အနီဃာလမ်းနေအိမ်ကို မြေငှားဂရန်အတုလုပ်၍ သိန်းလေးထောင်ဖြင့် ရောင်းချသည်ဟုဆိုကာ သရုပ်ဆောင် မေသန်းနုကို တပတ်အတွင်း လာရောက်ဖြေရှင်းပေးရန် ကြေညာ


ရုပ်ရှင်သရုပ်ဆောင် မေသန်းနုကို မြေငှားဂရန်စာချုပ်အတုပြုလုပ်ပြီး ကျပ်သိန်းလေးထောင်ဖြင့် ရောင်းချခဲ့မှုဖြင့် ခုနစ်ရက်အတွင်း လာရောက်ဖြေရှင်းပေးရန် ဒေါ်နှင်းလဲ့အောင်၏ ရှေ့နေများက စက်တင်ဘာ ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင်ကြေးမုံသတင်းစာမှ ကြေညာချက်ထုတ်ပြန်ထားသည်။

အဆိုပါကြေညာချက်တွင် ဒေါ်နှင်းလဲ့အောင်ကို ၁-၆-၂၀၁၆ ရက်စွဲပါ စာချုပ်ဖြင့် ဒေါ်သန်းသန်းဆင့်(ခ) မေသန်းနုက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ အနီဃာလမ်း၊ အမှတ်- ၄၆/ခ၊ မြေတိုင်းရပ်ကွက်၊ အမှတ်-၄၊ လူနေရပ်ကွက်- ကံဘဲ့၊ မြေကွက် အမှတ်- ၃၂/ခ၊ မြေဧရိယာ (သုည ဒသမ ၀၅၀)နှစ် ၆၀ မြေငှားဂရန် အမျိုးအစားမြေကွက်နှင့်မြေပေါ်ရှိ အဆောက်အအုံပါ အကျိုးခံစားခွင့်အရပ်ရပ်တို့အား ငွေကျပ် ၄၀၀, ၀၀၀,၀ ၀၀(ကျပ်သိန်းလေးထောင်တိတိ)ဖြင့် အရောင်း အ၀ယ်ပြုလုပ်၍ ငွေကြေးရယူထားကြောင်း၊ ဒေါ်သန်းသန်းဆင့်(ခ) မေသန်းနု၏ လက်မှတ်နှင့် လက်ဗွေပါ စာချုပ်ကို ပြသညွှန်ကြားခဲ့သောကြောင့် ရန်ကုန်မြို့စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် ဒေါ်သန်းသန်းဆင့် (ခ) မေသန်းနု အမည်ပေါက် မြေငှားဂရန်စာချုပ်မူရင်းဟုပြသကာ ဦးစိုးလင်းထက်အား ပြန်လည် ရုပ်သိမ်း ခွင့်မရှိသည့် အထူးကိုယ်စားလှယ်လွှဲစာ မှတ်ပုံတင် အမှတ် (၅၃၅၄/၂၀၁၆) ဖြင့် လွှဲအပ်သဖြင့် နောင်တွင် ဒေါ်နှင်းလဲ့အောင်၏ ခင်ပွန်းဖြစ်သူ ဦးစိုးလင်းထက်က ရောင်းချသူနေရာ၌ လက်မှတ်ထိုး၍ မှတ်ပုံတင် အရောင်း အ၀ယ်စာချုပ်ပြုလုပ်နိုင်ရေး ရည်ရွယ်ပြီး လွှဲပေးခဲ့ကြောင်း၊ ဒေါ်သန်းသန်းဆင့်(ခ)မေသန်းနုက ဂရန်မူရင်းဟု အဆိုရှိသည့်စာချုပ်နှင့် မေတ္တာဖြင့် အပိုင်ပေးသည့် စာချုပ်မှတ်ပုံတင်အမှတ် ၄၀၆၅/၂၀၁၅ ၏ ဓာတ်ပုံမိတ္တူ ကိုပါ ပေးအပ်သဖြင့် စာရွက်စာတမ်းအစစ်များဟု ယုံကြည်ပြီးနောက် ဒေါ်နှင်းလဲ့အောင်က ငွေများပေးချေ ခဲ့ကြောင်း၊ ထို့နောက် အရောင်းအ၀ယ်မှတ်ပုံတင် စာချုပ်ပြုလုပ်ရန် သက်ဆိုင်ရာသို့ မြေပုံရာဇ၀င်ကူးယူနိုင်ရေး ဆောင်ရွက်စဉ် ကျပ်သိန်းလေးထောင်ဖြင့်ရယူသည့် အချိန်ကပေးခဲ့သော စာချုပ်သည် ပိပိရိရိ ဖန်တီးထားသော စာချုပ်အတုဖြစ်ကြောင်း သိရှိရပြီး မြေငှားဂရန်စာချုပ်မူရင်းကို ဘဏ်တခုတွင် အပေါင်ထား၍ ငွေချေးထား ကြောင်း စုံစမ်းသိရှိရသောကြောင့် ဒေါ်နှင်းလဲ့အောင်က ခုနစ်ရက်အတွင်း လာရောက်ဖြေရှင်းပေးရန် တောင်း ဆိုထားပြီး ပျက်ကွက်ပါက တည်ဆဲဥပဒေအရ တိုင်ကြားခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

