ကျောက်တော်မှာ ဆင်းရဲသားတွေ ကို မြေနေရာပေးဖို့ ဒေသခံတွေ ဆန္ဒပြ


ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဆင်းရဲနွမ်းပါးသူတွေကို အစိုးရကမြေနေရာတွေချပေးဖို့ ဒေသခံ ၂ဝဝ လောက် အောက်တိုဘာလ ၆ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဆင်းရဲနွမ်းပါးသူတွေကို အစိုးရကမြေနေရာတွေချပေးဖို့ ဒေသခံ ၂ဝဝ လောက် အောက်တိုဘာလ ၆ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ်
Photo: Ko Soe Latt

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဆင်းရဲနွမ်းပါးသူတွေကို အစိုးရကမြေနေရာတွေချပေးဖို့ ဒေသခံ ၂ဝဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

အိမ်ရာမြေကွက်တွေ ဈေးကြီးတာကြောင့် ကျူးကျော်တွေအဖြစ်နဲ့ နေထိုင်ကြရသူတွေကို အစိုးရက နေရာ ချထားပေးစေချင်တာလို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ကျောက်တော် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်လှမေ က ပြောပါတယ်။

ကျောက်တော်မြို့စွန်ရပ်ကွက်တွေမှာရှိတဲ့ မြေကွက်တွေကို စီးပွားရေးလုပ်ငန်းရှင်တွေက သိမ်းကြုံးဝယ်ယူပြီး အိမ်ရာမြေတစ်ကွက်ကို ငွေကျပ် သိန်း ၂ဝဝ လောက်အထိ ဈေးရှိနေတာကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက် ကစကာ ကျူးကျော်နေထိုင်သူတွေ များလာတာလို့ဆိုပါတယ်။

ဆန္ဒပြပွဲမှာ ပစ္စည်းမဲ့လူတန်းစားဘဝ မြှင့်တင်ပေးရေး၊ ဆင်းရဲသားတွေကို ပုတ်ခတ်စော်ကားတဲ့ မြို့မိမြို့ဖအဖွဲ့ကို အလိုမရှိ၊ မြို့မိမြို့ဖအဖွဲ့ကို လူထုဆန္ဒနဲ့အညီ တရားဝင်ရွေးချယ်ပေးရေး၊ ဆင်းရဲသူဆင်းရဲသားတွေရဲ့ဘဝကို အစိုးရက ကာကွယ်စောင့်ရှောက်ပေးရေး စတဲ့အချက်တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

ကျောက်တော်မြို့မှာရှိတဲ့ ပိုက်သည်ရပ်၊ ပြည်တောင်သာ၊ မြို့သစ်၊ ရှမ်းရွာ စတဲ့ရပ်ကွက်တွေမှာ စိုးရက လမ်း၊ လျှပ်စစ်မီးတွေဆောင်ရွက်ပေးရမယ့် ကိစ္စရပ်တွေမှာလည်း လျစ်လျူရှုခံနေရတယ်လို့ ဆန္ဒပြသူတွေက ပြော ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.