ယခင်အစိုးရလက်ထက်က ရန်ကုန်အစိုးရအဖွဲ့ ရန်ပုံငွေမှ ခေါင်းစဉ်မပြ သုံးစွဲရန် ဟုဆိုကာ အုပ်ချုပ်ရေးမှုးများထံ ကျပ်သိန်း ၂၀၀ စီ ပေးအပ်မှုများ ရှိခဲ့


ယခင်အစိုးရလက်ထက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေများထဲမှ ခေါင်းစဉ်မပြ သုံးစွဲရန်ဟုဆိုကာ အုပ်ချုပ်ရေးမှူးများထံ ကျပ်သိန်း ၂၀၀ ဆီ ပေးအပ်ခဲ့မှုများရှိကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက အောက်တိုဘာ ၁၂ ရက်တွင် မီဒီယာများသို့ ပြောသည်။

“ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ခေါင်းစဉ်မရှိဘဲ သုံးစွဲခဲ့တာရှိပါတယ်။ ဒါကလည်း ရှင်းစရာမလိုတော့ ပါဘူး။ ပြီးခဲ့တဲ့အစိုးရက ပြီးသွားပြီဖြစ်တဲ့ အတွက် အခုအစိုးရ လက်ထက်မှာ ရန်ပုံငွေလွှဲခဲ့တာ ၁၉.၃၀ ဘီလီယံရှိတယ်” ဟု ဒေါ်စန္ဒာမင်းကပြောသည်။

လက်ရှိအစိုးရအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်က ၁၅ ရာခိုင်နှုန်း အထူးကုန်စည်ခွန်က ၁၅ ရာခိုင်နှုန်း၊ တံဆိပ်ခေါင်းခွန်၊ ၀င်ငွေခွန်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ လှူဒါန်းငွေများကို အားလုံးပေါင်း၍ ရရှိမည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေများကို မည်သည့် နေရာများတွင် သုံးစွဲမည်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ကြီးကလည်း ဆက်လက် ဖြေကြားပေးသွားမည် ဖြစ်ခြင်းကြောင့် ပွင့်လင်းမြင်သာစွာ ချပြလိမ့်မည်ဟုလည်း ဒေါ်စန္ဒာမင်းက ဆိုသည်။

“စီးပွားရေးလုပ်ငန်းရှင်တွေ လှူဒါန်းတဲ့ လူတွေကို ဖော်ပြစရာမလိုပါဘူး။ လှူဒါန်းမှုတွေက ဒီလောက်ငွေတွေ ရရှိနေတယ်၊ ဘယ်နေရာတွေမှာ သုံးစွဲပါတယ်ဆိုတာကို ပြနိုင်တယ်ဆိုရင် ကျွန်မတို့အနေနဲ့ အဂတိတရား ကင်းရှင်းတယ်၊ ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရဖြစ်တယ် ဆိုတဲ့ဟာကိုလည်း ပြည်သူတွေကို ပြချင်ပါတယ်”ဟု ဒေါ်စန္ဒာမင်းကဆိုသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များက အကြောင်းအမျိုးမျိုး ကြောင့် လှူဒါန်းမှုများရှိကြောင်း ယင်းလှူဒါန်းငွေများ ကို ခေါင်းစဉ်များဖြင့် တိတိကျကျ မည်သည့် နေရာတွင် သုံးစွဲသည် ပြည်သူ့အ တွက် အကျိုးရှိစွာ အသုံးပြုပြီး ချပြပါက ပွင့်လင်းမြင်သာမှုရှိသည့် အစိုးရတစ်ရပ်အဖြစ် လက်ခံရမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“လှူဒါန်းငွေရရှိတယ် ဆိုတာ တစ်ယောက်တည်းက သိတာမဟုတ်ပါဘူး။ ၀န်ကြီးဌာနတွေ အားလုံးသိပါလိမ့်မယ်။ ၀န်ကြီးချုပ်အနေနဲ့လည်း ကတ်ဘိနက်မှာ တင်ပြပါလိမ့်မယ် အဲ့အခါကျမှ အားလုံး ဆုံးဖြတ်ပြီးတော့မှ သုံးစွဲတာဖြစ်တဲ့အတွက် အဂတိတရား ကင်းရှင်းနိုင်သလောက် ကင်းရှင်းတယ်လို့တော့ ထင်ပါတယ်” ဟုလည်း ဒေါ်စန္ဒာမင်းက ဆက်လက်ပြောကြားခဲ့သည်။

ဇော်မင်းထွန်း
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.