''ဒီဖြစ်စဉ် မှန်တယ်ဆိုရင်တော့ တရားမမှုရော၊ ပြစ်မှုရော နှစ်လမ်းစလုံး သွားလို့ရတယ်။ တရားစွဲမယ့် ကာယကံရှင်ရဲ့ဆန္ဒအပေါ် မူတည်တာပေါ့လေ''ဟု တရားလွှတ်တော်ရှေ့နေတဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သရုပ်ဆောင်မေသန်းနု၏ လက်ကိုင်ဖုန်းကို News Watch က စက်တင်ဘာ ၂၉ ရက် ညနေတွင် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပါ။ ''သူအခုနိုင်ငံခြားရောက်နေတယ်လို့ ကြားတယ်''ဟု ရုပ်ရှင်အသိုင်းအ၀ိုင်းမှ အမည်မဖော်လိုသူတဦးက ပြောသည်။

သရုပ်ဆောင်မေသန်းနုကို ယခုလအတွင်းက ကမာရွတ်မြို့နယ်တွင်နေထိုင်သည့် ဒေါ်စန်းစန်းမြင့်က ငွေကျပ် သိန်း ၄၀၀ လိမ်လည်မှုဖြင့် ရန်ကင်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်မှုဖြစ်ပွားခဲ့ပြီး မေသန်းနုကလည်း အဆိုပါ အမျိုးသမီးကို ပြန်လည်တရားစွဲဆိုရန် စီစဉ်ထားကြောင်း သတင်းမီဒီယာများကို ပြောကြားထားသည်။

နန္ဒမျိုးဆောင်
Photo-မေသန်းနု FB

COMMENTS

Name

art,1,article,1316,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,8,health,33,history,2,international,7543,interview,221,knowledge,8,Live,8,LocalNews,16062,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,146,statement,59,technic,57,translate,34,video,1068,voice,76,
ltr
item
dawnmanhon: အနီဃာလမ်းနေအိမ်ကို မြေငှားဂရန်အတုလုပ်၍ သိန်းလေးထောင်ဖြင့် ရောင်းချသည်ဟုဆိုကာ သရုပ်ဆောင် မေသန်းနုကို တပတ်အတွင်း လာရောက်ဖြေရှင်းပေးရန် ကြေညာ
အနီဃာလမ်းနေအိမ်ကို မြေငှားဂရန်အတုလုပ်၍ သိန်းလေးထောင်ဖြင့် ရောင်းချသည်ဟုဆိုကာ သရုပ်ဆောင် မေသန်းနုကို တပတ်အတွင်း လာရောက်ဖြေရှင်းပေးရန် ကြေညာ
https://1.bp.blogspot.com/-gfnVr91uQl8/V-6DF-V8u0I/AAAAAAAAZac/fsJGjmniRhUsEDVYO8CgM1OUOv7VA044QCLcB/s400/q1.jpg
https://1.bp.blogspot.com/-gfnVr91uQl8/V-6DF-V8u0I/AAAAAAAAZac/fsJGjmniRhUsEDVYO8CgM1OUOv7VA044QCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/10/blog-post_33.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/10/blog-post_33.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy