နယ်ခြားရဲတပ်ဖွဲ့တွေ တိုက်ခိုက်ခံရမှု သတင်းစာရှင်းလင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ရဲစခန်းသုံးခုကို အောက်တိုဘာလ ၉ ရက် ဒီနေ့မနက်က အကြမ်းဖက်စီးနင်းခံရမှုမှာ အကြမ်းဖက် တိုက်ခိုက်သူ ၈ ဦးကို အသေရမိပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံး၊ ငါးဦးဒဏ်ရာရ ကာ ၁ ဦးပျောက်ဆုံးနေကြောင်း နဲ့ ရဲတပ်ဖွဲ့ဖက်က လက်နက်မျိုးစုံ ၅၁ ပါသွားပြီး ကျည်ဆံမျိုးစုံ တသောင်းကျော်ပျောက်ဆုံးခဲ့တယ်လို့ ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။

ဒီကနေ့ နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုငိငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြောတာဖြစ်ပါတယ်။

အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် ကျီးကန်းပြင် တိုက်ခိုက်ခံရမှာ ရဲတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးကာ လက်နက်ငယ် ၂ လက်၊ ကျဉ် ၃၆၀ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့ပါတယ်။

ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရဲကင်းစခန်း တိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင်တဦးကျဆုံးပြီး အရာရှိ တဦးအပါအ၀င် ၂ ဦးဒဏ်ရာရပြီး လက်နက် ၂ လက်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

ငါးခူရနယ်မြေရဲစခန်းကို တိုက်ခိုက်ခံရတာမှာတော့ အရာရှိတဦး နဲ့ တပ်သား ၁ ဦး ၂ ဦးကျဆုံးပြီး အခြားအဆင့် ၁ ဦးပျောက်ဆုံးကာ စက်တလုံးဆုံးရှုံးခဲ့တယ်လို့ပြောပါတယ်။

ရဲချုပ်ဇော်ဝင်းက ကျူးလွန်တဲ့သူတွေက ရိုဟင်ဂျာဆိုပြီးကြွေးကြော်ကြကြောင်း၊ ဖမ်းဆီးရမိသူ ၂ ဦးကို စစ်ဆေးပြီး လိုအပ်တဲ့အချိန်မှာ ဘယ်အဖွဲ့က ဆိုတာ ထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သတ်ပြီး ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးနဲ့ထိတွေ့ဆက်ဆံပြီးလိုအပ်ရင် အကူအညီတောင်းသွားမှာ ဖြစ်သလို နယ်ခြားစောင့်ရဲတပ်ဖွဲ့ခြင်းသတင်းဖလှယ်ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။

သတင်းစာရှင်းလင်းပွဲကို ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမူဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။

ဓါတ်ပုံ ၀င်းနောင်တိုး/RFA
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.