တောင်ငူမြို့ ရန်ကုန် - မန္တလေးလမ်းမဟောင်းနံဘေး တည်းခိုခန်းတွင် တည်းခိုနေသူက ပိုင်ရှင်အမျိုးသမီးအား ဓားဖြင့်ထောက်ကာ လုယက်ထွက်ပြေးမှု ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ရန်ကုန်- မန္တလေး လမ်းမဟောင်းနံဘေးရှိ ချမ်းရိပ်မွန် တည်းခိုခန်းတွင် (အောက်တိုဘာ ၉ ရက်) မွန်းလွဲ ၁၂ နာရီခန့်က တည်းခိုနေသူက တည်းခိုခန်းပိုင်ရှင် အမျိုးသမီးအား ဓားဖြင့်ထောက်ကာ ငွေကျပ်တစ်သိန်းဝန်းကျင်ခန့် လုယက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဓားနဲ့ထောက်တာတော့ မဟုတ်ဘူးပေါ့။ သူကဘွားတော်ကြီးကို ဓားနဲ့ခြစ်ပြီးတော့ ပိုက်ဆံတစ်သိန်းလောက် လုသွားတယ်လို့” ပြောတယ်။ အမျိုးသမီးကတော့ ဆေးရုံမှာပဲ ရှိသေးတယ်။ ကျွန်တော်တို့ကတော့ ဓားနဲ့ ထိုးတဲ့ ကောင်လေးနောက်ကို လိုက်နေတယ်။အပိုင်ကတော့ မြို့မအပိုင်ပဲခင်ဗျ။ ကျွန်တော်တို့သတင်းကြားကြားချင်း မြို့နယ်မှူးက လှမ်းပြောလို့ ချက်ချင်း အဲနားရောက်ပြီး ချက်ချင်း ထွက်တာ။ လောလောဆယ်တော့ မမိသေးဗျ။ နာမည်ကတော့ စစ်ပိုင်မှူးလို့တော့ သိရတယ်၊၊ အသက်က ၁၉ နှစ်ခန့်ရှိတယ်။ သူ့ရဲ့ထောက်ခံစာအရပေါ့နော်။ သူကနေပြည်တော် ဇမ္ဗူ သီရိကလို့ သိရတယ်။ လာတည်းရင်းနဲ့ တည်းခိုခန်းပိုင်ရှင် အမျိုးသမီးကို ဓားနဲ့ခြစ်ပြီး ပိုက်ဆံလုသွားတာပေါ့။ ၁၂ ခွဲလောက်ကဖြစ်တာပါ” ဟု တောင်ငူမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က တောင်ငူမြို့ အမှတ် (၈) ရပ်ကွက် စတီးလမ်းရှိ၊ ချမ်းရိပ်မွန် တည်းခိုခန်းပိုင်ရှင် ဒေါ်မြမြမေ ၆၉ နှစ်မှာ တည်းခိုခန်းအောက်ရှိ ၎င်းတို့နေထိုင်သည့် အခန်းတွင်းသို့ ၀င်ရောက်ရာမှ အခန်းအတွင်း ရောက်ရှိနေသည့် လူငယ်တစ်ဦးက ဒေါ်မြမြမေ၏ လည်ပင်းအား သုံးလက်မခန့်အရှည်ရှိသည့် မောင်းချဓားဖြင့် လေးချက်ခန့် ထိုးခြစ်ပြီး ငွေကျပ် တစ်သိန်းခန့် ယူဆောင်၍ ထွက်ပြေး သွားသည်။

ဒေါ်မြမြမေအား ဓားဖြင့်ထောက်ခြစ်ကာ ငွေကျပ်တစ်သိန်းခန့် လုယက်ထွက်ပြေးသွားသူမှာ ချမ်းရိပ်မွန်တည်းခိုခန်း အပေါ် ထပ် အခန်းနံပါတ် ၄ တွင် တည်းခိုနေသည့် စစ်ပိုင်မှူး (၁၉ နှစ်) ခန့်ရှိပြီး နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး တည်း ခိုခန်းမှ ဆိုင်ကယ်အားယူဆောင်၍ အမြန် လမ်းဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ဓားဖြင့်ထောက်ကာလုယက် သော လူငယ်အား တောင်ငူမြို့ အမှတ် ၁ နယ်မြေ ရဲစခန်းမှ (ပ) ၈၀၈/၁၀၁၆၊ ပြစ်မှု ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။
Writer:
ဇော်ဝင်းချစ်
Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.