ဝ တပ် ဖွဲ့ နှင့် မိုင်းလားတပ်ဖွဲ့ စစ်ရေးတင်းမာမှု ဖြစ်ပွားနေ ဟု သျှမ်းသံတော်ဆင့်မှဖော်ပြ

ဓါတ်ပုံ- ၀ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယူချမ်းနှင့်မိုင်းလား တပ်ဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် အတွင်း အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့ ထိန်း ချုပ်နယ်မြေသို့ အထူးဒေသ ၂ မှ ၀ တပ်ဖွဲ့ဝင် များက စစ်ယာဉ်တန်းများ၊ သံချပ်ကာကားများ ဖြင့် စစ်အင်အားဖြည့်တင်းမှု တို့ကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်ကြား စက်တင်ဘာလကုန်ပိုင်းက စစ်ရေးတင်းမာမှု ဖြစ်ပွားသည်။

စစ်တင်ဘာ ၂၈ နံနက်ပိုင်းက ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တပ်ဖွဲ့ဝင်များက မိုင်းပေါက် အခြေစိုက် တပ်မဟာ ၄၆၈ မှ တိုက်ပွဲဝင်သံချပ်ကာကား ၅ စီး၊ တရုတ်လုပ် တုန်းဖိန်း ကားအမျိုးအစား စစ်ကားကြီး ၆၅ စီး စစ်သည်အင်အား ၆၀၀ ကျော် က မိုင်းလားတပ်ဖွဲ့ အမည်ရ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA-ESS ထိန်းချုပ်နယ်မြေအတွင်း သတင်းပေးပို့ခြင်းမရှိဘဲ ဝင်ရောက်လာ မှု ကြောင့် နှစ်ဘက်တပ်များ စစ်ရေးတင်းမာမှု ဖြစ်ပွားရခြင်းဖြစ်သည်။

“မဟာမိတ် က မဟာမိတ်ဘဲ။ ဘယ်သွားဘယ်လာ သတင်းတော့ ပို့ရမှာပေါ့။ ၀ နဲ့ ကျနော်တို့ ဆိုတာ လက်တွဲဖေါ် လက်တွဲဖက်တွေဘဲ။ ဒီတိုင်းလုပ်တာတော့ မဖြစ်သင့်ဘူးလေ။ နှစ်ဘက် လူကြီး အချင်းချင်း တိုက်ရိုက်ဆွေးနွေးနေတာလေ၊ ဒီ ၃-၄ ရက်အတွင်း စောင့်ကြည့်ရဦးမယ်” - ဟု အမည် မဖေါ်လိုသည့် ရှေ့တန်းနေ မိုင်းလား အရာရှိ တဦးက ပြောသည်။
“သတင်းပို့တာ မပို့တာတော့ မသိဘူး။ ကျနော်တို့က အမိန့်အရ လာရတာ။ အထက်အမိန့် မရရင်ပြန်ဆုတ်လို့မရဘူး” - ဟု ၀ တပ်ဖွဲ့ အရာရှိ တဦးဖြစ်သည့် ဦးဆိုင်းနတ် ကပြောသည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ မိုင်းလားတပ်ဖွဲ့၏ ကျိုဆားတပ်စခန်း၊ လွယ်ဆမ်ဆုမ်တပ်စခန်း၊ နှင့် ပန်မတ်ဖိုင်း ဂိတ်စခန်းအား ဝ တပ်ဖွဲ့က သိမ်းပိုက်လိုက်ထားကြောင်း၊ အမှတ် ၁၅ တပ်ရင်း လက်အောက်ခံ စစ်သည် ၁၅၁ ယောက်အား လည်း တပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်း ဆိုသည်။
တပ်မတော် စစ်ဖက်လုံခြုံရေးတပ်ဖွဲ့ ခေါင်းဆောင် ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် လက်ထက် ၂၀၀၉ ခုနှစ် က ၎င်းတို့ တပ်ဖွဲ့ဝင်များ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးစဉ် နယ်မြေ လုံခြုံရေး အရ ပူးတွဲ စခန်းချထားရန် မိုင်းလား နှင့် ၀တပ်ဖွဲ့တို့က သဘောတူညီမှုရယူထားသည်။

သို့သော် နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံ နှင့် ပတ်သက်၍ မိုင်းလားတပ်ဖွဲ့အပေါ် ၀ တပ်ဖွဲ့က ကျေနပ်မှုမရှိကြောင်း၊ သာမာန်အရာရှိတာ စေလွှတ်ရန် ၀တပ်ဖွဲ့၏ အကြံပေးချက်အား ငြင်းဆန်းပြီး မိုင်းလားတပ်ဖွဲ့ခေါင်း ဦးစိုင်းလင်း ကိုယ်တိုင် ညီလာခံပြီးမြောက်သည့်အထိ တက်ရောက်ခဲ့သည်။ ၀ တပ်ဖွဲ့မှာမူ ၂၁ ရာစု ပင်လုံညီလာခံသည် တန်းတူညီမျှမှုမရှိ ခွဲခြားဆက်ဆံမှု ခံရသည်ဟု ဆိုကာ ညီလာခံမှ နှုတ်ထွက် လာခဲ့သည်။

ဝ တပ်ဖွဲ့၊ မိုင်းလား တပ်ဖွဲ့၊ ဖုန်ကြားရှင်း ဦးဆောင်သည့် ကို့ကန့် တပ်ဖွဲ့တို့သည် တရုတ်ပြည်ထောက်ခံ အားပေးသည့် ဗမာပြည်ကွန်မြူနစ်တပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသည်။
မိုင်းလား NDAA အဖွဲ့ မှာ နယ်မြေသတ်မှတ်ပေးပါက နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးစာချုပ်အားလက်ခံသည်ဟု ၂၁ ပင်လုံတွင်ပြောဆိုထားသော်လည်း ဝ တပ်ဖွဲ့ မှာ NCA စာချုပ်အားလက်မှတ်မထိုးဟု မီဒီယာများကိုပြောဆိုထားသည်
တရုတ်မြန်မာနယ်စပ် စစ်ရေးအကဲခတ် တဦးကမူ ဝ တပ်ဖွဲ့ တပ်အပြောင်းအလဲလုပ်ခြင်းဖြစ်သည်ဟု ပြောဆိုသည်.

( သျှမ်းသံတော်ဆင့်မှ ကူးယူဖော်ပြသည်)
ဟွမ်ဟိန်း

The Ladies News

Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.