ကိုလံဘီယာသမ္မတ ငြိမ်းချမ်းရေး နိုဘယ်ဆုရ



ဒုတိယအကြိမ် သမ္မတအဖြစ်ရွေးချယ်ခံရပြီး ဂုဏ်ပြုပွဲဆင်နွှဲနေပုံ။ ညာဘက်လက်မှာ ငြိမ်းချမ်းရေး လို့ ရေးသားထားပါတယ်။
ကိုလံဘီယာသမ္မတ Juan Manuel Santos ကို ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် နိုဘယ် ဆုရွေးချယ်ရေးကော်မတီက ဒီကနေ့ ကြေညာလိုက်ပါတယ်။ ကိုလံဘီယာအစိုးရနဲ့ ကိုလံဘီယာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ FARC တို့ကြား ၅၂ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို မကြာသေးခင်ကမှ လက်မှတ်ရေးထိုးခဲ့တာပါ။

ဒါပေမဲ့လည်း ဒီ ငြိမ်းချမ်းရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ လူထုဆန္ဒခံယူပွဲမှာ ကျင်းပရာမှာ ကန့်ကွက်သူ ၅၀.၂ % ထောက်ခံသူ ၄၉.၇% နဲ့ မမျှော်လင့်ဘဲ ကပ်ပြီး ပယ်ချခံခဲ့ရပြီးနောက် မကြာခင်မှာပဲ အခုလိုဆုချီးမြှင့်တဲ့အတွက် အများက အံ့အားသင့်ကြပါတယ်။ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုတဲ့ထဲမှာ FARC အဖွဲ့အပေါ် အစိုးရအနေနဲ့ အလျော့ပေးလိုက်လျောလွန်းအားကြီးတယ်လို့ မဲဆန္ဒရှင်အများအပြားက ယုံကြည်ထားကြတာပါ။

ဒီ သဘောတူညီချက်နဲ့ ပတ်သက်လို့ ကန့်ကွက်မှုတွေရှိပေမယ့်လည်း ငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည် ဖေါ်သွားမယ်လို့ သမ္မတ Santos ကပြောပါတယ်။ အခုလို ငြိမ်းချမ်းရေး နိုဗယ် ဆုချီးမြှင့်တာဟာ ကိုလံဘီယာပြည်သူတွေကို ဂုဏ်ပြုတာဆိုတဲ့အနေနဲ့ ကြည့်မြင်နိုင်ကြောင်းလည်း ဆုရွေးချယ်ရေး ကော်မတီ ဥက္ကဌ Kaci Kullmann Five က ဆုကြေညာစဉ်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး နိုဗယ်ဆု ချီးမြှင့်တာကြောင့် ကိုလံဘီယာသမ္မတနဲ့ ကိုလံဘီယာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ FARC တို့ကြား ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်း အသိအမှတ်ပြုသွားဖို့ ပိုအရေးကြီးတဲ့အနေအထားကို ရောက်ရှိသွားပြီ ဖြစ်ကြောင်းလည်း ဆုရွေးချယ်ရေး ကော်မတီကပြောပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ငြိမ်းချမ်းရေး နိုဗယ်ဆုကို နော်ဝေနိုင်ငံ အော်စလိုမှာ ဆုတံဆိပ်နဲ့အတူ ဒေါ်လာ ၉ သိန်း ၃ သောင်း ချီးမြှင့်မှာ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.