ထိုင်းဘုရင် ဘူမိဘောအဒူယာဒက် ကွယ်လွန်





ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင်တပါးဖြစ်သော ထိုင်းဘုရင် ဘူမိဘောအဒူယာဒက်သည် ဒေသစံတော်ချိန် အောက်တိုဘာ ၁၃ ရက် ညနေ ၃ နာရီ ၅၂ မိနစ်က ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။ ဘုရင် ဘူမိဘောသည် ကွယ်လွန်ချိန်၌ သက်တော် ၈၉ နှစ်ရှိပြီဖြစ်သည်။

ဘုရင် ဘူမိဘောသည် အောင်တိုဘာ ၉ ရက်နေ့မှစ၍ ဆေးကုသမှုခံယူခဲ့ခြင်းဖြစ်ပြီး ဘုရင့်နန်းတော်ဗျုရိုမှ အောက်တိုဘာ ၁၂ ရက်နေ့ည ထုတ်ပြန်ချက်အရ ဘုရင်ကြီး၏သွေးခုန်နှုန်း ကျဆင်းသွားခဲ့ကြောင်းနှင့် သွေးထဲတွင် အက်ဆစ်ဓါတ်ပါဝင်မှု ပုံမှန်ထက်ပိုများနေကြောင်း သိရသည်။ သွေးစစ်ချက်အရ အသည်းရောင်ရမ်းနေသဖြင့် ပဋိဇီဝဆေးများပေးထားကြောင်း၊ သွေးထဲမှအက်ဆစ်ဓါတ်ကိုထိန်းညှိရန် လိုအပ်သော ကုသမှုအဆင့်ဆင့်ကို ဆောင်ရွက်လျက်ရှိကြောင်း၊ သွေးခုန်နှုန်း ထိန်းညှိရန်လိုအပ်သော ဆေးဝါးများပေးခဲ့ကြောင်း သိရသည်။

ဘန်ကောက်မြို့ရှိ သီရိရာဇာဆေးရုံ၌ ဆေးကုသမှုခံယူနေရာ ပြည်သူများကလည်း ဆေးရုံရှေ့၌စုဝေး၍ ဘုရင် ဘူမိဘော ကျန်းမာပါစေကြောင်း ဆုတောင်းပေးခဲ့ကြသည်။

အသက် ၄၂ နှစ်အရွယ် အင်္ဂလိပ်ဘာသာဆရာမ ဒိုနဖာကလက်ဘူဖက“အွန်လိုင်းနဲ့ဖေ့စ်ဘုတ်ပေါ်မှာ ဖတ်ရတဲ့သတင်းတွေအရ ကျွန်မ စိုးရိမ်မိတယ်။ ရုံးဆင်းတာနဲ့ တက္ကစီခေါ်ပြီး ဒီကိုလာတာ ယာဉ်ကြောက အရမ်းကျပ်တဲ့အတွက် လမ်းတ၀က်မှာဆင်းပြီး ဆိုင်ကယ်တက္ကစီနဲ့ ဒီကိုရောက်လာတာ။ လမ်းမှာ ဘုရင့်ကျန်းမာရေးအကြောင်း တက္ကစီဆရာတွေနဲ့ပြောပြီး ငိုခဲ့ရတယ်။ သူတို့တွေလည်း ငိုကြတာပေါ့။ ဘုရင်ဘူမိဘောဟာ ထိုင်းနိုင်ငံရဲ့ အသည်းနှလုံးပါ။ သူမရှိတော့ရင် ကျွန်မတို့နိုင်ငံ ဘယ်လိုခရီးဆက်ရမလဲ မတွေးတတ်ဖူး”ဟု ပြောသည်။

ဘူမိဘော၏ဓါတ်ပုံကို ကိုင်မြှောက်၍ ဘုရင်ကြီး အသက်ရှည်ပါစေဟု ဟစ်ကြွေးနေသူများအတက်အနက်မှ အသက် ၆၂ နှစ်အရွယ် ကန်နမ်သီယာဝမ်ဆိုသူ အဘွားအိုကလည်း“ဘုရင်ကြီးအတွက်ဆို ကျွန်မအသက်ကို ပေးရဲတယ်။ သူ နေပြန်ကောင်းလာမှ ကျွန်မ ဆုတောင်းတာကို ရပ်မယ်”ဟု ပြောသည်။

သီရီရာဇာဆေးရုံးရှေ့၌ ယင်းသို့ ဆုတောင်းမှုများပြုလုပ်လျက်ရှိသည့်အပြင် ထိုင်း အင်တာနက် လူမှုကွန်ရက်ပေါ်တွင်လည်း ဆုမွန်ကောင်းတောင်းပေးသည့် စာလွှာများနှင့်ဓါတ်ပုံများ၊ ဘုရင် ဘူမိဘော၏ သက်တမ်းတလျောက် ရိုက်ကူးခဲ့သည့်ဓါတ်ပုံများ နေရာယူထားသည်။

ထီးနန်းအရိုက်အရာကို ဆက်ခံမည့်သူမှာ အသက် ၆၄ နှစ်အရွယ် သားတော် မဟာဝိဇယလောက်ကောင်းဖြစ်နိုင်သော်လည်း ၎င်းသည် ဘုရင်ကြီးဘူမိဘော အဒူယာဒက်က နသဘောကျနှစ်ခြိုက်သူမဟုတ်ကြောင်း သိရသည်။ ဘုရင် ဘူမိဘောအဒူယာဒက်ကို အလွန်မင်း ချစ်ခင်မြတ်နိုးသော ထိုင်းပြည်သူများအတွက် အောက်တိုဘာ ၁၃ ရက်သည် ကြေကွဲဖွယ်ရာနေ့တနေ့ပင်ဖြစ်တော့သည်။

Ref;Bangkok Post
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.