စင်ကာပူနိုင်ငံတွင် အိမ်ရှင်၏ သတ်ဖြတ်ခြင်းခံရသည့် ချင်အမျိုးသမီးအမှု ထူးခြားမှုတစ်စုံတစ်ရာ မရှိသေး

စင်ကာပူနိုင်ငံတွင် အိမ်ရှင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် မြန်မာအိမ်ဖော် ချင်းအမျိုးသမီးလေးအမှု ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးကြောင်း အဆိုပါအမှုကို ကူညီဆောင်ရွက်ပေးသည့် စင်ကာပူနိုင်ငံရောက် ချင်းအမျိုးသား ကိုခိုင်က စက်တင်ဘာ ၃၀ ရက်တွင် The Ladies သို့ပြောသည်။

“စင်ကာပူ မီဒီယာတွေမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး လတ်တလော မှာတော့ ဘာမှမဖော်ပြသေးဘူး၊ ဒီလိုပြစ်မှုမျိုးက သေဒဏ် မဟုတ်ရင် တစ်သက်တစ်ကျွန်း ချခံရတာမျိုးဆိုတော့ အမှုစစ်ကာလက အနည်းဆုံး တစ်နှစ် ၊ နှစ်နှစ် လောက်တော့ ကြာနိုင်တယ်။ ဒါသူတို့နိုင်ငံရဲ့ထုံးစံပဲ” ဟု ကိုခိုင်ကပြောသည်။

မြန်မာအိမ်ဖော် ချင်းအမျိုးသမီး ပြောင်ငိုင်ဒွန်းသည် ပြီးခဲ့သည် ဇူလိုင် ၂၆ ရက်က အိမ်ရှင်များ၏ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရပြီး သေဆုံး ခဲ့ခြင်း ဖြစ်သည်။ ၎င်းကိုနှိပ်စက်သည့် အိမ်ရှင် အသက် ၅၈ နှစ်အရွယ် Prema Naraynasamy နှင့် အသက် ၃၆ နှစ် ရှိ Gaiyathiri Murugayan တို့ နှစ်ဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုခဲ့သည်။

ယင်းနောက်တွင် ၎င်းတို့ရှေ့နေ၏ တင်ပြချက်အရ စိတ်ကျန်းမာရေး ဆရာဝန်နှင့် တွေ့ဆုံမှုများ ပြုလုပ်စေခဲ့ကြောင်းလည်း သိရသည်။

“သူတို့ဘက်က ရှေ့နေတင်ပြလို့ သူတို့သားအမိကို စိတ်ကျန်းမာရေး ဆရာဝန်နဲ့ တွေ့ဆုံခိုင်းတယ် ဆိုပေမယ့် သူတို့ ထောင်ထဲမှာတောင် အတူတူမထားဘူး၊ အာမခံလည်း ပေးမထားဘူး၊ သရုပ်ပြတဲ့ အချိန်မှာတောင် သီးသန့်ခွဲထားခဲ့တယ်။ စီအိုင်ဒီကလည်း ဒီအမှုကို သေသေချာချာ တည်ဆောက်နေတာ တွေ့ရတယ်၊ သူတို့ဆီမှာ အမှုစစ်တာ ကြာတက်တာတော့ ထုံးစံပါပဲ” ဟု ကိုခိုင်က ပြောသည်။

အသက် ၂၄ နှစ်အရွယ် ပြောင်ငိုင်ဒွန်းသည် ချင်းပြည်နယ် တီးတိန်မြို့ ဒဲမ်ပီရွာ ဇာတိဖြစ်ပြီး မိသားစုကို ပိုမိုထောက်ပံ့လိုခြင်းကြောင့် စင်ကာပူနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသေဆုံးချိန်တွင် သားငယ်မှာ ၂ နှစ် ၈ လအရွယ်သာ ရှိသေးသည်။ ပြောင်ငိုင်ဒွန်းသည် မိသားစု ၁၁ ယောက်ထဲတွင် အငယ်ဆုံးဖြစ်ပြီး ၉ တန်း အောင်မြင်ပြီးနောက် ကျောင်းဆက် တက်ချင်သော်လည်း ငွေကြေးအခက်အခဲကြောင့် ကျောင်းထွက်ခဲ့ရခြင်း ဖြစ်သည်။

“သူ့မိသားစုကတော့ အခုဘာပဲဖြစ်ဖြစ် ကျေနပ်တဲ့ အနေအထား တစ်ခုဖြစ်သွားပြီလို့တော့ ပြောလို့ရတာပေါ့။ သေတဲ့သူကလည်း သေသွားပြီ။ သူ့ကလေးကို သူ့အစ်ကိုနဲ့ သူ့အစ်မ တို့က စောင့်ရှောက်ထားတယ် ၊ ပြည်တွင်းပြည်ပက အလှူရှင် လှူဒါန်းငွေတွေကိုလည်း သူ့မိသားစုကို လွှဲပေးပြီးသွားပြီ။ အားလုံးစုစုပေါင်း ခန့်မှန်းခြေ သိန်း ၃၀၀ လောက်တော့ရှိတယ်။ အခုတော့ အဆင်ပြေသွားကြပါပြီ” ဟု ကိုခိုင်က The Ladies သို့ ဆက်လက်ပြောကြားခဲ့သည်။

Photo - Chin World (ပြောင်ငိုင်ဒွန်း) ၏ ရုပ်အလောင်းကို ဇာတိကျေးရွာ ဒဲမ်ပီတွင် သဂြိင်္ုဟ်စဉ်)
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.