ပေါ်တူဂီရဲ့ ဂူတာရက်စ် ကုလ အတွင်းရေးမှူးချုပ် ဖြစ်လာမယ်

အန်တိုနီယို ဂူတာရက်စ်က ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကို ၁၀ နှစ်ကြာ ဦးဆောင်ခဲ့။

ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် နေရာကို ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း အန်တိုနီယို ဂူတာရက်စ် ဆက်ခံဖို့ သေချာသွားပြီလို့ ကုလ သံတမန် အသိုင်းအဝိုင်းက ပြောပါတယ်။

အတွင်းရေးမှူးချုပ် နေရာအတွက် သင့်တော်သူ ၁၀ ဦး ထဲကနေ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ မဲပေး ရွေးချယ်ခဲ့ရာမှာ ၆၆ နှစ်အရွယ် မစ္စတာ ဂူတာရက်စ်ကို ကန့်ကွက်သူ မရှိခဲ့ဘဲ အတွင်းရေးမှူးချုပ် နေရာအတွက် အဆိုပြု ခံရသူ ဖြစ်လာတာပါ။

သူ့ကို အတည်ပြု ဖို့အတွက်တော့ လုံခြုံရေး ကောင်စီက မနက်ဖြန် ကြာသပတေးနေ့မှာ မဲပေး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

မစ္စတာ ဂူတာရက်စ်ဟာ ကုလ သမဂ္ဂ ဒုက္ခသည် ဆိုင်ရာ အေဂျင်စီကို ၁၀ နှစ်ကြာ ဦးဆောင်ခဲ့သူ ဖြစ်ပြီး မစ္စတာ ဘန်ကီမွန်း နေရာကို လာမယ့် ၂၀၁၇ အစောပိုင်းမှာ လွှဲပြောင်း ယူဖို့ ရှိပါတယ်။

လက်ရှိ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ၂၀၀၇ ဇန်နဝါရီမှာ အတွင်းရေးမှူးချုပ် ၅ နှစ်သက်တမ်း နှစ်ကြိမ် ပြည့်မှာ ဖြစ်ပါတယ်။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.