နျူးကလီးယားတားဆီးရေး ကန်နဲ့သဘောတူညီမှု ရုရှားဆိုင်းငံ

ရုရှားသမ္မတ Vladimir Putin
နျူးကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်တဲ့ ပလူတိုနီယံ ဓာတ်သတ္တု စွန့်ပစ်ရေးနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ သဘောတူညီချက်ကို ဆိုင်းငံ့ထားဖို့ အမိန့်တရပ်ကို ရုရှားသမ္မတ Vladimir Putin က ဒီကနေ့ တနလာင်္နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ပိုလျှံနေတဲ့ လက်နက်ထုတ်နိုင်တဲ့ ပလူတိုနီယမ်တွေကို စီမံခန့်ခွဲဖို့ အတွက် အမေရိကန် ပြည်ထောင်စု ဘက်က သူ့ရဲ့ ကတိက၀တ်တွေကို လက်တွေ့ မဆောင်ရွက်ခဲ့ဘူးဆိုပြီးလည်း ပြောဆိုပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ကနဦး စတင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ သက်တမ်းတိုးခဲ့တဲ့ ဒီသဘောတူညီချက်က နျူးကလီးယား အင်အားကြီး နှစ်နိုင်ငံတို့ အနေနဲ့ ကာကွယ်ရေး အစီအစဉ်တွေကနေ လက်နက်ထုတ်နိုင်တဲ့ ပလူတိုနီယံတွေ ဖျက်စီးဖို့ ဖြစ်ပါတယ်။

ရုရှား နိုင်ငံခြားရေး ၀န်ကြီး Sergei Lavrov နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် တို့ လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၁၀ ပြည်နှစ် သဘောတူညီချက် အရတော့ တနိုင်ငံချင်းစီက ပလူတိုနီယံ ၃၄ မက်ထရစ်တန်စီကို နျူးကလီးယား ဓာတ်ပေါင်းဖိုတွေမှာ မီးရှိှုပြီး ဖျက်စီးဖို့ ဖြစ်ပါတယ်။ ဒီပမာဏက နျူးကလီးယား လက်နက် ၁ သောင်း ၇ ထောင် တည်ဆောက်နိုင်လောက်တဲ့ ပမာဏ ဖြစ်တယ်လို့လည်း မစ္စစ် ကလင်တန်က ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.