အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အား ပြည်ပရောက် မြန်မာလုပ်သားများအပေါ် ခေါင်းပုံဖြတ်မှုဖြင့် တရားစွဲထားဟု ဆို

အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊
မြန်မာ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် MOEAF ဥက့္ကဋ္ဌ ဦးမင်းလှိုင်၊ ဒုဥက္ကဋ္ဌ ဦးဝင်းထွန်းနှင့် အတွင်းရေးမှူး ဦးကျော်ထင်ကျော် တို့အား ပြည်ပရောက် မြန်မာအလုပ်သမားများအား အမြတ်ထုတ်မှု၊ ဆက်သွယ်ရေးနှင့် အာမခံဥပဒေများကို ချိုးဖောက်မှုဖြင့် ထိုင်းအခြေစိုက် အလုပ်သမား အခွင့်အရေး အဖွဲ့က တရားစွဲထားသည်ဟု သိရသည်။

တရားစွဲဆိုခံထားရသည့် အရာရှိများသည် ပြည်ပရောက် မြန်မာလုပ်သားများအား ထိုင်းနှင့် မလေးရှားနိုင်ငံသုံး SIM ကတ်များနှင့် အာမခံများ တရားမ၀င် ရောင်းချခဲ့သည်ဟု ထိုင်းအခြေစိုက် အလုပ်သမား အခွင့်အရေး အဖွဲ့ခေါင်းဆောင် ဦးကျော်သောင်းက ပြောကြားသည်။ MOEAF ၏ စာရင်းအရ လစဉ် မြန်မာနိုင်ငံသား ခုနစ်ထောင်ကျော်သည် မလေးရှားနှင့် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် သွားရောက်လျက်ရှိသည်ဟု ဆိုသည်။

ဦးကျော်သောင်းက “သူတို့ (အရာရှိများ) က ပွဲစားတွေနဲ့ပေါင်းပြီး အလုပ်သမားတွေကို အမြတ်ထုတ်နေပါတယ်။ ဒါကြောင့် တရားစွဲရတာပါ။ အလုပ်သမားတွေကို ကူညီဖို့ တာဝန်ရှိတဲ့ ၀န်ထမ်းတွေရဲ့ မသင့်တော်တဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ချင်တာပါ” ဟု ပြောကြားခဲ့ပြီး ၄င်းတို့ ၄ ဦးအား ကန့်ကွက်တိုင်ကြားသည့်စာကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ပေးပို့ခဲ့သည်ဟု ဆိုသည်။

MOEAF ဥက္ကဋ္ဌ ဦးမင်းလှိုင်က ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး “ကျွန်တော်တို့ Sim ကတ်တွေ မရောင်းပါဘူး။ အလုပ်သမားတွေကို အခမဲ့ပေးတာပါ” ဟု ဆိုသည်။ ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများ အခက်အခဲ ကြုံတွေ့ကာ ဖုန်းခေါ်ရန် လိုအပ်လာပါက အထောက်အကူ ဖြစ်စေရန် Sim ကတ်ပေးခြင်းကို ယခင်အစိုးရ လက်ထက်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနက ချမှတ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ရွှေ့ပြောင်းလုပ်သားများအား အသက်အာမခံ ရောင်းချခြင်းသည် တရားဝင်ပြီး မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာပေါ် အခြေခံ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်ပရောက် အလုပ်သမားများ လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရပါက လျော်ကြေးပေးရန် ယခင် အလုပ်သမားဝန်ကြီးက သဘောတူခဲ့ခြင်း ဖြစ်သည်ဟု ဦးမင်းလှိုင်က ပြောကြားသည်။

KHTun

Ref - Bangkok Post
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.