မဟာသန္တိသုခကျောင်းတော်ကြီးအရေးကိစ္စ အထူးစုံစမ်းစစ်ဆေးကော်မရှင်ဖြင့် ဖြေရှင်းပေးသင့်ကြောင်း လန်ဒန်ဆရာတော်မိန့်ကြား

 
 
နိုင်ငံတော်အစိုးရက မဟာသန္တိသုခကျောင်းတော်ကြီးအရေးကိစ္စကို  အထူးစုံစမ်းစစ်ဆေးကော်မရှင်တစ်ရပ် ဖွဲ့စည်းကာ  ဖြေရှင်းပေးသင့်ကြောင်းမဟာသန္တိသုခကျောင်းတော်ကြီးအရေးနှင့် လန်ဒန်ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော် ၅ ပါး ဖမ်းဆီးစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ၉ရက်နေ့တွင် တာမွေမြို့နယ် နတ်ချောင်းရပ်ရှိ မဟာသန္တိသုခကျောင်းအနီး၊သာသနဇေယျမင်္ဂလာ ကျောင်း(သုံးထပ်ကျောင်း)တွင် အထူးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးလန်ဒန်ဆရာတော် ဦးဥတ္တရမှ မိန့်ကြားခဲ့သည်။ 

"မဟာသန္တိသုခကျောင်းတိုက် ပြန်ပေးပြီးလို့ချင်ရင် ဘုန်းကြီးတို့ကို တရားရုပ်သိမ်းသည်ဖြစ်စေ၊ မရုပ်သိမ်းသည်ဖြစ်စေ နိုင်ငံတော် သံဃာမဟာနာယကကို တောင်းပန်မယ်လို့ ဘုန်းကြီးတို့ အတိအလင်းမီဒီယာတွေ ပြောပြီး သားဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ ဒီသတင်းစာရှင်းလင်းပွဲဟာ ဘုန်းကြီးတို့ အတွက် ကျောင်းလိုချင်လို့ မဟုတ်ပါဘူး။ ဘုရားဟော တရားတော်ထဲမှာရှိပါတယ်။ နေရာတိုင်းမှာငုံ့မခံရဘူး။ "ဟု လန်ဒန်ဆရာတော် ဦးဥတ္တရမှ မီဒီယာများကို မိန့်ကြားသည်။

အောက်တိုဘာ ၈ရက်ကလည်း  နေပြည်တော်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် မဟာသန္တိသုခကျောင်း တိုက်နှင့်ပတ်သက်သည့် သတင်း စာရှင်းလင်းပွဲကျင်းပခဲ့ပြီး မဟာသန္တိသုခ ကျောင်းတိုက်ကို နိုင်​ငံ တော်အစိုးရမှ မဟာသံဃနာယသို့ လှူဒါန်းထားခြင်းဖြစ်ကြောင်း၊မဟာသန္တိသုခ ကျောင်းတိုက်ကို မဟာသံဃနာယက အဖွဲ့ကသာ စီမံပိုင်ခွင့်ရှိပြီး အမှုရုပ်သိမ်းပေးရန်မှာလည်း မဟနအပေါ် မူတည်ကြောင်း၊မဟာသန္တိသုခကျောင်းနှင့်​ ပတ်​သက်​​သော ပိုင်ဆိုင်မှုအထောက်အထား အပြည့်အစုံရှိ​သော​ကြောင့်​ ​ကျောင်းတိုက်​ကို  ပြန်လည်ပေးအပ်မည် မဟုတ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူများက မီဒီယာသို့ ပြောကြားခဲ့သည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ " မနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတော်သံဃမဟာနာယက ကိုယ်စား သာသနာရေးဝန်ကြီးဌာန ဝန်ထမ်းတွေကနေပြီး သူတို့ မဟန ပိုင်တယ်ဆိုပြီး၊သူတို့ ရေစက်ချတယ်ဆိုပြီးတော့ အတင်းအကျပ် ပြောနေပြီဆိုရင် မြန်မာ နိုင်ငံမှာ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ခုဟာ လိုအပ်နေပြီလို့ ဘုန်းကြီးပြောချင်တယ်။ဒါလုပ်ပေးမှ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ငြိမ်းချမ်းမှာ။မဟုတ်ရင် ဘာသာရေးစစ်ပွဲ ကြောင့် မြန်မာနိုင်ငံဟာ နောက်ထပ်ကျွန်ဆက်ဖြစ်သွားလိမ့်မယ်လို့ ဘုန်းကြီးဒါပဲပြောချင်တယ်။ဒါကို နိုင်ငံရေးအသုံးချပြီးတော့ သံဃာတော်တွေ မတည့်မှု ဒီဟာတွေကို မီးစထိုးပြီးတော့ နိုင်ငံရေးလုပ်နေလို့ရှိရင် မြန်မာနိုင်ငံသူ နိုင်​ငံ သားတွေ လိုချင်နေတဲ့ ဒီမိုကရေစီ က ချက်ချင်းရပ်တန့် သွားမဲ့အရေးဟာ အင်မတန်မှပဲ အရေးကြီးပါတယ်။ဒါကြောင့် မလိုသူတွေရဲ့ အသုံးချ မှု မခံရအောင် နိုင်ငံတော်က တိတိကျကျ နဲ့ အထူးစုံစမ်းစစ်ဆေးကော်မရှင်တစ်ခုကို ပါလီမန် ကနေပြီးတော့ လူ့အခွင့်အရေးကော်မရှင်လိုပဲ မဲခွဲဆုံးဖြတ်ပြီး လုပ်သင့်တယ်လို့ ဘုန်းကြီး အကြံဥာဏ်တောင်းပါတယ် '' ဟု လန်ဒန်ဆရာတော် ဦးဥတ္တရမှ မီဒီယာများကို မိန့်ကြားသည်။

လင်းလင်းအောင်.                                                   News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.