တက်ရေးပါတီ)၊ KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)နှင့်NMSP (မွန်ပြည်သစ်ပါတီ)
တို့ ဖြစ်သည်။

ANC(ရခိုင်အမျိုးသားကောင်စီ)၊ LUD(လားဟူဒီမိုကရက်တစ်အစည်းအရုံး) နှင့် WNO(၀အမျိုးသားအဖွဲ့ချုပ်)တို့မှာ စစ်တပ် လက်ကိုင်မရှိခြင်းကြောင့် NCA လက်မှတ်ရေးထိုးခြင်း မရှိသော်လည်း နိုင်ငံရေးဆွေးနွေးပွဲ များတွင် ပါ ၀င်နိုင်သည်ဟု အစိုးရက သတ်မှတ်ထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအကြိုပြင်ဆင်ရေးဆပ်ကော်မတီ
(၂) အနေဖြင့်လည်း NCA လက်မှတ်ထိုးရန် ကျန်ရှိနေသည့် အဖွဲ့များနှင့်
တွေ့ဆုံဆွေးနွေးကာလက်မှတ်ထိုးနိုင်ရေး ကြိုးစားနေကြောင်းသိရသည်။

ဝင်းဇော်နိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.