မိုဆူးလ် ထိုးစစ် အောင်မြင်မှုရနေကြောင်း အမေရိကန် ပြော


IS ရဲ့ ခုခံ တိုက်ခိုက်မှု ပိုမို ပြင်းထန် လာနိုင် ကြောင်း ကိုလည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး က သတိပေး
အီရတ် နိုင်ငံ မိုဆူးလ် မြို့က IS တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေမှု အခြေအနေ ဟာ တိုးတက် နေတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ် ကာတာ က ပြောပါတယ်။

ဒါပေမယ့် မိုဆူးလ် မြို့အနား ကို အီရတ် တပ်ဖွဲ့တွေ နီးကပ် လာတာနဲ့ အမျှ IS ရဲ့ ခုခံ တိုက်ခိုက်မှု ပိုမို ပြင်းထန် လာနိုင် ကြောင်း ကိုလည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး က သတိပေး ပြောကြား ခဲ့ပါတယ်။

အစောပိုင်း အချိန်တွေတုန်းက IS အဖွဲ့ဟာ မိုဆူးလ် မြို့တောင်ဘက် မှာ အရပ်သား တွေကို သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ အစီရင်ခံစာ တွေလည်း ထွက်ပေါ် လာပါတယ်။

ထွက်ပေါ်လာတဲ့ အစီရင် ခံစာတွေကို ကုလသဂ္ဂ အဖွဲ့ကြီးက အတည်ပြု နိုင်ဖို့ ကြိုးစား နေပြီး IS အဖွဲ့ဟာ လူတွေ ကြောက်လန့်စေဖို့ ရည်ရွယ်ချက်နဲ့ အရပ်သား ၁၅ ယောက်ကို သတ်ပြီး မြစ်ထဲကို စွန့်ပစ်ခဲ့ကြတာ ဖြစ်တယ်လို့ သတင်းပေးပို့မှု တွေ အရ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.