လန်ဒန်ဆရာတော်က သံဃာ့မဟာနာယကအဖွဲ့နဲ့ ညှိနှိုင်းဖို့ မဖြစ်နိုင်ကြောင်း မိန့်ကြား

 london-monk-620.JPG လန်ဒန်ဆရာတော် ဦးဥတ္တရ ကို စက်တင်ဘာလ ၃ဝ ရက်နေ့က တာမွေမြို့နယ် တရားရုံးရှေ့မှာ တွေ့ရစဉ်
Photo: Htet Arkar/RFA
ရန်ကုန်မြို့ တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတိုက်ကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲခံထားရတဲ့ လန်ဒန် ဆရာတော်ဦး ကျောင်းတိုက်အရေးနဲ့ ပတ်သက်ပြီး သံဃာ့မဟာနာယကအဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းဖို့ဆိုတာဟာ မဖြစ်နိုင်ကြောင်း သတင်းမီဒီယာတွေကို မိန့်ကြားပါတယ်။

ဒီကနေ့ လန်ဒန်ဆရာတော် အပါအဝင် ဆရာတော် ၅ ပါးကို တာမွေမြို့နယ်တရားရုံးမှာ သံဃာအဖွဲ့အစည်း စကားနားမထောင်မှု ၂ဝ/၉ဝ နဲ့ တာမွေတရားရုံးမှာ တရားရင်ဆိုင်အပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ဆရာတော်က ဦးဥတ္တရ က မိန့်ကြားခဲ့တာပါ။

"အခုချိန်မှာတော့ နိုင်ငံတော်သံဃာ့မဟာနာယကနဲ့ တွေ့ဖို့ဆိုတာ ဘုန်းကြီးတို့ အချိန်မဟုတ်သေးပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးတို့ကိုယ်တိုင်က သံဃာ့မဟာနာယကကို ဘာမှပြစ်မှားထားတာ မရှိတဲ့ အတွက်ကြောင့် နိုင်ငံတော်သံဃာ့မဟာနာယကနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ ညှိနှိုင်းရမယ့်ကိစ္စမရှိသေး ဘူး၊ အဓိကလုပ်ရမယ့်တာဝန်က သာသနာရေးဌာနက တရားစွဲထားတာဖြစ်တဲ့အတွက် နိုင်ငံတော်သံဃာ့ မဟာနာယကကလည်း ပြောတယ်လေ၊ ဘုန်းကြီးတို့သွားပြီးတော့ တောင်းပန်တဲ့အခါမှာ တောင်းပန် စာတွေပို့တဲ့အခါမှာ တောင်းပန်လို့မရတော့ဘူးတဲ့၊ ဒါသူတို့နဲ့မဆိုင်တော့ဘူးတဲ့၊ တရားရုံးနဲ့ပဲ ဆိုင်တယ်တဲ့"


လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် ဆရာတော် ၅ ပါးကို မဟာသန္တိသုခကျောင်းတိုက်နဲ့ ပတ်သက်ပြီး သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) ၊ သံဃာအဖွဲ့အစည်း စကားနားမထောင်မှု ၂ဝ/၉ဝ တို့နဲ့ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှူး ဦးစိန်မော်က တရားလိုလုပ်ပြီး တာမွေမြို့နယ်တရားရုံးမှာ တရားစွဲထားတာ ဖြစ်ပါတယ်။

သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)ကို တရားလို ဦးစိန်မော်က တရာရုံးမှာ တရားလာရင်ဆိုင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လက အမှုကို ပိတ်သိမ်းလိုက်ပါတယ်။

ဒါပေမယ့် သံဃာ့အဖွဲ့အစည်း စကားနားမထောင်မှု ၂ဝ/၉ဝ ကိုဆက်လက် တရားရင်ဆိုင်နေရပြီး ရုံချိန်း ၄၈ကြိမ် ရုံချိန်းရှိပြီဖြစ်တယ်လို့ လန်ဒန်ဆရာတော် ဦးဥတ္တရ က မိန့်ကြားပါတယ်။

မဟာသန္တိသုခဗုဒ္ဓသာသနပြုကျောင်းတော်ကြီးနဲ့ပါတ်သတ်ပြီး လန်ဒန်ဆရာတော်အပါဝင်ဆရာ၅ပါးဟာ အခုချိန်ထိ ၂နှစ်ကျော်ကြာ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။
RFA

Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.