မဟာသန္တိသုခ ကျောင်းတော်ကြီးကို ပိုင်ရှင်မှန်ဖြစ်သော ပီနန်ဆရာတော်ကြီးကို ပင့်ဖိတ်ပြီး ပြန်လည်အပ်နှံပေးရန် လိုအပ်ဟု မိန့်ကြား

ယခင်အစိုးရလက်ထက်က သိမ်းယူခဲ့သော မဟာသန္တိသုခ ကျောင်းတော်ကြီးကို ပိုင်ရှင်မှန်ဖြစ်သော ပီနန်ဆရာတော်ကြီးကို ပင့်ဖိတ်ပြီး ပြန်လည်အပ်နှံပေးရန် ယခုအစိုးရသစ်မှ ညှိနှိုင်းဖြေရှင်းပေးမှု လိုအပ်ကြောင်း လန်ဒန်ဆရာတော် ဘဒ္ဒန္တဥတ္တရက မိန့်ကြားသည်။

မဟာသန္တိသုခ ကျောင်းတော်ကြီးနှင့် ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနနှင့် ပီနန်ဆရာတော် အကြား အငြင်းပွားမှုသည် အမှုမရှိဘဲ ဖြစ်ပေါ်နေသော အမှုဖြစ်သည်ဟု ဆိုသည်။

"အမှန်တော့ ဒီအမှုက အမှုမဖြစ်သင့်ဘဲ အမှုဖြစ်နေရတာပါ။ ၁၉၉၀ ခုနှစ်မှာ ပီနန်ဆရာတော်ကြီးကို ကျောင်းမြေကို လှူဒါန်းခဲ့တဲ့အတွက် ဆရာတော်ကြီး အမည်နဲ့ မြေဂရန်ရရှိထားတာ ဖြစ်ပါတယ်" ဟု လန်ဒန်ဆရာတော်က မိန့်ကြားသည်။

ယင်းတို့ကြောင့် ပီနန်ဆရာတော်ကြီး ပိုင်ဆိုင်သော အဆိုပါမြေနှင့် မဟာသန္တိသုခ ကျောင်းတော်ကြီးကို အစိုးရမှ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခွင့်မရှိ၊ စီမံခန့်ခွဲခွင့် မရှိသော မြေဖြစ်သည့်အတွက် ၀န်ကြီးချုပ်က ရယူသိမ်းပိုက်၍ မဟနလက်သို့ လွှဲပြောင်းပေးခွင့် မရှိသကဲ့သို့ လက်ရှိအစိုးရဌာနတစ်ခုဖြစ်သည့် သာသနာရေးဦးစီးဌာနကလည်း သာသနာပိုင် ပစ္စည်းအဖြစ် သိမ်းဆည်းစီမံခွင့် မရှိကြောင်း သိရသည်။

ဆက်လက်၍ မဟာသန္တိသုခ ကျောင်းတော်ကြီး ပြသ၁နာသည် ယခင်အစိုးရ လက်ထက်က မှားယွင်းခဲ့သော အမှုဖြစ်သည့်အတွက် လက်ရှိအစိုးရသစ်သည် ပိုင်ရှင်အမှန်ဖြစ်သော ပီနန်ဆရာတော်ကြီးကို ပင့်ဖိတ်ပြီး ညှိနှိုင်းပေးပါက ကျောင်းတော်ကြီးပြသ၁နာ ပြေလည်နိုင်မည်ဟု ယုံကြည်ကြောင်း လန်ဒန်ဆရာတော်က မိန့်ကြားသည်။

ဝသန်
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.