ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖြစ် ခန့်အပ်



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ဦးဖြိုးမင်းသိန်းသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့တွင် ပါတီဗဟိုကော်မတီဝင် အဖြစ် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပြီး ယခုအခါ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံရခြင်းဖြစ်ကြောင်း သိရသည်။

NLD အနေဖြင့် ဦးဖြိုးမင်းသိန်းအား ဗဟိုအလုပ်အမှုဆောင် ခန့်အပ်ခြင်းနှင့် အတူ အရန် ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုးအား ဗဟိုအလုပ် အမှုဆောင်အဖြစ် တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ခြင်း ပတ်သက်ပြီး ပါတီစည်းမျဉ်းနှင့် မညီညွတ်ကြောင်း ပါတီအနေဖြင့် ညီလာခံခေါ်ယူရန် လိုအပ်ကြောင်း မခေါ်နိုင်ယူပါက ပါတီဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူပြီး ဒီမိုကရေစီ နည်းကျကျ လျို့ဝှက်မဲပေးကာ ဗဟိုအလုပ်အမှုဆောင်သစ်များ ရွေးချယ်ရန် လိုအပ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ယင်း၏ ကိုယ်ပိုင်ဖေ့စ် ဘုတ်စာမျက်နှာတွင် “ကျနော်ကတော့ ပါတီညီလာခံ ပြန်ခေါ်ယူသင့်တယ် လို့ မြင်ပါတယ်။ အဲဒီလို မခေါ်နိုင်သေးရင်တောင် ပါတီဗဟိုကော်မတီ အစည်းအဝေးခေါ်ယူပြီး ဒီမိုကရေစီနည်းကျ ဗဟိုကော်မတီဝင်တွေက လျှို့ဝှက်မဲပေးကာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ်တွေကို ရွေးချယ်နိုင်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ အခုလက်ရှိ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကလည်း ဗဟိုကော်မတီက ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခဲ့တာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က အမည်စာရင်း တင်သွင်းတာ ၀န်ပေးခဲ့တာပါ။ ပါတီထဲမှာ အုပ်စုဖွဲ့တာ၊ ဂိုဏ်းဖွဲ့တာတွေ အားကောင်းလာမှာ စိုးရိမ်လို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို အခုလိုရွေးချယ်ရသလို ပြောတာတွေကတော့ အကြောင်းအကျိုး မဲ့လွန်းပါတယ်” ဟု သုံးသပ်ရေးသားထားသည်။

စိုင်းဟန်
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.