မောင်တောအရေး ပွင့်လင်းမြင်သာစွာကိုင်တွယ်ဖို့ အမေရိကန်သံရုံး မျှော်လင့်

အမေရိကန်သံရုံး logo (FB-US embassy Rangoon)
အမေရိကန်သံရုံး logo (FB-US embassy Rangoon)

မကြာသေးမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့်စခန်းများအား ဝင်ရောက်တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများကြောင့် ထပ်မံသေဆုံးမှုများကြားသိရသည့်အတွက် အမေရိကန်သံရုံးက များစွာစိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန်သံရုံးကပြောပါသည်။

ဒါ့အပြင်ကျရှုံး ကွယ်လွန်သွားခဲ့ကြသူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲပါကြောင်းလည်း အမေရိကန်သံရုံးက ပြောကြားလိုပါသည်။ တိုက်ခိုက်မှု ကျူးလွန်ခဲ့ကြသူများအား တရားဥပဒေနှင့်အညီ သေချာစွာအရေးယူနိုင်မည့် စေ့စပ်သေချာ၍ ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေး ဖော်ထုတ်မှုတစ်ရပ်ကို မျှော်လင့်ကြောင်း သံရုံး Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နှင့်ပတ်သက်၍ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရေး၊ ရရှိသောသတင်းရင်းမြစ်များကို သေချာစွာစိစစ်ရေး၊ အပြစ်မဲ့သူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရေးနှင့် နောက်ထပ်အကြမ်းဖက်မှုများ မဖြစ်ပွားစေရေးတို့အတွက် ပါဝင်ပတ်သက်သူများအားလုံးကို သံရုံးကမေတ္တာရပ်ခံပါသည်။ ဤဖြစ်စဉ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စေသော အခြေခံ အကြောင်းအရင်းများကို ကိုင်တွယ် ဖြေရှင်းရန်အတွက် လည်းကောင်း၊ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အားပေးကူညီသွားမှာဖြစ်တယ်လို့လည်း သံရုံး Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.