ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ရှယ်ယာများ . ပြန်လည်ရောင်းချမည်

ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အစုရှယ်ယာများကို အများပြည်သူများ ပြန်လည် ဝယ်ယူနိုင်ရန်အတွက် ယခုနှစ် အောက်တိုဘာ ၄ ရက်မှ စတင်ကာ ရောင်းချပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ သိရသည်။

ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီသည် အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်သည့် BRT Lite ယာဉ်လိုင်း အမှတ် (၁)၊ (၂)၊ (၃) တို့ကို ပြေးဆွဲပေး လျက်ရှိပြီး ယာဉ်အစီးရေနှင့် ယာဉ်လိုင်းများ ထပ်မံတိုးချဲ့ ပြေးဆွဲနိုင်ရေးအတွက် အစုရှယ်ယာများ ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

''အများပြည်သူကလည်း ရှယ်ယာဝယ်ထားဖို့ကို စိတ်ဝင်စားပါတယ်။ မရောင်းသေးဘူးလား မေးနေတာကြာပါပြီ။ ယာဉ်ပိုင်ရှင်တွေ ကလည်း စိတ်ဝင်စားပါတယ်။ ဒါက ရေရှည် ဆောင်ရွက်သွားရမယ့် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးပါ။ အခုရှယ်ယာတွေ ပြန်ရောင်း ပေးပါ့မယ်'' ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အစုရှယ်ယာတစ်စုလျှင် ကျပ် ၁ဝဝ,ဝဝဝ ဖြင့် လူတစ်ဦးလျှင် တစ်စုမှ အစု ၁ဝဝဝ အထိ အောက်တိုဘာ ၄ ရက်မှစတင်ကာ အမှတ်- ၁၃၁/၁၃၃ 1st (A) ဗိုလ်တထောင်ဘုရားလမ်း၊ ဗိုလ်တထောင် မြို့နယ်ရှိ ကုမ္ပဏီရုံးခန်းတွင် နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီထိ (ကုမ္ပဏီရုံးဖွင့်ရက်တွင်) ဝယ်ယူနိုင်ကြောင်း သိရသည်။

ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းပါဝင်မှု Public-Private Partnership - PPP စနစ်ဖြင့် ထူထောင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ထိရောက်စွာ တိုးတက်ပြောင်းလဲ ဆောင်ရွက်ရန်အတွက် နိုင်ငံတော်မှ ထည့်ဝင်ရင်းနှီးငွေကျပ် ၁ဝ ဘီလီယံ (၄ဝ ရာခိုင်နှုန်း)၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ အပါအဝင် အများပြည်သူ မှ ထည့်ဝင်ငွေကျပ် ၁၅ ဘီလီယံ (၆ဝ ရာခိုင်နှုန်း)ဖြင့် ထူထောင် ဆောင်ရွက်သွား ရန် ဖြစ်သည်။ လက်ရှိတွင် ရောင်းချမည့် အစုရှယ်ယာများကို အများပြည်သူ မတည်ထည့်ဝင်ငွေအဖြစ် ရောင်းချ သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသား များနှင့် မြန်မာနိုင်ငံသား အပြည့်အဝ ပိုင်ဆိုင်သော ကုမ္ပဏီများ ဝယ်ယူခွင့် ရှိကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီအနေဖြင့် ရောင်းချပြီး အစုရှယ်ယာမှာ လူဦးရေ ၁၁၁၄ ဦးနှင့် အစုပေါင်း ၂၄၂၆၄ စု၊ ၂၄၂၆၄ သိန်း ဖြစ်ပြီး ရောင်းချရန် ကျန်ရှိသည့် အစုရှယ်ယာ ကျပ် သိန်းပေါင်း ၅၇၂၆ သိန်း ဖြစ်ကြောင်းသိရသည်။ အစု ရှယ်ယာရောင်းချခြင်း ကို ယခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်က ခေတ္တရပ်ဆိုင်း ထားခဲ့ပြီး ယခု ပြန်လည် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"BRT ကို စိတ်ဝင်စားပါတယ်။ လုပ်တဲ့ပုံစံလေးလည်း ကောင်းတယ်။ ရေရှည် လုပ်နိုင်ဖို့တော့ လိုပါတယ်။ အမြတ်ရဖို့ဆိုတာကလည်း အများပြည်သူ ပို့ဆောင်ရေး ဖြစ်နေတော့ အစိုးရရဲ့ ပံ့ပိုးမှုက အရေးကြီးတယ်။ အများစီးတဲ့ ဘတ်စ်ကားတွေကို အခွန်လျှော့ချပေးတာတို့၊ တစ်ခုခု ပြန်စီစဉ်ပေးတာတို့
ပေါ့။ နောက်ပိုင်း ကားတွေကိုလည်း အရည်အသွေးနဲ့ ဝန်ဆောင်မှု တစ်ပုံစံတည်း ဖြစ်စေချင်တယ်။ ရင်းနှီးမြှုပ်နှံထားဖို့ စိတ်ဝင်စားပါတယ်''ဟု ရန်ကုန် မြို့တွင်း ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက သုံးသပ်သည်။

MOI
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.