နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကို နိုင်ငံတကာလူသားချင်း စာနာထောက်ထားသူဆု ပေးအပ်



HKI Europe Paris ဥက္ကဌ Dr. Howard Cohn က ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာလ ၂၇ ရက်နေ့က နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသူဆု ပေးအပ်စဉ်။ Photo: Win Naung Toe/RFA
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို Helen Keller International Humanitarian Award နိုင်ငံတကာလူသားချင်းစာနာထောက်ထားသူဆုကို HKI Europe Paris ဥက္ကဌ Dr. Howard Cohn က ဒီကနေ့ နေ့လည်က နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ပေးအပ်ခဲ့ပါတယ်။

အဲဒီဆုကို ၂ဝ၁၃ ခုနှစ်မှာ ဟီလာရီကလင်တန်၊ ၂ဝ၁၄ ခုနှစ်မှာ စီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ တွမ်အာနိုး တို့ရယူခဲ့ပြီး ၂ဝ၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

Helen Keller ဟာ အမေရိကန်ရဲ့ ပထမဆုံးဝိဇ္ဇာဘွဲ့ရရှိခဲ့တဲ့ မျက်မမြင်၊ နားမကြား၊ မသန်စွမ်းပုဂ္ဂိုလ် တစ်ဦးဖြစ်ပါတယ်။

Helen Keller International ကို ၁၉၅၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး Humanitarian Award ကို ၂ဝဝ၇ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား လူသားချင်းစာနာထောက်ထားမှုကို စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ခဲ့တဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အဖွဲ့အစည်းအလိုက်ပေးအပ်တဲ့ ဆုအမျိုးအစားကို ဒေါ်အောင်ဆန်း စုကြည် က ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.